/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အသည်းရောင်အသားဝါ-c-ပိုးသမားများအတွက်-သိထားသင့်သည့်အချက်များ

အသည်းရောင်အသားဝါ C ပိုးသမားများအတွက် သိထားသင့်သည့်အချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

I. ရှောင်ရှားသင့်သောအစာများ

          အစားအသောက်နှင့်ပတ်သက်၍ အကြံဉာဏ်မျိုးစုံပေးနေကြသော်လည်း အားလုံးနီးပါးသော ကျွမ်းကျင်ပညာရှင်တို့သည် အောက်ပါအစာများကိုမူ ရှောင်ရှားသင့်ကြောင်း တညီတည်းထွက်ဆိုထားကြသည်။

 

1. သကြားနှင့်မသန့်စင်သော ကစီဓာတ်များ

-     ဆိုဒါနှင့် အသီးဖျော်ရည်၊ အချိုရည်ဗူးများနှင့် လက်ဖက်ရည်

-     ပါစတာ၊ ဒိုးနပ်၊ မုန့်ခြောက်၊ ပေါက်မုန့်ဖြူ စသောဖုတ်ထားသောမုန့်များ

 

2. ပြည့်၀ဆီနှင့် အဆီဓာတ်လွန်ကဲသော အစာများ

-     အကြော်အလှော်များ

-     ထောပတ်၊ ခရင်မ်နှင့် ဒိန်ခဲ

-     ၀က်ပေါင်ခြောက်၊ အမဲသား၊ သိုးသား၊ ၀က်အူချောင်းနှင့် ကလီစာများ

 

3. ဓာတုအဆီပါ၀င်သော အစားအစာများ

-     ပေါက်ပေါက်၊ အေးခဲအချိုပွဲများ၊ အာလူးကြွပ်ကြော်၊ မာဂျရင်းအချောင်း

 

4. ဆိုဒီယမ်ဟုခေါ်သော ဆားဓာတ်

 

-     စည်သွပ်ဗူးများ၊ အေးခဲထားသောအစားအသောက်များ

-     သွားရေစာများ (ဥပမာ - အာလူးကြော်၊ သကြားလုံး)

        အသည်းရောင်အသားဝါ C ပိုးရှိပါက ခရုအစိမ်းကဲ့သို့အစားအစာများစားသုံးမိပါက ပြင်းထန်သောရောဂါေ၀ဒနာကို ခံစားရနိုင်ပါသည်။

 

II. စားသုံးသင့်သောအစားအသောက်များ

        မှန်ကန်သောအစားအသောက်ကို ရွေးချယ်နိုင်စေရန် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာသင့်သည်။

-     အသီးအရွက်များကို များများစားပေးပါ

-     အသီးအနှံနှင့် အစေ့များကို သင့်တော်ရုံစားသုံးပေးပါ။

-     အပင်မှရသော ပရိုတင်း (အသားဓာတ်) ပါ၀င်သည့် အစားအသောက်များ (ဥပမာ - ကြက်ဥအကာ၊ အဆီမပါသော ဒိန်ချဉ် (သို့) နွားနို့၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ငါးနှင့် နို့်ထွက်ပစ္စည်းများ)

-     နေကြာဆီနှင့် သံလွင်ဆီကဲ့သို့ ကျန်းမာရေးနှင့်သင့်တော်သော ဆီများကိုသာရွေးချယ်ပါ။

-     အမျှင်ဓာတ်ပါသော အစာများကိုပိုမိုစားသုံးပါ။

-     အငန်ဓာတ်ကိုလျှော့စာပါ။ (ဆိုဒီယမ်) ဆားဓာတ်လွန်ကဲသော စည်သွပ်အစားအစာများကိုရှောင်ကြဉ်ပါ။

-     မည်သည့်အစားအသောက်ကိုမဆို အလွန်အကျွံမစားသုံးပါနှင့်။

 

III. ဆေးဝါးများနှင့် အသည်းကျန်းမာရေး

        အသည်းရောင်အသားဝါ C ပိုးကြောင့် အသည်းခြောက်ခြင်းရောဂါ ခံစားနေရပါက ဆေးဝါးသောက်သုံးမှုကို အထူးဂရုစိုက်သင့်ပါသည်။

          ရှောင်ရှားသင့်သောဆေးများမှာ -

-     ပါရာစီတမော(Acetaminophen)

-     Ibuprofen (အကိုက်အခဲပျောက်ဆေး)

-     Naproxen (အကိုက်အခဲပျောက်ဆေး)

-     အိပ်ဆေးများ

 

IV. ဖြည့်စွက်အာဟာရများ၊ ဆေးဖက်၀င်အပင်များနှင့် အသည်းကျန်းမာရေး

        အသည်းရောင်အသားဝါ C ရောဂါရှိသူတစ်ဦးသည် မည်သည့်ဖြည့်စွက်အာဟာရမဆို မမှီ၀ဲမီ ဆရာ၀န်နှင့်သေချာတိုင်ပင်သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် အချို့သောအရာတို့သည် အသည်းကိုဆိုးရွားစွာ ပျက်စီးစေနိုင်ပါသည်။

          အသည်းကို ပျက်စီးစေနိုင်သော သဘာ၀ပစ္စည်းအချို့မှာ -

1. Chaparral - သဲကန္တရာပေါက်ခြုံပင်မှရသောဆေး
2. Jin Bu Huan - တရုတ်ဆေးပင်တစ်မျိုး (အကိုက်အခဲပျောက်ဆေးအဖြစ် လူသိများသည်)
3. Garmander - မြေထဲပင်လယ်ဒေသမှ အပင်တစ်မျိုး
4. Comfrey, mate and Gordolobo gerba teas - ကွမ်ဖရိုင်ရွက်
5. Mistletoe -  ကျီးပေါင်း
6. Skullcap - ပင်စိမ်းအနွယ်၀င် အပင်တစ်မျိုး
7.Pennyroyal (squaw mint oil) -  အနောက်ပိုင်းတွင် ပေါက်လေ့ရှိသောအပင်တစ်မျိုး
8. Margosa oil - ဆီအုန်းပင်
9. Kava - ပစိဖိတ်အနောက်ပိုင်းမှ အပင်၏အမြစ်

10. Yohimbe - ယိုဟင်ဘီး (ခေါ်) ပန်းသေပန်းညှိုးကုသသောဆေး

          အဆီကျဆေးများ၊ ဗီတာမင်နှင့် ဓာတ်ဆားဖြည့်စွက်များ (သံဓာတ်နှင့် ဗီတာမင် A, B, E, K) အလွန်အကျွံသောက်သုံခြင်းကလည်း အသည်းကိုထိခိုက်စေနိုင်ပါသည်။

 

Dr. Thinzar Wynn

www.drmyanmar.com