/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာအိမ်အနာဖြစ်ရင်-ဘယ်လိုရောဂါလက္ခဏာတွေ-ခံစားရနိုင်သလဲ

အစာအိမ်အနာဖြစ်ရင် ဘယ်လိုရောဂါလက္ခဏာတွေ ခံစားရနိုင်သလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

            အစာပြွန်၊ အစာအိမ်၊ အူသိမ်ဦးပိုင်၊ အူသိမ်၊ အူမကြီး စတဲ့ အစာခြေလမ်းကြောင်း တလျှောက်မှာ ဖြစ်တဲ့အနာတွေကို အပူကန်နာ (သို့) စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့အနာတွေလို့ ခေါ်ပါတယ်။ ဒီအနာတွေက ဘက်တီးရီးယားပိုး၀င်လို့ (သို့) အစာအိမ်ကနေ အက်ဆစ်ထုတ်တာများစေတဲ့ ရောဂါ တစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆေးတစ်မျိုးမျိုးရဲ့ ဘေးထွက်ဆိုးကျိုး (သို့) အစာခြေလမ်းကြောင်းကို ဒဏ်ရာရစေတဲ့ ထိခိုက်မှုတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အနာဖြစ်တာတော့ မဟုတ်ပေမယ့် စိတ်ဖိစီးမှုတွေက ဒီအနာကို ပိုဆိုးစေနိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ ခံစားရရင်တော့ ဆရာ၀န်ဆီသွားပြီး ကုသမှုခံယူရပါမယ်။

 

1.       ဗိုက်အောင့်ခြင်း၊ ရင်ပူခြင်း

          ဒီအနာတွေမှာ အဖြစ်များဆုံး ရောဂါလက္ခဏာကတော့ အစာအိမ်နဲ့ ရင်သားကြားနေရာတွေမှာ ပူပြီး နာခြင်း၊ အောင့်ခြင်းတွေ ခံစားရတာ ဖြစ်ပါတယ်။ အစာအိမ်ထဲက အက်ဆစ်တွေက အနာနဲ့ ထိတွေ့တဲ့အခါမှာ မိနစ် (သို့) နာရီ အတော်ကြာအောင် နာကျင်ခြင်းတွေ ဖြစ်စေပါတယ်။ ရင်ပူတာတွေ၊ ဗိုက်အောင့်တာတွေက အစာအိမ်ထဲမှာ အစာမရှိရင် (သို့) ညဘက်တွေမှာ ပိုဆိုးတတ်ပါတယ်။

            စိတ်ဖိစီးမှုတွေကို ထိန်းချုပ်နိုင်ရင် အနာကို ပျောက်ကင်းအောင် မကုသနိုင်သော်လည်း ခံစားနေရတဲ့ ရောဂါလက္ခဏာတွေကိုတော့ သက်သာစေပါလိမ့်မယ်။ နေ့တိုင်း အချိန်အနည်းငယ်ပေးပြီးတော့ စိတ်ဖိစီးမှု ဖြေလျှော့ခြင်းနဲ့ တရားထိုင်ခြင်းတွေ ပြုလုပ်ပေးမယ်ဆိုရင် ကုသမှုကို အထောက်အကူပြုနိုင်ပါတယ်။

 

2.       ပျို့အန်ခြင်း

            ပျို့အန်ခြင်း၊ ၀မ်းဗိုက် မအီမသာဖြစ်ခြင်း၊ လေချဉ်တက်ခြင်း၊ ဗိုက်ကယ်ခြင်း စတာတွေကလည်း အစာအိမ်အနာရဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။ ဒီရောဂါလက္ခဏာတွေက ရက်အတော်ကြာ (သို့) ရက်သတ္တပတ် အတော်ကြာအောင် ခံစားရရှိနိုင်သလို ရောဂါလက္ခဏာ လုံး၀ပြန်ပျောက်သွားတာမျိုးလည်း ဖြစ်ပါတယ်။

 

3.       အစာအိမ် သွေးယိုစီးခြင်း

          အစာအိမ်အနာ 10 ခုမှာ 9 ခုလောက်က ဘက်တီးရီးယားပိုးကြောင့် ဖြစ်လေ့ရှိပြီး ပိုးသတ်ဆေး တစ်ပတ် (သို့) နှစ်ပတ်သောက်ရင် ပျောက်ကင်းနိုင်ပါတယ်။ ဆေးတွေကြောင့် ဖြစ်တာဆို ရင်တော့ ဆေးပြောင်းသောက်ခြင်း (သို့) ဆေးသောက်တဲ့ပမာဏ လျှော့ချခြင်းဟာဖြင့် အနာကျက်စေနိုင်ပါတယ်။

          အနာအချို့က ပိုဆိုးလာပြီးတော့ သွေးယိုစီးမှုကို ဖြစ်စေနိုင်ပါတယ်။

 

4.       အန်လျှင် သွေးပါခြင်း

            ဆီး (သို့) ၀မ်းထဲတွင် သွေးပါခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဆေးကုသမှု မခံယူဘူးဆိုလျှင် သွေးအားနည်းပြီး မောပန်းခြင်းတွေ ဖြစ်နိုင်ပါတယ်။

            ဒီလိုနောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်ဖို့အတွက် ရောဂါလက္ခဏာပြတာနဲ့ ဆေးကုသမှု စနစ်တကျ ခံယူပါ။

 

Dr. Mya Myo Myo Swe (www.drmyanmar.com)