အစာကောင်းကောင်းကြေညက်စေဖို့ အစားမစားခင် ဒါတွေလုပ်ပါ
အစာစားပြီးတိုင်း နေလို့မကောင်းဘဲမသက်မသာဖြစ်နေတယ်ဆိုရင် ဒါက ပြသနာတစ်ခုခုရှိလို့ပါ။ အစားအစာနဲ့ဓာတ်မတည့်ခြင်း၊ အစာခြေပြသနာစသည်ဖြင့် အစာစားပြီးတိုင်း အဆင်မပြေမှုတွေကို ဖြစ်စေတဲ့အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ ဒါပေမယ့်လည်းအများအားဖြင့် မိမိရဲ့အစာစားတဲ့အလေ့အကျင့်ကြောင့် အစာစားပြီးတိုင်းဆိုးကျိုးတွေဖြစ်စေတတ်ပါတယ်။
ဥပမာအားဖြင့် အစာကိုမြန်မြန်နဲ့ သေချာကြေညက်အောင်ဝါးမစားဘူးဆိုရင် ဗိုက်ကယ်ခြင်း အစာမကြေခြင်းတွေကိုဖြစ်စေပါတယ်။ အစာစားပြီးတိုင်းခံစားရတဲ့ဝေဒနာတွေကြောင့်စိတ်ညစ်နေရတယ်ဆိုရင် အစာမစားမီမှာ အောက်ပါအချက်တွေကိုပြုလုပ်ပေးခြင်းဖြင့် ကောင်းမွန်စေနိုင်ပါတယ်။
Kremil-S 1
>> အစားမစားမီ ပြုလုပ်သင့်သောအချက်များ
1. ရေသောက်ပါ။ - အစာကောင်းကောင်းချေနိုင်ဖို့အတွက် အစာချေစနစ်မှာ ရေဓာတ်ပြည့်ဝနေဖို့လိုအပ်ပါတယ်။ ရေက အစာမာတွေကို ချေဖျက်ဖို့နဲ့ အာဟာရဓာတ်တွေပိုပြီးကောင်းကောင်းစုပ်ယူနိုင်ဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ရေကိုအစာမစားမီသောက်ဖို့အရေးကြီးပါတယ်။ အစာစားနေတုန်းရေသောက်ရင် အစာချေဖို့လိုအပ်တဲ့ အစာအိမ်ကအက်ဆစ်တွေကို အားပျော့သွားစေနိုင်ပါတယ်။
2. အရက်လျှော့သောက်ပါ။- အရက်က ဇီဝကမ္မဖြစ်စဉ်ကိုနှေးကွေးစေတဲ့အတွက် အစာချေဖျက်ခြင်းကိုနှေးစေပါတယ်။ အရက်သောက်ရင်းအစားစားခြင်းက အစာအိမ်ထဲမှာ အရက်နေချိန်ပိုကြာစေပါတယ်။
Kremil-S 2
3. လက်ဖက်စိမ်းရည်သောက်ပါ။ - လက်ဖက်စိမ်းမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှုမြင့်မားတဲ့အတွက် ဇီဝကမ္မဖြစ်စဉ်ကိုကောင်းမွန်စေခြင်းနဲ့အတူ ရောင်ရမ်းခြင်းတွေလျော့ကျစေဖို့အထောက်အကူဖြစ်စေပါတယ်။ အစားမစားမီ မိနစ် ၃၀ အလိုမှာ ရေနွေးကြမ်း၊ လက်ဖက်စိမ်းရည်သောက်ထားခြင်းဖြင့် အစာခြေခြင်းကိုကောင်းမွန်စေပါတယ်။
4. အစာမစားမီ ခါးတဲ့အစားအစာတွေစားပါ။ - ခါးတဲ့အစားအစာတွေပါဝင်တဲ့ အစားစားချင်စိတ်ဖြစ်စေတဲ့ဆေးက အစာချေစနစ်ကို လှုံ့ဆော်ပေးပါတယ်။ ဥပမာ- ပန်းသီးရှာလကာရည် (apple cider vinegar) တစ်ဇွန်းကို ရေနဲ့သောက်ပေးခြင်းဖြင့် အစားအစာတွေကိုကောင်းကောင်းရွေ့လျားစေပါတယ်။ ချဉ်တဲ့အစားအစာတွေကလည်း အစာချေရည်ပိုထွက်စေပြီး အစာချေခြင်းကိုကောင်းမွန်စေပါတယ်။ အစားအစာမှာ သံပုရာရည်ထည့်ပြီးစားတာလည်း အကြံဉာဏ်ကောင်းတစ်ခုပါပဲ။
ဒီရိုးရှင်းလှတဲ့နည်းလမ်းလေးတွေကိုနေ့စဉ်ကျင့်သုံးမယ်ဆိုရင် အစာချေခြင်းကိုပိုကောင်းမွန်စေကာ ဗိုက်ကယ်ခြင်း၊ လေပွခြင်း၊ အစာမကြေခြင်းနဲ့ အစာစားပြီးနောက်ခံစားရတဲ့ အခြားအစာခြေလက္ခဏာတွေကို လျော့ကျစေပါလိမ့်မယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















