အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းအန္တရာယ်
အူလမ်းကြောင်းက သွေးယိုစိမ့်တာဟာ အစာခြေလမ်းကြောင်းမှာ ရောဂါတစ်စုံတစ်ခု ဖြစ်နေတာကို ပြတာဖြစ်ပါတယ်။ ဘာမှမသိသာ၊ မမြင်ရတာရှိသလို မြင်ရရင်လည်း ဝမ်းအမည်းရောင်အဖြစ်၊ ကော်ဖီရောင်၊ အမည်းရောင်အန်တာအဖြစ် မြင်ရတတ်ပါတယ်။ အခြေအနေဆိုးရင် သွေးရဲရဲအနေနဲ့ ထွက်လာပါလိမ့်မယ်။
ဘယ်နားမှာသွေးထွက်နေလဲဆိုတာကိုရှာဖို့လိုအပ်ပြီး ဖြစ်တဲ့နေရာပေါ်မူတည်ပြီး ကုသမှုပေးရပါတယ်။
>> အစာအိမ်နဲ့ အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းလက္ခဏာတွေကတော့ -
● သွေးအနီရောင် အန်မယ်၊ ကော်ဖီရောင် အန်ခြင်း
● ကတ္တရာစေးလို ဝမ်းအမည်းတွေသွားခြင်း
● စအိုကနေ သွေးထွက်ခြင်း စတာတွေနဲ့ လာနိုင်ပါတယ်။
>> သွေးက အပြင်ကိုထွက်မလာဘဲ အတွင်းမှာ သွေးယိုစိမ့်နေတာဆိုရင်တော့ -
● ခေါင်းမူးတာ
● မောတာ
● မေ့လဲတာ
● ရင်ဘတ်အောင့်တာ
● ဗိုက်အောင့်တာတွေ ခံစားရပါတယ်။
Kremil-S 1
သွေးထွက်များရင်ဖြစ်ဖြစ်၊ အကြာကြီး သွေးယိုစိမ့်နေရင်ဖြစ်ဖြစ် shock ရတာ (သွေးလန့်တာ) ဖြစ်နိုင်ပါတယ်။
>> သွေးလန့်တဲ့လက္ခဏာတွေကတော့ -
● သွေးပေါင်ကျတာ
● ဆီးမထွက်တာ၊ ဆီးသွားနည်းတာ
● သွေးခုန်နှုန်းမြန်တာ
● သတိလစ်တာ စတာတို့ဖြစ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြရမလဲဆိုရင်
အထက်က ဖော်ပြခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုခုဖြစ်တာနဲ့ ဆေးရုံ၊ ဆေးခန်းပြသရပါမယ်။
>> အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ -
** အူလမ်းကြောင်း အပေါ်ပိုင်းသွေးထွက်တာဆိုရင်
● အစာအိမ်အနာဖြစ်တာ
● အစာမျိုတဲ့ပြွန်မှာ အနာ၊ စုတ်ပြဲတာတစ်ခုခုဖြစ်တာ
● အစာရေပြွန် ရောင်ရမ်းတာကြောင့်ဖြစ်နိုင်ပြီး
** အူလမ်းကြောင်း အောက်ပိုင်းဆိုရင်
● အူမကြီးရောင်ရမ်းတာ
● ကင်ဆာ
● အစာဟောင်းအိမ်မှာ အလုံးအကျိတ်ဖြစ်တာ
● လိပ်ခေါင်းဖြစ်တာ
● စအိုကွဲတာ
● စအို ရောင်ရမ်းတာ စတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်။
Kremil-S 2
>> သွေးထွက်ရာကနေ ဘာတွေဖြစ်လာနိုင်လဲဆို -
● သွေးအားနည်းတာ
● သွေးလန့်တာ
● သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။
>> အစာအိမ်နဲ့အူလမ်းကြောင်း သွေးယိုစိမ့်ခြင်းကို ဘယ်လိုကာကွယ်ကြမလဲ?
● အကိုက်အခဲပျောက်ဆေးတွေ အလွန်အကျွံ မသုံးပါနဲ့
● အရက် လျှော့သောက်ပါ
● ဆေးလိပ်သောက်ရင် ဖြတ်ဖို့ကြိုးစားပါ
● အူလမ်းကြောင်းရောဂါရှိရင် ဆရာဝန်နဲ့ပြသပါ။
Dr. Htar (www.drmyanmar.com)















