/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်ကြောင့်-အခန်းထဲအထိုင်များသူတွေ-ဗီတာမင်ဒီ

အလုပ်ကြောင့် အခန်းထဲအထိုင်များသူတွေ ဗီတာမင်ဒီ ပြည့်ပြည့်ဝဝရစေနိုင်မယ့် နည်းလမ်းများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

ဗီတာမင်ဒီဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီကို သဘာဝအတိုင်း နေရောင်ခြည်ကနေရနိုင်ပြီး နေရောင်အောက်တွင် ၁၀ မိနစ်ခန့်နေခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ကိုယ်ခန္ဓာက စုပ်ယူနိုင်ပါတယ်။ နေရောင်ခြည်ခံယူဖို့ အချိန်မရှိတဲ့ အခန်းထဲ အထိုင်များသူတွေအနေနဲ့ ဗီတာမင်ဒီရရှိနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

>>  ဗီတာမင်ဒီက ဘာကြောင့်အရေးကြီးသလဲ?
●  ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် အရိုးတွေကို သန်မာစေပြီး အရိုးပျော့ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
●  လေ့လာချက်တွေအရ ဗီတာမင်ဒီ လုံလောက်စွာရရှိပါက သွေးတွင်းချိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
●  ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
●  သွေးပေါင်နှင့် ကိုလက်စထရောကို ထိန်းညှိပေးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
●  စိတ်ကျရောဂါနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

Ultra D3 1

>>  ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ပြသနေတဲ့လက္ခဏာတွေကတော့ -
●  ပင်ပန်းနွမ်းနယ်ခြင်း
●  ကြွက်သားများ နာကျင်ခြင်း
●  အာရုံစူးစိုက်မရခြင်း
●  ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်ပါတယ်။

>>  ဗီတာမင်ဒီ ပြည့်ဝစေဖို့ ဘာတွေလုပ်ဆောင်နိုင်လဲ?
●  အခန်းထဲ အမြဲထိုင်ပြီး အလုပ်လုပ်နေတာမျိုး၊ Meeting တက်နေတာမျိုးမဟုတ်ဘဲ အပြင်ထွက်ပြီး နေရောင်ခြည် ခဏထွက်ခံပေးခြင်း
●  နေ့လယ်စာစားချိန်မှာ မဖြစ်မနေ ဝရန်တာထွက်ပြီး နေရောင်ခံပေးခြင်း
●  အလုပ်နှင့်ပတ်သက်ပြီး ဖုန်းကြာကြာပြောဖို့ရှိပါက အခန်းအပြင်ထွက်ပြီးပြောခြင်း
●  အလုပ်ချိန်မတိုင်မီ မနက်စောစောထပြီး လမ်းလျှောက်ထွက်ခြင်း၊ နေပူဆာလှုံခြင်း

Ultra D3 2

>>  ဗီတာမင်ဒီရရှိအောင် ဘယ်အစားအစာတွေ စားပေးရမလဲ?
●  ဆယ်လ်မွန်ငါး
●  ဆာဒင်းငါး
●  ငါးကြီးဆီ
●  မှိုအမျိုးမျိုး
●  ဗီတာမင်ဒီဖြည့်စွက်ထားသောနို့များ၊ ပဲနို့
●  ဗီတာမင်ဒီအားဆေးများ

နေ့စဉ် အိမ်ကနေအလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအနေနှင့် ကျန်းမာတက်ကြွနေခြင်းဖြင့် နေ့စဉ်အလုပ်တွေကို အားအင်အပြည့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများပေးနိုင်တဲ့ ဗီတာမင်ဒီ လုံလောက်စွာရရှိဖို့ သတိပြု လုပ်ဆောင်သင့်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)