အမြဲနှာချေတတ်သူတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းဆေးနည်းများ
♦ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ သဘာဝအတိုင်း ဗိုင်းရပ်စ်ပိုး တိုက်ဖျက်နိုင်စွမ်းနဲ့ ပိုးသတ်နိုင်စွမ်းတွေ ပါဝင်တဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းများအတွက် အလွန်ပဲ အစွမ်းထက်ပါတယ်။ ကြက်သွန်ဖြူကို အနှစ်ဖြစ်သွားအောင် ကြိတ်ချေပြီး အသက်ပြင်းပြင်းရှူပြီး ဒီအနံ့ကို ရှူပေးပါ။
♦ ဗီတာမင် C
နှာချေခြင်းကို သက်သာစေဖို့အတွက် ဗီတာမင်စီ ကြွယ်ဝတဲ့ သစ်သီးတွေ စားပေးပါ။
♦ Oregano လို့ခေါ်တဲ့ ဟင်းခတ်အမွှေးအကြိုင် အပင်တစ်မျိုးအဆီ
ဘက်တီးရီးယား၊ မှို၊ ကပ်ပါးပိုးတွေကို သေစေနိုင်ပြီး အရောင်ကျစေတဲ့ အစွမ်းသတ္တိတွေ ရှိတဲ့အတွက် ထိပ်ကပ်နာကို သက်သာစေနိုင်တယ်လို့ တွေ့ရှိထားပါတယ်။ ဒီထဲမှာ ပါဝင်တဲ့ thymol နဲ့ carvacrol ဓာတ်တွေက ကိုယ်ခံအားကောင်းစေပါတယ်။ ဒါကြောင့် အချိုရည်ထဲမှာ oregano oil အစက်အနည်းငယ် ထည့်ပြီး နေ့စဉ် သောက်သုံးပေးပါ။
♦ Fennel Tea (စမုန်နက် လက်ဖက်ရည်)
စမုန်နက်မှာ ဗိုင်းရပ်စ်ပိုးနဲ့ ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အစွမ်းတွေ ရှိတဲ့အတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပိုးဝင်ခြင်းတွေ သက်သာစေပြီး နှာချေခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။ ပွက်ပွက်ဆူတဲ့ ရေနွေးတစ်ခွက်ထဲကို ကြိတ်ချေထားတဲ့ စမုန်နက်အစေ့ လက်ဖက်ရည်ဇွန်း အနည်းငယ်ထည့်ပြီး 15 မိနစ်ခန့် ထားပါ။ အရည်စစ်ပြီး ဒီလက်ဖက်ရည်ကို နေ့စဉ် ခွက်အနည်းငယ် သောက်သုံးပေးခြင်းဖြင့် နှာချေခြင်းကို ပျောက်ကင်းစေနိုင်ပါတယ်။
♦ Chamomile tea (ကမိုမိုင်ခေါ် ဥရောပတိုက်တွင်ပေါက်သော ဆေးဖက်ဝင် အပင်တစ်မျိုး)
ဓာတ်မ,တည့်ခြင်းတွေကို တိုက်ဖျက်ပေးနိုင်စွမ်း ရှိတဲ့အတွက် ဒီလက်ဖက်ရည် သောက်သုံးပေးခြင်းဖြင့် ဓာတ်မ,တည့်ခြင်းကြောင့်ဖြစ်တဲ့ နှာချေခြင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ကမိုမိုင်အပွင့်ခြောက် လက်ဖက်ရည်ဇွန်း 1 ဇွန်းကို ရေနွေးဆူဆူထဲ ထည့်ပါ။ ပျားရည်ထပ်ထည့်ပြီး မိနစ်အနည်းငယ်ခန့် ဆူအောင်ထားပါ။ ဆက်တိုက်နှာချေခြင်းကို ပျောက်ကင်းစေဖို့ ဒီလက်ဖက်ရည်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပေးပါ။
♦ ေဆးဝါးများ
အထက်ပါ နည်းလမ်းများနဲ့ မသက်သာရင်တော့ Antihistamine ဆေးက နှာချေခြင်းကို သက်သာစေပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
















