အားလပ်ရက်ခေါင်းကိုက်ခြင်းများ
အခုချိန်ဟာ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်တွေနဲ့ ပျော်ရမယ့်အချိန်ပါပဲနော်။ ဒါပေမယ့်လည်း ခေါင်းတစ်ခြမ်းကိုက်ဝေဒနာသည်တွေနဲ့ ခေါင်းကိုက်တတ်သတွေတစ်ချို့အတွက်ကတော့ ဒီအချိန်ဟာ ခေါင်းကိုက်ဝေဒနာစတတ်တဲ့အချိန်မျိုးပါပဲ။ ဘာကြောင့် ဒီလိုခေါင်းကိုက်တတ်သလဲဆိုရင်…
1.အရက်
အရက်ကြောင့်ခေါင်းကိုက်တာကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်းကတော့ အရက်ကို အသင့်အတင့်ပဲသောက်ဖို့ပါ။အကောင်းဆုံးကတော့ လုံးလုံးရှောင်တာပေါ့။
2.စိတ်ဖိစီးခြင်း
တကယ်လို့ စိတ်ပူပန်ပြီး အစွဲကြီးတတ်သူတွေဆိုရင်တော့ အားလပ်ရက်က ပိုဆိုးစေလိမ့်မယ်နော်။ ဒါကြောင့် ဒီပိတ်ရက်မှာ စိတ်ပြေလျော့စေမယ့် နည်းလမ်းတွေကို ကြိုးစားလုပ်ကြည့်သင့်တယ်။
3.ကဖိန်း
အသင့်အတင့်သောက်တာက ခေါင်းကိုက်တာကို သက်သာစေနိုင်ပေမယ့် အများကြီးသောက်မိရင် ပိုဆိုးစေတတ်တယ်ဆိုတာ မမေ့ပါနဲ့နော်။ ဒါကြောင့် ကော်ဖီလျှော့ပြီး ရေပြောင်းသောက်တဲ့အခါ ခေါင်းကိုက်တာပိုသက်သာလာတယ်လို့ ပညာရှင်တစ်ယောက်ကဆိုပါတယ်။
Bio Adult 1

4.အားလပ်ရက်အစားအသောက်တွေ
တစ်ချို့အစားအသောက်တွေက ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်တယ်နော်။ ဝိုင်နီ၊ ဘီယာ၊ အချိုမှုန့်၊ ချော့ကလက်၊ ချိစ်၊ အသီးအရွက်အချဉ်ဖောက်ထားတာတွေနဲ့ ပါပရိုနီ၊ ဝက်ပေါင်ခြောက်တွေ၊ အသားလွှာတွေလို ပြုပြင်ထားတဲ့အသားတွေကို ရှောင်ပါ။ ဟင်းနုနွယ်၊ တိူဖူး၊ အုတ်ဂျုံ၊ ဘာလေ၊ ငါးအဆီ၊ သံလွင်ဆီ၊ ပဲဖြူ၊ နေကြာစေ့နဲ့ ဖရုံစေ့တွေများများစားပေးပါ။
5.အားလပ်ရက်အလင်းရောင်တွေ
ခေါင်းတစ်ခြမ်းကိုက်တတ်သူတွေဟာ သူများတွေထက်စာရင် အလင်းရောင်ကို ပိုမခံနိုင်ဘူး။ ဒါကြောင့် ခရစ်စမတ်အပင်က မီးသီးတွေကို အကြာကြီးစိုက်ကြည့်တာမျိုး မလုပ်ပါနဲ့။
6.ရေမွေးနမူနာတွေ
တစ်ချို့တွေအတွက်တော့ ရေမွေးဟာ စိတ်ရှုပ်စေတာတင်မကဘူး၊ ခေါင်းပါကိုက်စေတတ်တယ်နော်။ အဲဒါကြောင့် ကိုယ်က ရေမွှေးနံ့တွေကြောင့် ခေါင်းကိုက်တတ်တယ်ဆိုရင် ရှော့ပင်းစင်တာတွေသွားတိုင်း ရေမွေးကောင်တာတွေကို ရှောင်ဖို့ အကြံပေးချင်ပါတယ်။
7.အိမ်ပြန်ချိန်
အလုပ်မသွားရတော့တာကောင်းပေမယ့် အိပ်ချိန်ကို တတ်နိုင်သမျှ ပုံမှန်အတိုင်းဖြစ်အောင် ထိန်းဖို့လိုတယ်နော်။ နေ့လည်ခင်းထိအိပ်တာထက် စောစောအိပ်၊ စောစောထတာက ပိုကောင်းပါတယ်။
8.လေယာဉ်စီးခြင်း
အားလပ်ရက်မှာခရီးထွက်ချင်သလား? လေယာဉ်နဲ့ခရီးထွက်တာဟာ ဦးခေါင်းခွံဂလိုင်ပေါက်တွေကို သွားနှိုးဆွတတ်တယ်။
တကယ်လို့ ကိုယ်က မကြာခဏထိပ်ကပ်နာဖြစ်တတ်တယ်၊ ဒါပေမယ့် လေယာဉ်ကလည်း မစီးမဖြစ်ဆိုရင် လေယာဉ်ပေါ်မတက်ခင် နှာခေါင်းတွင်းအစက်ချဆေးထည့်ဖို့လိုတယ်။
9.ညမအိပ်ခြင်း
ညဘက်ကို ကောင်းကောင်းအိပ်ဖို့လိုတာပေါ့။ တစ်ည၆နာရီလောက်ပဲအိပ်တဲ့လူတွေဟာ ခေါင်းပိုကိုက်တတ်လို့ ဒီ့ထက်ပိုအိပ်ဖို့လိုပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Bio Adult 2

(Unicode)
Dr. Mya Phoo Ngon (www.drmyanmar.com)
















