အသုံးအဆောင်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ မုန်းစရာအမှန်တရားများ
သန့်ရှင်းမှုဟာ ကျွနု်ပ်တို့၏ဘ၀မှာ အလွန်အရေးပါပါတယ်။ ဖုန်းတွေ၊ ဂျင်းနဲ့ သင့်ရဲ့မိသားစုခွေးအပါအ၀င် အားလုံးသေချာပွတ်တိုက်သန့်စင်ပေးဖို့လိုပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာလုပ်သင့်သလဲ။ နောက်တစ်ကြိမ်ကို ဘယ်အချိန်မှာလုပ်ရမလဲ။ ကျွနု်ပ်တို့ဟာ အဏုဇီ၀ပညာရှင်၊ အတွင်းခံအ၀တ်အစား အထူးလေ့လာသူပညာရှင်၊ အ၀တ်အစားဒီဇိုင်နဲ့ အရာရာကိုဘယ်လိုသန့်ရှင်းအောင်လုပ်ဖို့ အမှန်တကယ်လိုအပ်မလဲဆိုတာဆွေးနွေးခဲ့ပါတယ်။
1. အလွန်ညစ်ပတ်သောဖုန်းများ (နေ့စဉ်)
ကျွနု်ပ်တို့ဟာတနေ့မှာအကြိမ် 150 နဲ့အထက် ဖုန်းကိုထိတွေ့ကြတယ်လို့ လေ့လာသူတွေကတွေ့ ရှိခဲ့ပါတယ်။ အမေရိကန်သိပ္ပံပညာတွေက ဖုန်း 5 လုံးမှာ ဘက်တီးရီးယားအမျိုးအစား 7000 ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ အများစုဟာ အန္တရာယ်မရှိပေမယ့် အချို့ကတော့အန္တရာယ်ပေးနိုင်ပါတယ်။
ဖုန်းကိုပူလာတဲ့အထိသုံးတာဟာ ပိုးမွှားတွေအလျှင်အမြန်ပွားများနိုင်ဖို့ အကောင်းဆုံးအခြေအနေကိုပေးပါ တယ်လို့ East Anglia တက္ကသိုလ်မှ အဏုဇီ၀ပညာရှင် Laura Bowater က ပြောပါတယ်။
မစင်မှာတွေ့ရှိရတဲ့ Enterococcus နဲ့ တိရစၧာန်နဲ့မြေကြီးမှာတွေ့ရတဲ့ Pseudomonas ဆိုတဲ့ ဘက်တီးရီးယားပိုးတွေကိုဖုန်းပေါ်မှာတွေ့ရပါတယ်။ ဒါဟာမနှစ်မြို့စရာရောဂါတွေဖြစ်ပါတယ်။ Keypad ဖုန်းမှာရှိတဲ့ ခလုတ်တွေ (လက်ကွက်တွေကြားမှာ) မှာပိုမိုဆိုးရွားစွာရှိနေပါတယ်။ ဒါကြောင့်ဖုန်းကိုပိုးသတ်ဆေးရည်သုတ်ထားတဲ့ အ၀တ်နဲ့ နေ့စဉ်သန့်ှရှင်းပေးပါ။
2. ချေွးစိုတဲ့ အိပ်ရာခင်း (တပတ်တစ်ကြိမ်)
ကျွနု်ပ်တို့ရဲ့ အရေပြားဆဲလ်တွေဟာနေ့စဉ်ကွာကျနေတာပါ။ အရမ်းပူတဲ့ညတွေမှာချေွးတွေထဲမှာပါမယ်။ အများစုကတော့အိပ်ယာထဲမှာပါ။ ဖုန်တွေ၊ ချေွးတွေ သေနေတဲ့ဆဲလ်အသေတွေဟာ သူတို့ကိုစားတဲ့ ပိုးကောင်လေးတွေကို ဆွဲဆောင်နေပါတယ်။ ပိုးကောင်လေးတွေ လူကိုအန္တရာယ်မပေးသော်လည်း ယားယံစေတဲ့အမှုန်တွေကိုကျစေပါတယ်။ အဲဒီအမှုန်တွေဟာ မျက်စိကိုယားစေပါတယ်။ နှာခေါင်းအတွင်းခန်း ကိုယောင်ယမ်းစေပြီး နှာရည်ယိုခြင်း၊ ရင်ကျပ်ခြင်း ဖြစ်စေပါတယ်။ ကျွနု်ပ်တို့ထဲက ဆယ်ပုံတစ်ပုံကျော်ဟာ သူတို့ရဲ့အိပ်ယာခင်းကို တစ်လတစ်ကြိမ်သာလျှော်ပါတယ်။ သုံးပုံတစ်ပုံကျော်ကျော်ကတော့ 14 ရက် တစ်ကြိမ်လျှော်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။
ဘက်တီးရီးယားတွေကိုဖျက်ဆီးဖို့ သင့်ရဲ့အိပ်ယာခင်းကိုတစ်ပတ်တစ်ကြိမ်လျှော်သင့်ပါတယ်။ နေရဲ့ UV rays ဟာ ပိုးသတ်နိုင်လို့ လျှော်ပြီးသားအိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကို နေရောင်အောက် မှာခြောက်သွေ့အောင်လှန်းပါ။ ကျန်နေတဲ့ပိုးတွေကိုအခြောက်ခံစက်ထဲမှာ 200.C ထားပြီး အပြီးချေမှုန်းပါ။
3. မသန့်ရှင်းသောခေါင်းအုံးများ (3 လ တစ်ကြိမ်)
ခေါင်းအုံးအတွင်းပိုင်းဟာရေမြှုပ်ဖြစ်ပြီး၊ ချေွးစုပ်ပါတယ်။ အဲဒီအခြေအနေဟာ ဘက်တီးရီးယားနဲ့ ပိုးကောင်လေးတွေပေါက်ဖွားဖို့ အကောင်းဆုံးအခြေအနေဖြစ်လာပါတယ်။ ခေါင်းအုံးအလေးချိန်ရဲ့ 3 ပုံ 1 ပုံဟာ ကြမ်းပိုးတွေ၊ ဆဲလ်အသေတွေ၊ ပိုးမွှားကောင်တွေနဲ့ သူတို့ရဲ့အညစ်အကြေးတွေဖြစ်လို့နေပါတယ်။ မလျှော်ရသေးတဲ့ခေါင်းအုံး 1 လုံးမှာမှိုမျိုးစိတ် 16 မျိုးလောက်ရှိနေတတ်ပါတယ်။
ဒါကြောင့် သင့်ခေါင်းအုံးကို 3 လတစ်ကြိမ်တော့ လျှော်ပါ။ 60.C မှာထားပြီးလျှော်တာ ဘက်တီးရီးယား အများစုကိုသေစေနိုင်ပါတယ်။ ဂျီးချွတ်ဆပ်ပြာရည်သုံးပါ (အမှုန့်က အကြွင်းအကျန်ကျန်နိုင်ပါတယ်)။ ရေနဲ့နှစ် ထပ်လောက်ဆေးချပါ။ အပူချိန်နိမ့်နိမ့်မှာအခြောက်ခံပါ။ ခေါင်းအုံးတစ်လုံးနဲ့တစ်လုံးခွဲပြီး အခြောက်ခံပါ။ နောက်တစ်ဆင့် ကာကွယ်တဲ့အနေနဲ့ မယားယံအောင်၊ ဓာတ်မတည့်တာအတွက်ကို အထူးပြုလုပ်ထားတဲ့ခေါင်းအုံးစွပ်ကိုသုံးပါ။
4. မှိုတွေနဲ့ အိပ်ယာ (ခြောက်လတစ်ကြိမ်)
သင့်မွေ့ရာမှာရှိတဲ့ ဖှုန်တွေ၊ ပိုးမွှားတွေဟာ ဓာတ်မတည့်တာနဲ့ရင်ကျပ်တာတွေဖြစ်စေပါတယ်။ မှိုတွေဟာဆိုးရွားတဲ့ ဓာတ်မတည့်စေတဲ့တတ်ပြုမှုကိုဖြစ်စေပါတယ်။
နောက်ထပ်ဘက်တီးရီးယားတွေကိုပေါက်ဖွားစေပါတယ်။ အိပ်ယာမှာရှိတဲ့ပိုးတွေကြောင့် ဖျားတာ၊ ကြွက်တက် တာနဲ့ ၀မ်းလျှောတာကိုဖြစ်စေပါတယ်။ ဖုန်စုပ်စက်(သို့မဟုတ်) အပူငွေ့စက်နဲ့ သင့်ရဲ့မွေ့ယာကို ခြောက်လတစ်ကြိမ် ဖုန်ခါပေးဖို့အရေးကြီးပါတယ်။ ရေအေး (သို့) ရေစို၀တ် (သို့) ပရိဘောဂလုပ်ငန်းသုံးကော်ဇော်ဆေးတဲ့ အရည်နဲ့ မွေ့ရာမျက်နှာပြင်ကိုပွတ်တိုက်ခြင်းဖြင့် စွန်းထင်နေတာကိုဖယ်လို့ရပါတယ်။ သန့်ရှင်းပြီးရင် မွေ့ရာကို တလှည့်စီအခြောက်ခံပါ။
5. နူးညံ့သော ဂျင်း၀တ်စုံများ (ငါးကြိမ်၀တ်ပြီးတိုင်း)
ဂျင်း၀တ်စုံတွေကို ငါးကြိမ်၀တ်ပြီးတိုင်း တစ်ခါလျှော်တာဟာ ဂျင်းရဲ့အရောင်နဲ့ ချည်မျှင်တွေထိန်းသိမ်းတာပါလို့ Jean ဒီဇိုင်နာ Donna Ida က ဆိုပါတယ်။ မကြာခဏလျှော်ရင် ဂျင်းနဲ့သက်တန်းကိုမြန်မြန်ကုန်စေပါတယ်။
အ၀တ်မွှေးရည်သုံးပါ - မွှေးန့ံရှိတဲ့ပိုးသတ်ဆေးရည်ဟာ လျှော်နေစဉ်အတွင်းမွှေးရန့ံကို ထိန်းသိမ်းပေးပါတယ်။ ဂျင်း၀တ်စုံတွေဟာ ပူရင်ချည်မျှင်တွေပျက်စီးစေနိုင်လို့ ရေအေးနဲ့ပဲလျှော်ပါ။
ကြယ်သီးတွေ၊ ဇစ်တွေ၊ ဇစ်ဖုံးတွေကို ထိခိုက်မှုကင်းအောင် အတွင်းဘက်လှည့်ပြီးလျှော်ပါ။ အခြောက်ခံပါ။ ဂျင်း၀တ်စုံအပိုရှိမယ်ဆိုရင် ပလတ်စတစ်လေအိတ်ထဲထည့်ပြီး တညလုံးအအေးဓာတ်ပေးထားပါ။ အဲဒါဟာ လျှော်တာထက်ဘက်တီးရီးယားကိုသတ်လို့ ပိုထိရောက်မှုရှိပါတယ်။
6. မဲညစ်သောည၀တ်အကျႌ (2 ကြိမ်၀တ်ပြီးတိုင်း)
ကိုယ်တိုင်းနဲ့ကွတ်တိနီးပါးဖြစ်နေတဲ့ ည၀တ်အကျႌနဲ့ဂါ၀န်တိုတွေကို နှစ်ကြိမ်၀တ်ပြီးတိုင်း လျှော်ဖို့ လိုအပ်ပါတယ်။ ည၀တ်အကျႌတွေ သန့်ရှင်းပြီးတောက်ပနေစေဖို့အရေးကြီးပါတယ်။ ဆောင်းရာသီမှာရေနွေးအိပ်နှင့် အိပ်စက်ခြင်း၊ ည၀တ်အကျႌအထူနှင့် အိပ်စက်ခြင်းဟာသင့်ကိုချေွးပိုပြီးထွက်စေပါတယ်။
7. မနှစ်မြို့ဖွယ်လက်သုတ်ပုဝါ (အသုံးပြုပြီးတိုင်း)
လက်သုတ်ပုဝါနှင့် ပန်းကန်ဆေးတဲ့ အ၀တ်စတို့ဟာ သင့်ရဲ့မီးဖိုချောင်ထဲမှာ ပိုးအများဆုံး၀င်ရောက်နေ တဲ့ ပင်မနေရာကြီးပါပဲ။ E-coli နဲ့ အခြားပိုးတွေဟာမိနစ် 40 တိုင်း 2 ဆ ပွားကြပါတယ်။ သူတို့ဟာ အန္တရာယ်ကြီးတဲ့ အဏုဇီ၀ကောင်တွေပါလို့ လေ့လာသူ Laura က ဆိုပါတယ်။ပိုးတွေပွားဖို့ အကောင်းဆုံးအပူချိန်က 37.C ဖြစ်တာကြောင့် အစားအစာတွေ စွန်းထင်းနေတဲ့ အ၀တ်တွေ၊ မီးဖိုအနီးမှာရှိတဲ့အ၀တ်တွေဟာ ပိုးပေါက်ဖွားမှု အကောင်းဆုံးဖြစ်လာတတ်ပါတယ်။ မနှစ်က Arizona တက္ကသိုလ်ရဲ့လေ့လာမှုအရ စမ်းသပ်မီးဖိုချောင်ပုဝါရဲ့ 25% မှာ Ecoli ရှိတာကိုတွေ့ရှိရပါတယ်။ ဒါကြောင့် အသုံးပြုပြီးတိုင်း 60.C မှာသန့်ရှင်းအောင်ထားဖို့၊ လျှော်ဖွပ်မီးပူတိုက်ဖို့ လိုပါတယ်။
CMS
















