/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာမကြေ-လေပွလေကယ်-ဖြစ်တဲ့အခါ

အစာမကြေ လေပွလေကယ် ဖြစ်တဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

အစာစားပြီးချိန်မှာ အစာမကြေ လေပွလေကယ်ဖြစ်ပြီး ဗိုက်ထဲ အီလည်လည်ဖြစ်တတ်တဲ့လက္ခဏာဟာ လူဦးရေ ၃၀% လောက်မှာ ခံစားရတတ်တယ်လို့ ဆိုပါတယ်။

အောက်ဖော်ပြပါလက္ခဏာတွေထဲက တစ်ခုနဲ့အထက်ရှိရင် အစာမကြေ လေပွလေကယ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။
●  အစာအိမ်လမ်းကြောင်းမှာ မီးစနဲ့ထိုးသလို ပူလောင်ခြင်း
●  အစာစားပြီးနောက်မှာ တအားပြည့်အင့်နေခြင်း
●  စားနေရင်း ခဏလေးနဲ့ ဗိုက်ပြည့်မြန်ခြင်း
●  အစာခြေလမ်းကြောင်းမှာ နာကျင်ခြင်း
●  လေပွတာ၊ ပျို့တာမျိုးလည်း ရှိနိုင်ပါတယ်။
အများကြီးမစားမိဘဲနဲ့လည်း ဒီလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

Kremil-S 1

>>  အများဆုံးဖြစ်လေ့ရှိတဲ့ အကြောင်းရင်းတွေကတော့ -
●  အစားအသောက်
●  ဆေးလိပ်သောက်ခြင်း
●  အဝလွန်ခြင်း
●  စိတ်ဖိစီးမှုများခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် အစာအိမ်အချဉ်ပြန်ရောဂါ၊ အစာအိမ်အူသိမ်အနာ၊ အစာအိမ်ကင်ဆာ၊ အကိုက်အခဲပျောက်ဆေးနဲ့ ပိုးသတ်ဆေးတချို့၊ အဝလွန်ခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ အသည်းရောဂါ၊ အစာအိမ်ရောင်ခြင်း၊ H.pylori ပိုးဝင်ခြင်းနဲ့ အခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Kremil-S 2

>>  ကုသနည်းများ
ကုသနည်းတွေကတော့ ဖြစ်စေတဲ့အကြောင်းရင်းနဲ့ ဘယ်လောက်ဆိုးလဲပေါ်မှာ မူတည်ပါတယ်။ အောက်ခံအကြောင်းရင်းကို ကုသလိုက်ရင် သက်သာသွားတတ်ပါတယ်။
လက္ခဏာအပျော့စားဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ သက်သာပျောက်ကင်းနိုင်ပါတယ်။
●  အကြော်အလှော်တွေ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချောကလက်စတဲ့ ပိုဆိုးစေတဲ့ အစားအသောက်တွေကို ရှောင်ခြင်း
●  ဆိုဒါအစား ရေသောက်ခြင်း
●  ကဖိန်း၊ အရက်ကို ရှောင်ခြင်း
●  နည်းနည်းနဲ့ မကြာမကြာ စားပေးခြင်း
●  ဖြည်းဖြည်းစားပေးခြင်း
●  သင့်တင့်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း
●  အင်္ကျီအကျပ်ဝတ်တာကို ရှောင်ခြင်း
●  အိပ်ရာမဝင်ခင် ၃ နာရီအလိုမှာ အစာမစားတော့ခြင်း
●  အိပ်ရာခေါင်းရင်းကိုမြှင့်ခြင်း
●  ဆေးလိပ်ဖြတ်ခြင်း
ရောဂါလက္ခဏာ ပိုဆိုးသူတွေမှာတော့ သေချာစစ်ဆေးကုသမှုတွေ လိုအပ်တာမို့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)