/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အစာ-အဆိပ်သင့်တဲ့အခါ-ဘာတွေလုပ်ရမလဲ

အစာ အဆိပ်သင့်တဲ့အခါ ဘာတွေလုပ်ရမလဲ?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

       ပင်လယ်စာ သို့မဟုတ် မှိုစတဲ့ အစားအစာ တစ်ခုခုကြောင့် အစာအဆိပ်သ့င်တယ် ထင်ရင် အရေးပေါ်ကို ပြေးသင့်ပါတယ်။

          လူနာမှာ ရေဓာတ် အလွန်ခန်းခြောက် နေနိုင်တဲ့အတွက် အောက်ဖော်ပြပါတို့ကိုလည်း ဂရုစိုက်သင့်ပါတယ်၊

 

၁။     ပျို့အန်ခြင်းကို ထိန်းချုပ်ခြင်း

          အ,အန် ပျောက်တဲ့အချိန်အထိ အစာမာမာကို ရှောင်ပါ။ ငှက်ပျောသီး၊ ထမင်းပျော့ပျော့၊ ပေါင်မုန့် စသည်ဖြင့် ပေါ့ပေါ့ပါးပါးလေးတွေပဲ စားပေးပါ။

          အရည် နည်းနည်းစီ သောက်ပေးခြင်းကလည်း အ,အန် သက်သာစေနိုင်ပါတယ်။

          အကြော်အလှော်၊ ဆီ၊ အစပ်၊ အချိုတွေကို ရှောင်ပါ။

          ဆရာဝန် ညွှန်ကြားမှုမပါဘဲ အ,အန်ပျောက်ဆေး၊ ဝမ်းရပ်ဆေးတွေ မသောက်ပါနဲ့။

          အရည်ဓာတ် ခန်းခြောက်နေနိုင်တယ်လို့ထင်ရင် ဆရာဝန်က အ,အန်ပျောက်ဆေး ပေးပါလိမ့်မယ်။

 

၂။     အရည်ဓာတ် ခန်းခြောက်မှုကို ကာကွယ်ခြင်း

          အရည်ကျဲကျဲကို ဖြည်းဖြည်းချင်း သောက်ပေးပါ။

          အန်တာ၊ ဝမ်းလျောတာ ၂၄ နာရီ ကျော်လာရင် ဓာတ်ဆားရည် သောက်ပေးပါ။

 

၃။     ဆရာဝန်နဲ့ ပြသခြင်း

          ရောဂါလက္ခဏာတွေဟာ ၃ ရက်ထက် ပိုကြာလာရင် သို့မဟုတ် အောက်ဖော်ပြပါ လက္ခဏာရပ်တွေရှိရင် ဆရာဝန်နဲ့ ပြသပါ။

●        ဗိုက်အရမ်းနာခြင်း

●        ဖျားခြင်း

●        ဝမ်းမည်းမည်း သွားခြင်း၊ သွေးဝမ်း သွားခြင်း

●        အကြာကြီး အန်ခြင်း၊ သွေးပါခြင်း

●        ရေဓာတ် ခန်းခြောက်တဲ့လက္ခဏာတွေဖြစ်တဲ့ အာခြောက်ခြင်း၊ ဆီးသွားနည်းခြင်း၊ မူးဝေခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း စတဲ့ လက္ခဏာတွေ ရှိခြင်း။

Dr. Mya Phoo Ngon (www.drmyanmar.com)