/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးတိုးသမားတွေအတွက်-အန္တရာယ်ရှိတဲ့-အစားအသောက်များ

သွေးတိုးသမားတွေအတွက် အန္တရာယ်ရှိတဲ့ အစားအသောက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သွေးတိုးရောဂါဖြစ်လာတဲ့အခါ နုံးနေတာ၊ ခေါင်းတစ်ခြမ်းကိုက်တာနဲ့ နောက်ဆုံး နှလုံးညှစ်အား နည်းလာတာတွေအထိ ဖြစ်နိုင်ပါတယ်။ တချို့သော သွေးတိုးသမားတွေမှာတော့ ဘာရောဂါလက္ခဏာမှ မပြတာလည်း ရှိနိုင်ပါတယ်။
လေ့ကျင့်ခန်းလုပ်တာဟာ သွေးခုန်နှုန်းကို မြန်စေပြီး ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ဆားတွေနဲ့ သကြားတွေကို စွမ်းအင်အဖြစ် အသုံးချပေးတဲ့ သဘာဝနည်းလမ်းကောင်းတစ်ခုပါ။  သွေးတိုးရောဂါကို ကာကွယ်ဖို့  လေ့ကျင့်ခန်းလုပ်ခြင်းအပြင် အောက်ပါစားစရာတွေကို ရှောင်ရှားဖို့ လိုပါတယ်။

၁။  ခွန်အားဖြည့်အချိုရည်
ခွန်အားဖြည့်အချိုရည်ဆိုတာ ဆိုဒါထပ်ဖြည့်ထားတဲ့ ကော်ဖီလိုပါပဲ။ ဘူးလေးတစ်ဘူး သောက်လိုက်တာနဲ့တင် သွေးပေါင်ကို ထိုးတက်စေနိုင်ပါသတဲ့။

၂။  ပီဇာ
ပီဇာမှာ ချိစ်တွေ၊ ခရမ်းချဉ်သီးဆော့စ်အငန်တွေ အများကြီးပါတာမို့ ဆိုဒီယမ်နဲ့ ကစီဓာတ်အပြည့်ပဲပေါ့။ ပီဇာတစ်ချပ်ကတင် သွေးတိုးစေနိုင်တယ်နော်။

၃။  ပြုပြင်ထားတဲ့အသား
ဝက်အူချောင်းတို့၊ ကြက်သားလုံးတို့လိုမျိုး ပြုပြင်ထားတဲ့အသားတွေဟာ ဆိုဒီယမ်နဲ့ ပြည့်ဝဆီတွေ ပြည့်နေတာမို့ သွေးတိုးသမားတွေနဲ့ မသင့်တော်ပါဘူး။

၄။  အသင့်စားခေါက်ဆွဲ
အသင့်စားခေါက်ဆွဲတွေဟာ ဈေးပေါပြီး ချက်ပြုတ်ရ လွယ်ကူပေမယ့် ခေါက်ဆွဲတစ်ဘူးမှာ ဆိုဒီယမ် ၁၅၈၀ ဂရမ်ခန့် ပါဝင်တာမို့ မစားခင်သတိထားဖို့ လိုပါတယ်နော်။

၅။  အရက်
အရက်ဟာ သွေးကြောတွေ ကျဉ်းစေနိုင်တာမို့ နှလုံးက အလုပ်ပိုလုပ်ရပြီး သွေးတိုးစေနိုင်ပါတယ်။

၆။  အသင့်စားဟင်းချို
အသင့်စားဟင်းချိုတစ်ခွက်မှာ ဆိုဒီယမ် ၈၀၀ မီလီဂရမ်ပါတာမို့ ဖြစ်နိုင်ရင် ရှောင်သင့်ပါတယ်။

၇။  အဆီပြည့်နို့
ပြည့်ဝဆီတွေ အပြည့်ပါတာမို့ သတိထားဖို့ လိုပါတယ်။

၈။  အာလူးချောင်းကြော်
အာလူးချောင်းကြော်မှာ ဆိုဒီယမ်နဲ့ ပြည့်ဝဆီတွေ အများကြီးပါပါတယ်။ အာလူးချောင်းကြော်ကို အကြိမ်ကြိမ် ပြန်ကြော်ပြီးတော့ အပေါ်က ဆားဖြူးထားတာမို့ပါ။

၉။  ကြက်အရေခွံ
ဆီနဲ့မကြော်၊ ထောပတ်နဲ့မကြော်သေးဘဲနဲ့တောင် ကြက်အရေခွံမှာ ပြည့်ဝဆီတွေ အများကြီး ပါပါတယ်။ ကြော်လိုက်တော့ ဆီတွေစုပ်သွားပြီး ပိုဆိုးတာပေါ့။

၁၀။  မြေပဲထောပတ်
မြေပဲထောပတ်မှာ ဆိုဒီယမ်တွေ အများကြီးပါတယ် ထင်ရပေမယ့် တကယ်ဒုက္ခပေးတာက ပြည့်ဝဆီပါ။

၁၁။  ဆိုဒါ
ဆိုဒါကို သကြားဖျော်ရည်လို့တောင် ဆိုနိုင်ပါတယ်။ ဆိုဒါတစ်ဘူးလောက် သောက်ရုံနဲ့ သွေးပေါင်တွေ ထိုးတက်နိုင်ပါတယ်။ စွဲလမ်းတတ်တယ်ဆိုပေမယ့် ဖြစ်နိုင်ရင် ရေပဲသောက်ပါ။

၁၂။  ချိစ်
ချိစ်က တကယ်အရသာရှိတဲ့ အစားအစာပါပဲ။ ဒါပေမဲ့ ကျန်းမာရေးအတွက်တော့ လုံးလုံးမကောင်းပါဘူး။ Chedder chese တစ်ဂရမ်မှာ ဆိုဒီယမ် ၆၂၁ ဂရမ် ပါပါတယ်။ ပီဇာမှာ ချိစ် ၁၀ ဂရမ်လောက် ထည့်စားလိုက်ရင် ဆိုဒီယမ် ၆၂၁၀ ဂရမ် ဖြစ်သွားပါပြီ။ ဒီပမာဏဟာ တကယ်စားရမှာထက် ၆ ဆလောက် ပိုများနေပြီပေါ့။

၁၃။  ကော်ဖီ
ကော်ဖီမှာ ဆားတွေ၊ ပြည့်ဝဆီတွေ မပါပေမယ့် လူကိုလန်းနေအောင် သွေးတွေ အများကြီး ညှစ်ထုတ်ပေးရလို့ သွေးတိုးစေနိုင်ပါတယ်။

၁၄။  အကြော်အလှော်
အကြော်အလှော်တွေဟာ အရသာရှိပေမယ့် ပြန်ကြော်ဆီတွေက အန္တရာယ်ရှိပါတယ်။

၁၅။  ပေါက်ပေါက်ဆုပ်
ပေါက်ပေါက်ဆုပ် တစ်ခါစားစာမှာ ဆိုဒီယမ် ၁၀၅၈ မီလီဂရမ်လောက်ပါတာမို့ ပုံမှန်လိုအပ်ချက်ရဲ့ ၃ ပုံ ၂ ပုံလောက် ဖြစ်နေပါပြီ။

Dr. Mya Phoo Ngon (www.drmyanmar.com)