/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်ထဲက-ဆူညံသံတွေ

အစာအိမ်ထဲက ဆူညံသံတွေ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကျွနု်ပ်တို့ရဲ့ခန္ဓာကိုယ်က တစ်ချိန်လုံး အသံတွေ ထွက်နေပါတယ်။ ဟောက်သံ၊ လေတက်သံ၊ လေလည်သံနဲ့ တစ်ခါတလေမှာ အဆစ်တွေကနေ အသံတွေ ထွက်တတ်ပါသေးတယ်။ ဒီတော့ ဒီလိုခန္ဓာကိုယ်အတွင်းထဲက အသံတွေက ပုံမှန်ပဲလား၊ မကောင်းဘူးလား သိထားသင့်ပါတယ်။

          ဗိုက်ထဲက အသံမြည်တိုင်း ဗိုက်ဆာနေတယ်လို့ မဆိုလိုပါဘူး။ အူသိမ်နဲ့ အူမကြီးတွေထဲမှာ လေနဲ့အရည်တွေ ရွေ့လျားနေတဲ့အခါမှာ ဗိုက်ထဲကနေပြီး " ဂွီ " ဆိုတဲ့အသံ ထွက်လာစေပါတယ်။

          အစာချေလမ်းကြောင်းထဲမှာ အစာတွေ ရွေ့လျားနေတဲ့အခါမှာ အစာအိမ်ကြွက်သားနဲ့ အူသိမ်တွေက ကျုံ့ပြီးတော့ အစာတွေကို အရှေ့ကို ရွေ့စေဖို့ တွန်းထုတ်ပါတယ်။ ဒီအသံကို အစာအိမ် ပြည့်နေတဲ့အချိန်မှာရော အစာအိမ်ထဲမှာ ဘာမှမရှိတဲ့အချိန်မှာပါ ထွက်လာတတ်ပါတယ်။ အစာအိမ်ထဲမှာ အစာမရှိတော့ဘဲ ၂ နာရီလောက် ကြာလာတဲ့အခါမှာ ဦးနှောက်နေပြီးတော့ အစာချေစနစ်ဆီကို အချက်ပေးပြီးတော့ အစာရွေ့လျားမှုကို ထပ်ဖြစ်စေပါတယ်။ ဒီလိုမျိုး အစာမရှိတဲ့အစာအိမ်ရဲ့ ကျုံ့ခြင်းတွေနဲ့ တုန်ခါမှုတွေက ဆာလောင်မှုကို ဖြစ်စေပြီး အစာမရှိတဲ့အတွက် ထွက်လာတဲ့အသံကို ဘာကမှ ဖုံးမထားနိုင်တဲ့အခါမှာ " ဂွီ " ဆိုတဲ့အသံကို ပိုကျယ်လောင်စေပါတယ်။

Kremil-S 1

          အစား မြန်မြန်စားတဲ့အခါ (သို့) အစားစားရင်း စကားပြောတဲ့အခါမှာ လေတွေ အများကြီး မျိုချမိပြီးရင်လည်း ဗိုက်ထဲကအသံတွေ ပိုထွက်တတ်ပါတယ်။

          အစာအိမ်ထဲက အသံထွက်စေတဲ့ နောက်ထပ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းတစ်ခုကတော့ အစာကောင်းကောင်း မချေနိုင်လု့ိ ဖြစ်ပါတယ်။ သကြားမပါတဲ့ ပီကေတွေနဲ့ ဝိတ်လျှော့တဲ့ ဆိုဒါတွေမှာ ပါလေ့ရှိတဲ့ fructose နဲ့ သကြားအစားထိုး အချိုခဲတွေမှာ အူကနေပြီး စုပ်ယူဖို့ခက်တဲ့ sugar alcohol တွေ ပါဝင်ပါတယ်။ lactose နဲ့ ဓာတ်မတည့်တဲ့သူတွေနဲ့ အူမကြီးရောဂါ ရှိသူတွေမှာ ဝမ်းဗိုက်ကနေ အသံထွက်တာ ပိုများပါတယ်။

          ဒီလိုဝမ်းဗိုက်က အသံထွက်တာက နေထိုင်ရ မသက်သာဖြစ်စေပြီး လူကြားထဲမှာ ရှက်ဖို့ကောင်းတယ် ဆိုပေမယ့်လည်း ဒါက အူကောင်းကောင်းအ လုပ်လုပ်တယ်ဆိုတဲ့ လက္ခဏာပါပဲ။ ဒီလိုဆိုပေမယ့်လည်း အစာအိမ်အသံတွေက ပိုပြီးကြီးမားတဲ့ပြဿနာတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။

          ဝမ်းဗိုက်အသံထွက်တာ ပုံမှန်ပဲ ဆိုပေမယ့်လည်း တခြားရောဂါလက္ခဏာတွေနဲ့ တွဲဖြစ်တယ် ဆိုရင်တော့ သေချာစောင့်ကြည့်ဖို့ လိုပါတယ်။ ဥပမာ - ဗိုက်အောင့် ဗိုက်နာတာနဲ့အတူ အသံတွေ အရမ်းထွက်နေခြင်း၊ ပျို့ခြင်း၊ အန်ခြင်းတွေက အူပိတ်တဲ့လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစားအစာနဲ့ ဓာတ်မတည့်ခြင်း၊ အူသိမ်ထဲမှာ ဘက်တီးရီးယားပိုး ပေါက်ဖွားမှု များလွန်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

          အစာအိမ်ထဲက အသံတွေကို လျော့ကျစေဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းနှစ်မျိုးကတော့ -

1.       ဂက်စ်ပါတဲ့ အချိုရည်တွေက အူထဲမှာ ဂက်စ်တွေ များစေတဲ့အတွက် ဒါတွေကို ရှောင်ပါ။

2.       အစာချေရာမှာ အထောက်အကူ ဖြစ်စေဖို့နဲ့ အူလှုပ်ရှားမှု ကောင်းစေဖို့အတွက် အစာစားပြီးရင် လမ်းနည်းနည်း လျှောက်ပါ။

          ဝမ်းဗိုက်ထဲက မြည်သံတွေနဲ့အတူ တခြားရောဂါလက္ခဏာတွေကိုပါ ခံစားရပါက ဆေးခန်းသွားပြပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)

Kremil-S 2












Dr. Mya Myo Myo Swe (www.drmyanmar.com)