အလုပ်ကြောင့် အခန်းထဲအထိုင်များသူတွေ ဗီတာမင်ဒီ ပြည့်ပြည့်ဝဝရစေနိုင်မယ့် နည်းလမ်းများ
ဗီတာမင်ဒီဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင်ဒီကို သဘာဝအတိုင်း နေရောင်ခြည်ကနေရနိုင်ပြီး နေရောင်အောက်တွင် ၁၀ မိနစ်ခန့်နေခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ကိုယ်ခန္ဓာက စုပ်ယူနိုင်ပါတယ်။ နေရောင်ခြည်ခံယူဖို့ အချိန်မရှိတဲ့ အခန်းထဲ အထိုင်များသူတွေအနေနဲ့ ဗီတာမင်ဒီရရှိနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
>> ဗီတာမင်ဒီက ဘာကြောင့်အရေးကြီးသလဲ?
● ကယ်လ်စီယမ်စုပ်ယူမှုကို အားကောင်းစေတဲ့အတွက် အရိုးတွေကို သန်မာစေပြီး အရိုးပျော့ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
● လေ့လာချက်တွေအရ ဗီတာမင်ဒီ လုံလောက်စွာရရှိပါက သွေးတွင်းချိုဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။
● ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနှင့် အူမကြီးကင်ဆာ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
● သွေးပေါင်နှင့် ကိုလက်စထရောကို ထိန်းညှိပေးခြင်းကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။
● စိတ်ကျရောဂါနှင့် အခြားသောစိတ်ပိုင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်ပါတယ်။
Ultra D3 1
>> ဗီတာမင်ဒီ ချို့တဲ့ခြင်းကို ပြသနေတဲ့လက္ခဏာတွေကတော့ -
● ပင်ပန်းနွမ်းနယ်ခြင်း
● ကြွက်သားများ နာကျင်ခြင်း
● အာရုံစူးစိုက်မရခြင်း
● ကြွက်သားများ အားနည်းခြင်းတို့ ဖြစ်ပါတယ်။
>> ဗီတာမင်ဒီ ပြည့်ဝစေဖို့ ဘာတွေလုပ်ဆောင်နိုင်လဲ?
● အခန်းထဲ အမြဲထိုင်ပြီး အလုပ်လုပ်နေတာမျိုး၊ Meeting တက်နေတာမျိုးမဟုတ်ဘဲ အပြင်ထွက်ပြီး နေရောင်ခြည် ခဏထွက်ခံပေးခြင်း
● နေ့လယ်စာစားချိန်မှာ မဖြစ်မနေ ဝရန်တာထွက်ပြီး နေရောင်ခံပေးခြင်း
● အလုပ်နှင့်ပတ်သက်ပြီး ဖုန်းကြာကြာပြောဖို့ရှိပါက အခန်းအပြင်ထွက်ပြီးပြောခြင်း
● အလုပ်ချိန်မတိုင်မီ မနက်စောစောထပြီး လမ်းလျှောက်ထွက်ခြင်း၊ နေပူဆာလှုံခြင်း
Ultra D3 2
>> ဗီတာမင်ဒီရရှိအောင် ဘယ်အစားအစာတွေ စားပေးရမလဲ?
● ဆယ်လ်မွန်ငါး
● ဆာဒင်းငါး
● ငါးကြီးဆီ
● မှိုအမျိုးမျိုး
● ဗီတာမင်ဒီဖြည့်စွက်ထားသောနို့များ၊ ပဲနို့
● ဗီတာမင်ဒီအားဆေးများ
နေ့စဉ် အိမ်ကနေအလုပ်လုပ်နေရတဲ့ ဝန်ထမ်းတွေအနေနှင့် ကျန်းမာတက်ကြွနေခြင်းဖြင့် နေ့စဉ်အလုပ်တွေကို အားအင်အပြည့် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ခန္ဓာအတွက်သာမက စိတ်ကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူးများပေးနိုင်တဲ့ ဗီတာမင်ဒီ လုံလောက်စွာရရှိဖို့ သတိပြု လုပ်ဆောင်သင့်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)
















