/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အလုပ်ရဲ့-စိတ်ဖိစီးမှုတွေကို-မကျော်လွှားနိုင်တဲ့အခါ

အလုပ်ရဲ့ စိတ်ဖိစီးမှုတွေကို မကျော်လွှားနိုင်တဲ့အခါ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အခုခေတ်လို အပြိုင်အဆိုင်၊ အတိုက်အခံတွေ အရမ်းများလာတဲ့အခါ အလုပ်ရဲ့ဖိစီးမှုကို အနည်းနဲ့အများ လူတိုင်းခံစားကြရပါတယ်။ အလုပ်ရဲ့ စိတ်ဖိစီးတွေကို မကျော်လွှားနိုင်တဲ့အခါ ပင်ပန်းနုံးချိနေတာ၊ အလုပ်ကို စိတ်မဝင်စားတာ၊ အလုပ်အပေါ် မကောင်းမြင်တာ၊ အအိပ်အနေ ပြောင်းလဲလာတာ၊ အလုပ်မှာ အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သေချာမကုသမိရင် စိတ်ဖိစီးမိျုး အရမ်းများလာခြင်း၊ သွေးတိုးခြင်း၊ ရောဂါဘယတွေ ဝင်လာခြင်း၊ ညဘက်အိပ်မပျော်ခြင်း၊ နှလုံးရောဂါနဲ့ အရက်စွဲတာတွေ ဖြစ်လာတတ်ပါတယ်။

          ဒီလိုအခြေအနေမျိုး ဖြစ်လာတဲ့အခါမှာ -

1.       အထက်လူကြီးနဲ့ တိုင်ပင်ပါ။

2.       ကိုယ် အဆင်မပြေတဲ့အကြောင်းတွေကို အထက်လူကြီးနဲ့ တိုင်ပင်ဆွေးနွေး ညှိနှိုင်းမှသာ အလုပ်အတွက်ရော၊ ကိုယ့်အတွက်ပါ အဆင်ပြေမှာပါနော်။

3.       ရင်ဖွင့်ပြောဆို အကြံဉာဏ် ရယူပါ။

4.       လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း အပေါင်းအသင်းတွေဆီက အကြံဉာဏ်ထောက်ပံ့မှုတွေကို လက်ခံပါ။

5.       စိတ်ဖြေလျော့စေနိုင်တဲ့ လှုပ်ရှားမှုတစ်ခုခု လုပ်ပါ။

Enervon-C Adult 1

6.       ယောဂ၊ တရားမှတ်၊ ထိုက်ချီစတဲ့ လှုပ်ရှားမှုတွေက စိတ်ဖိစီးမှုတွေကို ထိုက်သင့်သလျောက် ပြေလျော့ပေးနိုင်ပါတယ်။

7.       ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ပါ။

8.       လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် စိတ်ဖိစီးမှုတွေကို မေ့ပျောက်စေနိုင်ပါတယ်။

9.       အိပ်ရေးဝဝအိပ်ပါ။

10.     အိပ်စက်ခြင်းက ခန္ဓာကိုယ်ကို နေထိုင်ကောင်းစေပြီး ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။

11.     စိတ်ကို ပြင်ဆင်ပါ။

12.     ပြဿနာတွေ ကြုံတွေ့တဲ့အခါ စိတ်ရှည်လက်ရှည် ပွင့်ပွင့်လင်းလင်း ဖြေရှင်းပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Enervon-C Adult 2

(Unicode)


Dr. Mya Phoo Ngon (www.drmyanmar.com)