အဆုတ် ပြည်တည်တယ်ဆိုတာ ...
အဆုတ်ထဲ ပိုးဝင်ပြီး အဆုတ်တစ်သျှူးတွေ ပျက်စီးသွားတဲ့အခါ ပြည်တည်တတ်တယ်။
ဘာကြောင့် ဒီလိုပြည်တည်ရတာလဲ ပြောပြမယ်နော်။ အဓိကအနေနဲ့ အဆုတ်ထဲက စဖြစ်တာနဲ့ အဆုတ်ပြင်ပကဖြစ်တာဆိုပြီး နှစ်မျိုးခွဲထားပါတယ်။
အဆုတ်ထဲက စဖြစ်တာဆိုရင် အဆုတ်ရောင်တာကနေ ဖြစ်နိုင်သလို အစာတွေ၊ အရည်တွေ အစာအိမ်ထဲကနေ အဆုတ်ထဲရောက်သွားရင်လည်း ဖြစ်နိုင်တယ်။
အထူးသဖြင့် သတိလစ်နေသူတွေ၊ မေ့ဆေးပေးထားသူတွေမှာ ဖြစ်တတ်တယ်။
အများဆုံးကတော့ အရက်သမားတွေပဲ။ ခဏခဏ အန်တာ၊ သတိလစ်တာတွေကြောင့် အစာတွေ ပိုးတွေ စုပုံလာပြီး ဖြစ်နိုင်တယ်။
အဆုတ်ပြင်ပကဖြစ်တဲ့ အကြောင်းရင်းတွေထဲမှာ အဆုတ်လမ်းကြောင်းပိတ်တာ၊ နာတာရှည်အဆုတ်ရောဂါနဲ့ တခြားနေရာက ပိုးပြန့်လာတာတွေကြောင့် ဖြစ်တတ်တယ်။
ရောဂါလက္ခဏာတွေအနေနဲ့ -
ချောင်းဆိုးပြီး သွေးတွေ၊ ပြည်တွေလို အနံ့ဆိုးဆိုးတွေ ထွက်တတ်တဲ့အပြင်
● အာပုပ်နံ ့နံတာ
● အဖျား ၁၀၁° ထက် ပိုများတာ
● ရင်ဘတ်အောင့်တာ
● မောတာ
● ချွေးစေးပြန်တာ
● ကိုယ်အလေးချိန် ကျတာ
● နုံးနေတာတွေ ရှိတတ်တယ်။
>> ဘယ်သူတွေမှာ အဆုတ်ပြည်တည်နိုင်လဲ
● အရက်သမားတွေ
● လတ်တလော အဆုတ်ရောဂါဖြစ်ဖူးသူတွေ
● ကိုယ်ခံအားကျနေသူတွေ
● သတိလစ်နေသူတွေ၊ မေ့ဆေးပေးထားသတွေ
● ပြင်ပပစ္စည်းတစ်ခုခု တစ်ဆို့တာတွေကြောင့် ဖြစ်နိုင်တယ်။
>> အဆုတ်ပြည်တည်တာကို ဘယ်လိုသိနိုင်မလဲ
ဆရာဝန်က လိုအပ်တာတွေ မေးမြန်းပြီးတော့ သလိပ်ကို စစ်ဆေးလိမ့်မယ်။ ရင်ဘတ်ဓာတ်မှန်တွေ၊ CT ဓာတ်မှန်တွေ ရိုက်ပြီး ဘယ်နားမှာဖြစ်နေတာလဲဆိုတာ ရှာပေးလိမ့်မယ်။
တကယ်လို့ လမ်းကြောင်းမှာ တစ်ခုခုပိတ်နေတာဆိုရင် လေပြွန်ကြည့်မှန်ပြောင်းနဲ့ ကြည့်ပြီး ဖယ်လို့ ရတယ်။
>> ကဲ ... ဖြစ်ပြီဆိုရင် ဘယ်လိုကုကြမလဲ
ပိုးသတ်ဆေးကို ၆ လလောက်ကြာအောင် လနဲ့ချီပြီး စွဲသောက်ဖို့ လိုတယ်။ ဆေးလိပ်ဖြတ်တာ၊ အရည်များများသောက်တာမျုးိလည်း လုပ်ပေးပေါ့။
တစ်ခါတလေ စုပ်ထုတ်ရတာ၊ ခွဲစိတ်ရတာမျိုးလည်း ရှိနိုင်တယ်။
ဖြစ်နိုင်တဲ့ဆိုးကျိုးတွေကတော့ -
● အဆုတ် ပြည်ဖုံးခြင်း
● အဆုတ်နဲ့ အဆုတ်ပြွန်လမ်းကြောင်းပေါက်ခြင်း
● အဆုတ်ထဲ၊ ရင်ဘတ်ထဲ သွေးထွက်ခြင်း
● တခြားနေရာတွေပါ ပိုးပြန့်ခြင်း
>> နောက်ဆုံးအနေနဲ့ -
များသောအားဖြင့် အဆုတ်ပြည်တည်တာဟာ ပိုးသတ်ဆေးနဲ့ ပျောက်တာများတယ်။ ကိုယ်ခံအား ကျနေတဲ့လူတွေ၊ နှလုံးရောဂါရှိတဲ့လူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဝေးတဲ့သူတွေမှာတော့ ပိုဂရုစိုက်ဖို့ လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
















