အိမ်ထောင်ရေးအဆင်ပြေချင်ရင် ကိုယ်အလေးချိန်ထိန်းပါ
စုံတွဲအချို့မှာ အဝလွန်ခြင်းကြောင့် အိမ်ထောင်ရေးရာကိစ္စတွေမှာအဆင်မပြေ ဖြစ်တတ်ကြပါတယ်။ အိမ်ထောင်ရေးရာကိစ္စတွေမှာ ပိုအဆင်ပြေတဲ့စုံတွဲတွေက ပျော်ရွှင်မှု ပိုမိုရရှိကြပါတယ်။ ကိုယ်အလေးချိန်ကျသွားခြင်းဖြင့် လိင်မှုရေးရာတွေမှာ အထောက်အကူဖြစ်စေတဲ့ အချက်တွေကို လေ့လာကြည့်ကြပါစို့။
1. ကိုယ်ကိုယ်ကို ယုံကြည်မှုပိုရှိလာစေပါတယ်။
အချိုးအစားကျတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လျှင် (သို့) ကိုယ်အလေးချိန်သင့်တင့်ရင် ကိုယ့်ကိုယ်ကို စိတ်တိုင်းပိုကျလာပါတယ်။ ယုံကြည်မှုရှိလာတဲ့အခါ စွမ်းဆောင်ရည်တွေတက်လာပြီးတော့ လိင်ဆက်ဆံဖို့ ပိုပြီးလိုလားလာပါတယ်။
2. သက်လုံကောင်းလာစေတယ်။
အဝလွန်ခြင်းက ပျင်းရိပြီးလေးလံထိုင်းမှိုင်းစေတဲ့အတွက် အိပ်ရာပေါ်မှာပျင်းရိခြင်းနဲ့ မောပန်းလွယ်ခြင်းတွေကို ကြုံတွေ့ရစေပါတယ်။ ကိုယ်အလေးချိန်ကျအောင် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် သက်လုံကောင်းလာစေပြီး အမောပိုခံလာစေနိုင်ပါတယ်။
3. ဆန္ဒပိုရှိလာစေပါတယ်။
ဟော်မုန်းမညီမျှမှုနဲ့ testosterone (ကျားဟော်မုန်း) နည်းခြင်းကြောင့် အဝလွန်တဲ့ အမျိုးသား၊ အမျိုးသမီးတွေမှာ လိင်ဆက်ဆံလိုစိတ်လျော့နည်းလေ့ရှိပါတယ်။
4. လိင်တံထောင်မတ်ရန် ခက်ခဲခြင်း (ပန်းညှိုးခြင်း) ကို သက်သာစေတယ်။
အဝလွန်တဲ့အမျိုးသားတွေမှာ လိင်တံထောင်မတ်ဖို့ခက်ခဲလေ့ရှိပါတယ်။ အဝလွန်ခြင်းကြောင့် ယောကျာ်းတစ်ယောက်အနေနဲ့ အိပ်ရာပေါ်မှာစွမ်းရည်ကျဆင်းပြီး testosterone ပမာဏလည်း လျော့ကျစေပါတယ်။ ခန္ဓာကိုယ်အချိုးအစားကျခြင်းကြောင့် သွေးလှည့်ပတ်မှုပိုမိုကောင်းလာစေပြီး ပန်းညှိုးခြင်းပြဿနာကိုလည်းဖြေရှင်းပေးနိုင်ပါတယ်။ သုတေသီတွေက ခန္ဓာကိုယ်အလေးချိန်အနည်းငယ်ကျသွားရင်တောင် လိင်တံမထောင်မတ်နိုင်ခြင်းပြဿနာကို သက်သာစေတယ်လို့ဆိုပါတယ်။
Dr. MMMS (www.drmyanmar.com)
















