အသက်ကြီးလာတဲ့အခါ ...
တဖြည်းဖြည်းချင်း ရင့်ကျက်ပြောင်းလဲလာပြီ ထင်ရတဲ့အချက်တွေကတော့ဒီမှာပါ။ မိမိကိုယ်မိမိ မသိ လိုက်တဲ့ပြောင်းလိုက်ဘဲ ပြောင်းလဲရင့်ကျက်လာပြီလို့ ဆိုနိုင်တဲ့အချက်တွေရှိပါတယ်နော်။
● အသက် ၄ဝ အရွယ်မှာ လူတွေ ပိုပျော်ရွှင်လာကြပါတယ်။ အရင်လို အလွယ်တကူ စိတ်ပျက် ဝမ်းနည်းတာတွေ မရှိတော့ဘဲ ပိုပြီး အေးချမ်းလာကြပါတယ်။ အသက် ၆ဝ/၇ဝ ကတော့ အပျော်ဆုံး အရွယ်ပါတဲ့။
● ဘဝရဲ့ အကောင်းအဆိုးတွေကို တည်တည်ငြိမ်ငြိမ်ပဲ ခံယူတတ်လာတယ်။ အရင်လို ဒေါသတကြီး မတုံ့ပြန်တော့ဘူး။ ကိုယ်ထင်တာ ကိုယ်လုပ်တယ်။ စိတ်ချမ်းသာဖို့ အရေးအကြီးဆုံး ဖြစ်လာတယ်။
● ချေွးထွက် နည်းလာတယ်။ အရင်လို ချေွး အရမ်းထွက်တတ်တဲ့သူတွေတောင် အခုဆို ချေွး သိပ်ထွက်တာတွေ မရှိတော့ဘူး။
ခေါင်းကိုက်တာတွေ ပျောက်သွားတယ်။ ဒါကတော့ အံသြစရာပါပဲ။ ဘဝတစ်သက်လုံး ခေါင်းကိုက်တတ်သူတောင် ခေါင်းကိုက် သက်သာသွားကြပါတယ်။ ဒီတော့ အသက်ကြီးလာတာဟာ ခေါင်းကိုက်ပျောက်ဆေးတစ်မျိုးလို့လည်း ပြောလို့ရပြန်ပါတယ်။
● ကာလရှည်ကြာ စိတ်ပင်ပန်းဖိစီးပြီး စိတ်ကျရောဂါ စွဲကပ်လာသူတွေမှာ လေဖြတ်နိုင်တဲ့ အလားအလာ နှစ်ဆတက်လာတာကို တွေ့ရပါသတဲ့။
● အမေရိကန် ဟားဗတ်တက္ကသိုလ်က လေ့လာသူတွေဟာ စိတ်ကျရောဂါနဲ့ လေဖြတ်ရောဂါ အန္တရာယ်ဟာ အလွန်ဆက်စပ်နေကြောင်း ဖော်ထုတ်ခဲ့ကြပါတယ်။ ကောင်းတာက အသက်ရလာလေ စိတ် သိပ်မမောတတ်လေဆိုတော့ ကာကွယ်ပြီးသားပေါ့။
● ဒီတော့ အသက်ရလာတဲ့အခါ တရားထိုင်ခြင်း၊ ခရီးထွက်ခြင်း၊ အေးဆေးစွာ အနားယူခြင်း တရားဓမ္မ အဆုံးအမခံယူခြင်း မိသားစုနဲ့ မျှဝေခံစားခြင်း သူငယ်ချင်းတွေနဲ့ တိုင်ပင်ဆွေးနွေးခြင်း စတာတွေကလည်း ရင့်ကျက်လာတဲ့ အခြေအနေတစ်ရပ်ပါနော်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
















