အိပ်စက်ချိန်ပုံမှန်ရှိမှ Alarm ပေးပြီး အိပ်သင့်
ပုံမှန်အားဖြင့် အိပ်ရာမနိုးမီ တစ်နာရီအလိုမှာ ခန္ဓာကိုယ်မှကိုယ်အပူချိန်မြှင့်တင်ပေးခြင်း၊ အိပ်စက်မှုအားပျော့လာခြင်း၊ Dopamine နဲ့ Cortisol ဟော်မုန်းတွေထုတ်ပေးခြင်း၊ ခန္ဓာကိုယ်အားစွမ်းအင်ပေးခြင်း စတဲ့လုပ်ငန်းတွေကို ဟန်ချက်ညီညီလုပ်ဆောင်ပေးပါတယ်။ သင့်အနေနဲ့ ညဘက်အိပ်ချိန်မမှန်ဘဲ မနက်နိုးထရန် alarm ပေးထားခြင်းကြောင့် ရုတ်တရက် alarm မြည်လိုက်တာနဲ့ တစ်ပြိုင်နက် ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းဆောင်တာတွေကို အနှောင့်အယှက်ဖြစ်စေပြီး ရပ်တန့်သွားစေပါတယ်။ ဒါကြောင့် alarm ပိတ်လိုက်ပေမယ့်လည်း နိုးထဖို့အသင့်မဖြစ်သေးတဲ့အတွက် ပြန်လည်အိပ်မောကျသွားရတာဖြစ်ပါတယ်။ အကယ်၍ အားတင်းပြီးအိပ်ရာထလိုက်ပါကလည်း ရီေ၀ေ၀မူးနောက်နောက်ဖြစ်နေစေပြီး အိပ်ရေးမ၀တဲ့ခံစားမှုမျိုး ဖြစ်ပေါ်စေပါတယ်။
Alarm ပိတ်ပြီး ပြန်အိပ်ပျော်သွားခြင်းဟာ ပုံမှန်လည်ပတ်မှုလုပ်ငန်းစဉ် ပြန်လည်စတင်ခြင်းဖြစ်ပြီး ယင်းသို့ လုပ်ငန်းထပ်မံစတင်ဖို့အတွက် နှစ်ခြိုက်စွာအိပ်ပျော်တဲ့ အဆင့်ကို၀င်ရောက်သွားခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်က နိုးထဖို့ပြင်ဆင်နေချိန်မှာ ရုတ်တရက် alarm သံကြောင့် ရပ်တန့်သွားပြီး နိုးထဖို့အသင့်မဖြစ်သေးတဲ့အတွက် အိပ်ရာမထနိုင်တာ၊ အိပ်ချင်စိတ်ကိုဖျောက်ဖျက်ပြီးအားယူကာ အိပ်ရာထရာတာမျိုးဖြစ်လာရတာပါ။ ဒုတိယအကြိမ် alarm မြည်သံဟာ သင့်ကိုပိုပင်ပန်းစေနိုင်ပါတယ်။ နေ့စဉ်အိပ်ရာ၀င်ချိန်၊ အိပ်ရာထချိန်ကို ပုံသေသတ်မှတ်ထားပါ။ ဒါမှသာ alarm ကြောင့် ပုံမှန်လည်ပတ်နေတဲ့ လုပ်ငန်းစဉ်ကိုမထိခိုက်စေဘဲ တနေ့တာလုံးလန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။















