အိမ်မှာ တုပ်ကွေးပိုး မပြန့်အောင်
တုပ်ကွေးပိုးဟာ အရမ်းပြန့်လွယ်တာကြောင့် ဖျားလို့ဖျားနေမှန်းမသိခင် ပိုးဝင်နေတတ်တယ်။ ကူးစက်ခံရဖို့လည်း လွယ်တာကြောင့် တချို့တွေဆို တုန်နေအောင် ကြောက်တတ်ကြတယ်။ တုပ်ကွေးဖြစ်နေတုန်းမှာ နေရထိုင်ရ ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်ကျန်းမာအောင်၊ သူများတွေကို မပျံ့နှံ့အောင် အိမ်မှာနည်းလမ်းတချို့နဲ့ ကာကွယ်လို့ရတယ်။
1. ပါးစပ်နဲ့နှာခေါင်းကို အုပ်ဆိုးပါ။
နှာချေချေ၊ ချောင်းဆိုးဆိုး ဗိုင်းရပ်စ်ပိုးတွေပြန့်ပြီး သူများတွေကို မကူးစက်နိုင်အောင် တစ်ရှူးတွေ၊ လက်ကိုင်ပုဝါတွေနဲ့ အုပ်ပြီးဆိုးပါ။ ဒီလို တစ်ရှူးသုံးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာဆေးပေးပါ။
2. လက်ကို သေချာဆေးပါ။
လက်ဆေးတာဟာ တုပ်ကွေးမမိအောင်၊ အအေးမမိအောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ပိုးသေအောင် ဆပ်ပြာနဲ့ စက္ကန့် ၂၀ လောက် သေချာဆေးပေးပါ။ စားပြီးသောက်ပြီးတိုင်း၊ အိမ်သာတက်ပြီးတိုင်း ကလေးတွေရော၊ သူငယ်ချင်းတွေရောကို လက်ဆေးဖို့ သတိပေးနော်။
3. အိမ်ကို ရှင်းလင်းပါ။
စားပွဲတွေ၊ ပန်းကန်ဆေးဖော့တွေ၊ ဘေစင်တွေ၊ အိမ်သာတွေလိုမျိုး နေ့တိုင်းသုံးနေကျ ပစ္စည်းတွေမှာ ပိုးတွေစုနေတတ်တယ်။ ဒါကြောင့် ဆေးကြောတဲ့အခါတိုင်း ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားရအောင် သတိထားပေးသင့်တယ်။
4. ကာကွယ်ဆေးတွေ အချိန်မီ ထိုးပေးပါ။
တုပ်ကွေးဗိုင်းရပ်စ်တွေကို ကာကွယ်ဖို့ ကာကွယ်ဆေးတွေ အများကြီးရှိတယ်။ ၆ လကနေ လူကြီးဖြစ်တဲ့အထိကို ပိုးမဝင်အောင် ကာကွယ်ဆေးတွေထိုးဖို့ လိုတယ်။
5. ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပါ။
တုပ်ကွေးအပါအဝင် ရောဂါပိုးမွှားတွေမဖြစ်အောင် ကျန်းမာရေးနဲ့ညီညွတ်အောင် နေထိုင်ဖို့ အရေးကြီးတယ်။ ကျန်းမာဖို့၊ ကြံ့ခိုင်ဖို့ ဒီနည်းလမ်းတွေနဲ့ ကြိုးစားကြည့်ပါ။
6. ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ။
ဟင်းသီးဟင်းရွက်တွေမှာ အင်တီအောက်စီဒန့်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေနဲ့ ဖိုင်တိုအာဟာရပစ္စည်းတွေ ကြွယ်ဝတယ်။ အမျှင်ဓာတ်တွေ၊ ဗီတာမင်တွေ၊ အင်တီအောက်စီဒန့်ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကာဗွန်ဟိုက်ဒရိတ်တွေ၊ ပရိုတင်းတွေကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။
Bio Adult 1

7. လေ့ကျင့်ခန်းလုပ်ပါ။
နေ့တိုင်း ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ တစ်နေ့ မိနစ် 30 လောက် ပုံမှန်လမ်းလျှောက်ရုံနဲ့တင် ကျန်းမာရေးကောင်းစေပြီး တုပ်ကွေး၊ ဆီးချို၊ သွေးတိုးရောဂါတွေကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်။
8. ရေများများသောက်ပါ။
ခန္ဓာကိုယ်ကနေ အဆိပ်အတောက်တွေကို ဖြေဖျောက်ဖို့ ရေက အရမ်းအရေးပါတယ်နော်။ ဒါကြောင့် တစ်နေ့ ရေ 2 လီတာလောက် သောက်ပေးပါ။
9. နေရောင်ခံပေးပါ။
ကိုယ်တွင်း ခုခံအားကောင်းစေဖို့ ဗီတာမင်ဒီကို လိုအပ်တယ်။ ဒါကြောင့် မနက်ခင်း နေရောင်ခြည်ကို ကောင်းကောင်း ရအောင်နေပါ။
10. ကောင်းကောင်းအိပ်စက်ပါ။
ရောဂါတွေကို ဝေးဝေးရှောင်ဖို့ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ ၈ နာရီလောက်ထိ အိပ်ဖို့လိုတယ်။
11. ရောဂါဖြစ်နေတဲ့လူနဲ့ အထိအတွေ့ကို ရှောင်ပါ။
မိသားစုထဲမှာ တစ်ယောက်ယောက် တုပ်ကွေးမိတဲ့အခါ -
● တုပ်ကွေးဟာ အလွန်ကူးစက်တတ်တာကြောင့် ရောဂါဖြစ်နေသူနဲ့ ပြုစုသူကလွဲပြီး ကျန်အိမ်သားများက တတ်နိုင်သမျှ ဝေးဝေးနေပါ။
● ပြင်ပသို့ ပိုးထပ်မံ မကူးစက်အောင် ရောဂါရှိနေသူကို အိမ်ထဲမှာပဲ ထားပါ။
● အဝတ်တွေ၊ ပန်းကန်ခွက်ယောက်တွေ၊ အရုပ်တွေ၊ အသုံးအဆောင်တွေကို သပ်သပ်ထားပါ။
Bio Adult 2

(Zawgyi)
တုပ္ေကြးပိုးဟာ အရမ္းျပန႔္လြယ္တာေၾကာင့္ ဖ်ားလို႔ဖ်ားေနမွန္းမသိခင္ ပိုးဝင္ေနတတ္တယ္။ ကူးစက္ခံရဖို႔လည္း လြယ္တာေၾကာင့္ တခ်ိဳ႕ေတြဆို တုန္ေနေအာင္ ေၾကာက္တတ္ၾကတယ္။ တုပ္ေကြးျဖစ္ေနတုန္းမွာ ေနရထိုင္ရ ခက္ခဲတတ္ပါတယ္။ ဒါေပမဲ့ ကိုယ္ကိုယ္တိုင္က်န္းမာေအာင္၊ သူမ်ားေတြကို မပ်ံ႕ႏွံ႔ေအာင္ အိမ္မွာနည္းလမ္းတခ်ိဳ႕နဲ႔ ကာကြယ္လို႔ရတယ္။
1. ပါးစပ္နဲ႔ႏွာေခါင္းကို အုပ္ဆိုးပါ။
ႏွာေခ်ေခ်၊ ေခ်ာင္းဆိုးဆိုး ဗိုင္းရပ္စ္ပိုးေတြျပန႔္ၿပီး သူမ်ားေတြကို မကူးစက္ႏိုင္ေအာင္ တစ္႐ွဴးေတြ၊ လက္ကိုင္ပုဝါေတြနဲ႔ အုပ္ၿပီးဆိုးပါ။ ဒီလို တစ္႐ွဴးသုံးၿပီးတိုင္း လက္ကို ဆပ္ျပာနဲ႔ ေသခ်ာေဆးေပးပါ။
2. လက္ကို ေသခ်ာေဆးပါ။
လက္ေဆးတာဟာ တုပ္ေကြးမမိေအာင္၊ အေအးမမိေအာင္ ကာကြယ္ဖို႔ အေကာင္းဆုံးနည္းလမ္းပါပဲ။ ပိုးေသေအာင္ ဆပ္ျပာနဲ႔ စကၠန႔္ ၂၀ ေလာက္ ေသခ်ာေဆးေပးပါ။ စားၿပီးေသာက္ၿပီးတိုင္း၊ အိမ္သာတက္ၿပီးတိုင္း ကေလးေတြေရာ၊ သူငယ္ခ်င္းေတြေရာကို လက္ေဆးဖို႔ သတိေပးေနာ္။
3. အိမ္ကို ရွင္းလင္းပါ။
စားပြဲေတြ၊ ပန္းကန္ေဆးေဖာ့ေတြ၊ ေဘစင္ေတြ၊ အိမ္သာေတြလိုမ်ိဳး ေန႔တိုင္းသုံးေနက် ပစၥည္းေတြမွာ ပိုးေတြစုေနတတ္တယ္။ ဒါေၾကာင့္ ေဆးေၾကာတဲ့အခါတိုင္း ဘက္တီးရီးယားပိုးေတြ မေပါက္ဖြားရေအာင္ သတိထားေပးသင့္တယ္။
4. ကာကြယ္ေဆးေတြ အခ်ိန္မီ ထိုးေပးပါ။
တုပ္ေကြးဗိုင္းရပ္စ္ေတြကို ကာကြယ္ဖို႔ ကာကြယ္ေဆးေတြ အမ်ားႀကီးရွိတယ္။ ၆ လကေန လူႀကီးျဖစ္တဲ့အထိကို ပိုးမဝင္ေအာင္ ကာကြယ္ေဆးေတြထိုးဖို႔ လိုတယ္။
5. က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ ေနထိုင္ပါ။
တုပ္ေကြးအပါအဝင္ ေရာဂါပိုးမႊားေတြမျဖစ္ေအာင္ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ ေနထိုင္ဖို႔ အေရးႀကီးတယ္။ က်န္းမာဖို႔၊ ႀကံ့ခိုင္ဖို႔ ဒီနည္းလမ္းေတြနဲ႔ ႀကိဳးစားၾကည့္ပါ။
6. က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ စားပါ။
ဟင္းသီးဟင္း႐ြက္ေတြမွာ အင္တီေအာက္စီဒန႔္ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြနဲ႔ ဖိုင္တိုအာဟာရပစၥည္းေတြ ႂကြယ္ဝတယ္။ အမွ်င္ဓာတ္ေတြ၊ ဗီတာမင္ေတြ၊ အင္တီေအာက္စီဒန႔္ဓာတ္တိုး ဆန႔္က်င္ပစၥည္းေတြ၊ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ကာဗြန္ဟိုက္ဒရိတ္ေတြ၊ ပ႐ိုတင္းေတြႂကြယ္ဝတဲ့ အစားအေသာက္ေတြကို မ်ားမ်ားစားေပးပါ။
7. ေလ့က်င့္ခန္းလုပ္ပါ။
ေန႔တိုင္း ပုံမွန္ေလ့က်င့္ခန္းေတြ လုပ္ေပးပါ။ တစ္ေန႔ မိနစ္ 30 ေလာက္ ပုံမွန္လမ္းေလွ်ာက္႐ုံနဲ႔တင္ က်န္းမာေရးေကာင္းေစၿပီး တုပ္ေကြး၊ ဆီးခ်ိဳ၊ ေသြးတိုးေရာဂါေတြကို အတိုင္းအတာတစ္ခုအထိ ကာကြယ္ေပးႏိုင္တယ္။
8. ေရမ်ားမ်ားေသာက္ပါ။
ခႏၶာကိုယ္ကေန အဆိပ္အေတာက္ေတြကို ေျဖေဖ်ာက္ဖို႔ ေရက အရမ္းအေရးပါတယ္ေနာ္။ ဒါေၾကာင့္ တစ္ေန႔ ေရ 2 လီတာေလာက္ ေသာက္ေပးပါ။
9. ေနေရာင္ခံေပးပါ။
ကိုယ္တြင္း ခုခံအားေကာင္းေစဖို႔ ဗီတာမင္ဒီကို လိုအပ္တယ္။ ဒါေၾကာင့္ မနက္ခင္း ေနေရာင္ျခည္ကို ေကာင္းေကာင္း ရေအာင္ေနပါ။
10. ေကာင္းေကာင္းအိပ္စက္ပါ။
ေရာဂါေတြကို ေဝးေဝးေရွာင္ဖို႔ တစ္ေန႔ကို အနည္းဆုံး ၆ နာရီကေန ၈ နာရီေလာက္ထိ အိပ္ဖို႔လိုတယ္။
11. ေရာဂါျဖစ္ေနတဲ့လူနဲ႔ အထိအေတြ႕ကို ေရွာင္ပါ။
မိသားစုထဲမွာ တစ္ေယာက္ေယာက္ တုပ္ေကြးမိတဲ့အခါ -
● တုပ္ေကြးဟာ အလြန္ကူးစက္တတ္တာေၾကာင့္ ေရာဂါျဖစ္ေနသူနဲ႔ ျပဳစုသူကလြဲၿပီး က်န္အိမ္သားမ်ားက တတ္ႏိုင္သမွ် ေဝးေဝးေနပါ။
● ျပင္ပသို႔ ပိုးထပ္မံ မကူးစက္ေအာင္ ေရာဂါရွိေနသူကို အိမ္ထဲမွာပဲ ထားပါ။
● အဝတ္ေတြ၊ ပန္းကန္ခြက္ေယာက္ေတြ၊ အ႐ုပ္ေတြ၊ အသုံးအေဆာင္ေတြကို သပ္သပ္ထားပါ။
















