အသည်းစားခြင်းကြောင့် သွေးတွင်းကိုလက်စထရောလ်မြင့်စေနိုင်
တိရစၧာန်ရဲ့အသည်းမှာသံဓာတ်ကြွယ်၀စွာပါ၀င်တာကြောင့် ကျန်းမာရေးအတွက် စားသုံးပေးသင့်ပေမယ့် လိုအပ်တာထက်ပိုစားမိပါက သွေးတွင်းကိုလက်စထရောလ်မြင့်တက်စေနိုင်ပါတယ်။ သွေးတွင်းမှာ ကောင်းတဲ့ ကိုလက်စထရောလ်(HDL) နဲ့ မကောင်းတဲ့ကိုလက်စထရောလ် (LDL)ဟု နှစ်မျိုးရှိရာ ခန္ဓာကိုယ်ဇီ၀ကမ္မဖြစ်စဉ်တွေအတွက် ကောင်းတဲ့ကိုလက်စထရောလ်(HDL) ကို မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်အတွင်းမကောင်းတဲ့ ကိုလက်စထရောလ်(LDL) တွေ စုပုံများပြားလာပါက နှလုံးရောဂါ၊ လေဖြတ်ေ၀ဒနာခံစားရကာ အသက်သေဆုံးနိုင်ခြေမြင့်မားစေနိုင်ပါတယ်။
အသည်းစားသုံးမှုလွန်ကဲခြင်းကြောင့် ခန္ဓာကိုယ်အတွင်း မကောင်းတဲ့ကိုလက်စထရောလ် (LDL) တွေ ပုံအောလာစေနိုင်ပါတယ်။ အသည်းစားသုံးပြီးနောက် နာရီပေါင်းများစွာကြာသည်အထိ သွေးတွင်းအဆီဓာတ်ဟာ ပုံမှန်ထက်မြင့်တက်နေတတ်ပါတယ်။ ယင်းကဲ့သို့ အချိန်ကြာရှည်စွာ သွေးတွင်းကိုလက်စထရောလ်မြင့်တက်နေခြင်းဟာ ကျန်းမာရေးကောင်းမွန်သူ ဒါမှမဟုတ် ရောဂါအခံမရှိသူတွေမှာ ပြဿနာမရှိနိုင်ပေမယ့် သွေးတိုးရှိသူနဲ့ ဆီးချိုရောဂါရှိသူတွေမှာ သိသာထင်ရှားတဲ့တုံ့ပြန်မှုတွေခံစားရစေနိုင်ပါတယ်။
ဒါကြောင့် ဒီလိုရောဂါခံစားနေရသူတွေအနေနဲ့ အသည်းစားသုံးခြင်းမှ ရှောင်ကျဉ်သင့် သလို နှလုံးရောဂါရှိသူ၊ သွေးတွင်းကိုလက်စထရောလ်များသူတွေအနေနဲ့ တနေ့တာအတွက် 200 မီလီဂရမ်ထက် ပိုမစားသင့်ပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်သူတွေအနေနဲ့လည်း တနေ့တာအတွက် အသည်းစားသုံးမှုပမာဏ 300 မီလီဂရမ်ထက် မပိုစေရန်သတိပြုသင့်ပါတယ်။
CMS















