/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အဝလွန်နေမှန်း-ဘယ်လိုသိနိုင်လဲ

အဝလွန်နေမှန်း ဘယ်လိုသိနိုင်လဲ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

သိနိုင်တဲ့နည်းလမ်းက နှစ်ခုရှိပါတယ်။ BMI လို့ခေါ်တဲ့ တွက်တဲ့နည်းရယ်၊ ခါးအရွယ်အစားကို တိုင်းတဲ့နည်းရယ်ပါ။
BMI ကို တွက်ဖို့က အရင်ဆုံး အရပ်နဲ့ ကိုယ်အလေးချိန်ကို တိုင်းရပါမယ်။ ပြီးရင် အင်တာနက်ပေါ်မှာ BMI calculator လို့ခေါ်တာလေးကို ရှာလိုက်ပါ။ အရပ်နဲ့ အလေးချိန်ကို ထည့်ပေးပြီး အဖြေထွက်လာတာကို စောင့်ရုံပါပဲ။ သူက ကိုယ်အလေးချိန် ပုံမှန်အောက်၊ ပုံမှန်၊ ဝနေပြီ၊ အဝလွန်နေပြီ ဆိုပြီး အဖြေ ၄ မျိုး ထုတ်ပေးပါတယ်။
BMI နည်းက ကြွက်သားပမာဏကို ထည့်မစဉ်းစားတာကြောင့် သင်က ကြွက်သားတိုးအောင် ဆော့ထားရင် အဝလွန်တယ်ဆိုပြီး ပေါ်နေတတ်ပါတယ်။ BMI 25 ထက်ကျော်နေရင်တော့ မကောင်းပါဘူး။
ခါးကို တိုင်းတဲ့နည်းကတော့ ခန္ဓာကိုအလယ်မှာ အဆီတွေ စုနေပြီလားဆိုတာကို သိဖို့ ဖြစ်ပါတယ်။ ချက်အပေါ် နံရိုးအဆုံး အလယ်မှတ်ကနေ စတိုင်ဖို့ လိုအပ်ပါတယ်။ ယောကျ်ားလေးဆိုရင် ၃၇ လက်မအောက် ရှိသင့်ပြီး မိန်းကလေးဆိုရင် ၃၁.၅ လက်မအောက် ရှိသင့်ပါတယ်။

Dr. Htar (www.drmyanmar.com)