/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသက်-30-မှ-အသက်-40-အတွင်းစားသင့်သောအစားအစာများ

အသက် 30 မှ အသက် 40 အတွင်းစားသင့်သောအစားအစာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          အသက် 30-40 အရွယ်ဟာ ငယ်ရွယ်စဉ်ကထက် တာ၀န်တွေများသထက်များလာတဲ့ အသက်အရွယ်အပိုင်းအခြားလို့လည်းဆိုနိုင်ပါတယ်။ လုပ်ငန်းခွင်၀င်နေတဲ့သူတွေဆိုရင် လုပ်ငန်းအတွေ့အကြုံတွေ ရင့်ကျက်လာပြီဖြစ်တဲ့အတွက် အလုပ်တစ်လုပ်ကနေ နှစ်လုပ်၊ နှစ်လုပ်ကနေသုံးလုပ် စသဖြင့်လူတစ်ကိုယ်တည်းမှ အလုပ်နှစ်လုပ်၊ သုံးလုပ်ကို ခွွဲေ၀ဖြန့်ကျက်ကာ လုပ်ကိုင်လာကြသလို အိမ်ထောင်ကျသွားသူတွေအနေနဲ့လည်း မိခင်ဘ၀၊ ဖခင်ဘ၀ကို ပိုင်ဆိုင်လာကြပြီဖြစ်တဲ့အတွက် မိသားစုအတွက်ရည်ရွယ်ကာ ဆထက်ထမ်းပိုးကြိုးစားလုပ်ကိုင်လာကြပါပြီ။ အလုပ်တွေပိုလုပ်လာလေ မိမိစားသောက်တဲ့အစားအစာအပေါ် ဂရုစိုက်အားလျော့ပါးလာကြပါတယ်။ အစာစားချိန်ပုံမှန်မထားတာ၊ အစာတစ်နပ်စာကျော်စားတာ၊ မိမိခန္ဓာကိုယ်ပိန်သလား၊ ၀သလားပေါ်မူတည်ပြီး အစာကိုပိုစားသင့်သလား၊ လျှော့စားသင့်သလား၊ ဘယ်လိုအစားအစာတွေက ကျန်းမာရေးကောင်းစေသလဲ၊ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဘာတွေစားပြီးဖြည့်တင်းသင့်သလဲဆိုတာကို စဉ်းစားခြင်းမရှိတော့ဘဲ ဗိုက်ပြည့်သွားရင် အားရကျေနပ်သွားတယ်ဆိုရုံအတွက်သာစားကြပြီး စားတဲ့အစာကကျန်းမာရေးနဲ့ညီညွတ်ခြင်းရှိ/မရှိ သုံးသပ်ခြင်းမပြုဘဲ အာဟာရဖြည့်တင်းတတ်ကြပါတယ်။ ယင်းကဲ့သို့ ကျန်းမာရေးရှုထောင့်မှ ေ၀ဖန်ပိုင်းခြားခြင်းမရှိဘဲ ဗိုက်ပြည့်ရုံသာစားသုံးနေကြတာအချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်မှာဗီတာမင်တွေချို့တဲ့ကုန်ပြီး ကျန်းမာရေးထိခိုက်လာကြပါတယ်။ တချို့အိမ်ထောင်သည်စုံတွဲတွေမှာဆို အိမ်ထောင်ရှင်မသော်လည်းကောင်း၊ အိမ်ထောင်ဦးစီးသော်လည်းကောင်း တစ်ဦးတစ်ယောက်မှာလိုအပ်တဲ့ အာဟာရဓာတ်တွေမပြည့်၀ခြင်းကြောင့် မျိုးအောင်နိုင်စွမ်းကျဆင်းပြီး ကလေးမရနိုင်တဲ့စုံတွဲတွေအဖြစ်ကိုကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကျန်းမာရေးနဲ့ညီညွတ်စေမယ့်အစားအစာတွေကို အဓိကထားစားသုံးပါလို့အကြံပြုလိုပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေအားလုံးကိုစာရင်းပြုစုပြီး စားသုံးပေးဖို့ဆိုလိုခြင်းမဟုတ်ပါ။ ဒါပေမယ့် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေပါ၀င်အောင်စားပေးဖို့တော့လိုအပ်ပါတယ်။

>> စွမ်းအင်ကိုဖန်တီးဖို့ အာဟာရကိုစုပ်ယူရာမှာကူညီပေးပြီး စိတ်ဖိစီးမှုကိုတိုက်ထုတ်ပေးနိုင်ဖို့အတွက် ဗီတာမင် B ကိုဖြည့်တင်းပေးသင့်ပါတယ်။ ကောက်နှံတစ်ခုလုံးပါ၀င်စာ၊ ဆီယီယာယ်၊ အုတ်ဂျုံမှုန့်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ အဆီနည်းအသား၊ ပင်လယ်စာ၊ ကြက်ဥ၊ ဘဲဥ စတဲ့အစားအစာတွေမှာ ဗီတာမင် B ရရှိနိုင်ပြီး သွေးအားနည်းရောဂါဖြစ်ခြင်းမှကာကွယ်ဖို့အတွက် အသား၊ ငါး၊ နို့ထွက်အစားအစာ၊ ကြက်ဥ၊ ဘဲဥ စတဲ့ ဗီတာမင် B 12 ပါ၀င်တဲ့ အစားအစာတွေကိုစားပေးသင့်ပါတယ်။ ကြက်ဥ၊ ဘဲဥမှာပါ၀င်တဲ့ ပရိ်ုတင်းဓာတ်က ကြာကြာဗိုက်ပြည့်စေပြီး ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်တဲ့ ဆီလီနီယမ်ဓာတ်လည်းပါ၀င်ပါသေးတယ်။ ဒါပေမယ့် သတ်သက်လွတ်စားသူတွေမှာ ဗီတာမင် B12 ချို့တဲ့နိုင်တာကြောင့် ပဲအမျိုးမျိုးပါ၀င်အောင်စားပေးဖို့လိုပါတယ်။

>> ကမာကောင်၊ အမဲသား၊ သိုးသား၊ ဟင်းနုနွယ်၊ ဖရုံစေ့၊ သီဟိုဠ်စေ့၊ ချောကလတ်၊ ကြက်သား၊ ၀က်သား၊ ပဲသီးတောင့်၊ အဖြူရောင်မှို၊ ဆီယီယာယ် စတဲ့အစားအစာတွေမှ ဇင့်ဓာတ်ကိုရရှိနိုင်ပါတယ်။ ဇင့်ဓာတ်ကအရေပြား၊ ဆံပင်၊ လက်သည်း၊ ခြေသည်းတွေကိုကျန်းမာစေတာကြောင့် ဇင့်ဓာတ်ကိုလည်းဖြည့်တင်းပေးသင့်ပါတယ်။

>> ခန္ဓာကိုယ်ကိုစွမ်းအင်ရအောင်ကူညီပေးတဲ့ ကော့ပါးဓာတ်ရရှိစေဖို့အတွက် အခွံမာသီးစားပေးသင့်ပါတယ်။

CMS (www.drmyanmar.com)