အပေါင်းအသင်း၀င်ဆံ့ခြင်းက ကျန်းမာရေးကောင်းစေနိုင်ကြောင်း သိပ္ပံနည်းကျလေ့လာတွေ့ရှိ
သူငယ်ချင်းများစွာရှိခြင်းဟာ ကျန်းမာရေးကောင်းစေနိုင်ကြောင်း လေ့လာမှုအရသိရှိရပါတယ်။ University of North Carolina မှ သုတေသီများဟာ လူမှုဆက်ဆံရေးနှင့် နှှလုံးရောဂါ၊ လေဖြတ်ရောဂါ၊ ကင်ဆာရောဂါ၊ အ၀လွန်ခြင်း၊ ရောင်းရမ်းမှုဖြစ်ခြင်း၊ သွေးဖိအားများခြင်း စတဲ့နာတာရှည်ကျန်းမာရေးပြဿနာတွေဖြစ်ခြင်းဟာ ဆက်စပ်မှုရှိကြောင်းကို လေ့လာခဲ့ကြရာ လူတစ်ယောက်ရဲ့ လူမှုရေးကွန်ယက်ဟာ ဘ၀တစ်လျှောက်လုံး၏ အစောပိုင်းကာလ ကျန်းမာရေးအတွက်သာမက နှောင်းပိုင်းကာလကျန်းမာရေးအတွက်ပါ အရေးကြီးကြောင်းလေ့လာတွေ့ရှိခဲ့ကြပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ တစ်ကိုယ်တည်းသီးသန့် အထီးကျန်ဆန်ဆန်နေရတာကြိုက်သူတွေအနေနဲ့ သွက်လက်တက်ကြွမှုမရှိခြင်း၊ ရောင်ရမ်းခြင်းဖြစ်စဉ်ဖြစ်နိုင်ခြေမြင့်မားပေမယ့် အပေါင်းအသင်း၀င်ဆံ့သူ ဆယ်ကျော်သက်အရွယ်တွေအနေနဲ့ အ၀လွန်ခြင်းမဖြစ်အောင် ကာကွယ်နိုင်ကြပါတယ်။
သက်ကြီးပိုင်းအရွယ်မှာ တစ်ကိုယ်တည်း တစ်သီးပုဂ္ဂလနေထိုင်ခြင်းဟာ ဘက်စုံကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာဖြစ်စေပြီး ဆီးချိုသွေးချိုမဖြစ်အောင် ကာကွယ်နိုင်ခြေ၊ သွေးဖိအားထိန်းချုပ်နိုင်ခြေတို့ကို လျော့ နည်းသွားကြောင်း တွေ့ရှိ ခဲ့ကြပါတယ်။
လူလတ်ပိုင်းအရွယ် လူမှုဆက်ဆံရေးမှာတော့ မိတ်ဆွေအပေါင်းအသင်းအရေအတွက်ထက် လူမှုရေးစိတ်ဓာတ်အပြည့်အ၀ရှိသူ အပေါင်းအသင်းများနဲ့မိတ်ဖွဲ့ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အပံ့ ဖြစ်စေကြောင်း University of North Carolina မှ Professor ဖြစ်သူ Kathleen Mullan Harris ကဆိုပါတယ်။
ဒါကြောင့် ခိုင်မာတဲ့လူမှုဆက်ဆံရေးကို တည်ဆောက်ထားနိုင်သူတွေ၊ အပေါင်းအသင်း၀င်ဆံ့သူတွေဟာ လောကဓံရဲ့အကောင်း၊ အဆိုးမှန်သမျှကို ေ၀မျှခံစားပေးမယ့်သူ၊ လက်ကမ်းတွဲခေါ်မယ့်သူ၊ ကောင်းသည်ဆိုးသည်ကို ေ၀ခွဲတိုင်ပင်လို့ရနိုင်မယ့်သူ၊ အကြံဉာဏ်ကောင်းတွေကို ပေးနိုင်မယ့်သူတွေရှိတဲ့အတွက် စိတ်မပျော်ရွှင်မှုတွေကို အေ၀းသို့တိုက်ထုတ်နိုင်ပြီး အစဉ်အမြဲ စိတ်ပေါ့ပါးလန်းဆန်းကာ ဘ၀တစ်လျှောက်ကျန်းမာရေးနဲ့ ညီညွတ်စွာ နေထိုင်နိုင်မှာဖြစ်ပါတယ်။
Dr. Htet Htet Aung















