/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/သွေးလွန်တုပ်ကွေးဆိုတာ-ကလေးတွေမှာပဲ-ဖြစ်တာ-မဟုတ်ပါ

သွေးလွန်တုပ်ကွေးဆိုတာ ကလေးတွေမှာပဲ ဖြစ်တာ မဟုတ်ပါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          မိုးလေးက တဖျောက်ဖျောက်၊ ခြင်လေးတွေက ပွား၊ လူတွေ ဖျားကြနာကြတဲ့ အချိန်မှာ  သွေးလွန်တုပ်ကွေး လူသတ်လက်နက်ဆိုးအကြောင်း တင်ပြပေးလိုက်ပါတယ်။

 

>>    ကလေးပဲ သွေးလွန်တုပ်ကွေးဖြစ်တာလား?

          သွေးလွန်တုပ်ကွေးဆိုတာ လူကြီးတွေမှာပါ ဖြစ်နိုင်ပါတယ်။ လူကြီးတွေ သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ ဖျားတာအပြင် -

•        ခေါင်းကိုက်တယ်။

•        မျက်လုံးတွေ ကိုက်တယ်။

•        အသားတွေ နာတယ်။

•        အဆစ်တွေ ကိုက်တယ်။

•        တစ်ကိုယ်လုံးမှာ အပိန့်တွေ ထလာတယ်။

•        သွေးတွင်းက သွေးခဲစေတဲ့ဓာတ်က အောက်ဆုံးထိ ထိုးကျသွားပြီး အရေးပေါ် သွေးသွင်း ရတတ်ပါတယ်။

          လူကြီးတွေ သွေးလွန်တုပ်ကွေး ဖြစ်ပြီဆိုရင်တော့ လုံးဝသေလုမျောပါး ခံစားရတော့တာပါပဲ။ ခေါင်းကိုက်တာက ဘာနဲ့မှကိုမတူအောင် ပြင်းထန်ပြီး တစ်ကိုယ်လုံး အားတွေ ဆုတ်သွားပြီး မတ်တတ်ကနေ လဲမလိုထိ ခံစားရတတ်ပါတယ်။ သွေးလွန်တုပ်ကွေး ခံစားဖူးသူတစ်ယောက်ရဲ့ ကိုယ်တွေ ့လေးတစ်ခု ဖတ်ကြည့်ပါဦး။

 

==========================================================

 

          ပျော်စရာသိပ်ကောင်းတဲ့ ခရီးစဉ်မှာ မောင်နဲ့ သူမနဲ့ သာသာယာယာပဲ၊ အလှအပတွေကို ခံစားရင်း ဘဝသစ်လေးတစ်ခုမှာ အမေ့မေ့ အလျော့လျော့ ပျော်နေခဲ့ကြတယ်။ ပြန်ချိန်တန်လို့ ပြန်လာခဲ့ရပေမယ့် တကယ်တော့ မပြီးဆုံးချင်သေးတဲ့ အမှတ်တရတွေထဲမှာ အဲဒီက အကြောင်းတွေကို ထိပ်ဆုံးက တင်ရလိမ့်မယ် ထင်တယ်။

          ပြန်ရောက်တဲ့မနက်ထိ လူက ကျန်းကျန်းမာမာပဲ။ ဇာတ်လမ်းက တနင်္ဂနွေနေ့ကျမှ စပါတယ်။ သူမ နိုးလာတော့ အဆစ်တွေ အရမ်းကိုက်နေတယ်။ အရေပြားတွေလည်း နာကျင်နေတယ်။ တုပ်ကွေးလို့ပဲ မှတ်ယူပြီး ပါရာစီတမောလေး သောက်ပြီး နားနေဖြစ်တယ်။ နားပေမယ့် အဆင်မပြေပါဘူး။ ကြာသပတေးနေ့ကျတော့ သူမ လမ်းကို မလျှောက်နိုင်တော့ဘူး။ တစ်ကိုယ်လုံးပျော့ပြီး အားတွေ အကုန်ဆုတ်ယုတ်သွားသလိုပဲ။ မဟန်ဘူးဆိုပြီး ဆေးရုံ ချက်ချင်းပို့ပေးကြပါတယ်။ ချက်ချင်းပဲ ဆရာဝန်တွေကို ရောက်လာတယ်။  သိပ်မကြာတဲ့ အချိန်လေးအတွင်းမှာပဲ သူမမှာ သွေးလွန်တုပ်ကွေး ဖြစ်နေပြီ ဆိုတဲ့အကြောင်း အတည်ပြုခဲ့ကြပြီလေ။

          တစ်ခါမှ မကြုံဘူးတဲ့ ကြောက်စရာ အကောင်းဆုံးရောဂါလို့ ခရီးက အပြန် ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ယောက်က ရင်ဖွင့်ထားတာပါ။

 

==========================================================

 

          မိုးရာသီမှာ မိတ်ဆွေတွေအတွက် အဲဒီသွေးလွန်တုပ်ကွေးဆိုတဲ့ရောဂါ ကာကွယ်ဖို့ အကြံကောင်းတွေ ပေးပါရစေ။

●        ညရော၊ နေ့ရော အေးဆေး သက်သာ နားမယ်ဆို ခြင်ထောင်လေးပါ,ပါစေ။

●        အိ်မ်နေရင်း ပါးပါးလျားလျား၊ ပွပွချောင်ချောင်လေးတွေ ဝတ်ပါ။ ဥပမာ - ဂါဝန်လိုပွပွလေးတွေဆို လမ်းလျှောက်တိုင်း တလွင့်လွင့်နဲ့ဆိုတော့ ခြင်တွေ မကပ်ဘူး။

●        အရေပြားဖြန်းတဲ့ ခြင်ဆေးတွေ၊ လူးဆေးတွေ ခြင် မကပ်နိုင်တဲ့ အထူးထုတ် ချည်ထည်လေးတွေ ဆောင်စေချင်တယ်။

●        အကျႌရေစိုတွေ၊ ရေ အကြွင်းအကျန်တွေကို တစ်ခါတည်း လှယ်ပစ် သွန်စေချင််တယ်။ ဘယ်က ရောက်လာမှန်းမသိတဲ့ သွေးလွန်တုပ်ကွေးခြင်က ကိုယ့်ရဲအေးချမ်းတဲ့ဘ၀လေးကို ပျက်စီးစေမယ်လေ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)