အူမကြီးကင်ဆာကို ကာကွယ်နိုင်ခြေရှိတဲ့ ဆေးနှစ်မျိုး
အူလမ်းကြောင်းမှာ တည်ရှိနေတတ်တဲ့ အသားပိုလေးတွေပာာ ကင်ဆာဖြစ်ဖို့ အလားအလာ အလွန်များနေတဲ့ အခြေအနေတစ်ရပ်ကို ထင်ပာပ်ပြသလျက်ရှိပါတယ်။ ဒီတော့ ဒီလို အသားပိုလေးတွေ ဖြစ်ပွားမှုကို သိသိသာသာ လျှော့ချပေးနိုင်တဲ့ ဆေးတွေရှိမလား။ သုတေသနတခုအရ အနေအထားတစ်ခုထိ တားဆီးပေးနို်င်တဲ့ ဆေးနှစ်မျိုး ရှိပါသတဲ့။ အများသိကြတဲ့ အက်စပရင်ဆေးဝါးနဲ့ အိုမီဂါသရီး ဖြစ်ပါတယ်။
လူပေါင်း ခုနှစ်ရာကျော်ကို ပြုလုပ်ခဲ့တဲ့ သုတေသနအရ အဖြေကတော့ ကျေနပ်ဖွယ်ဖြစ်ပါတယ်။ တချို့တွေကို အိုမီဂါသရီးနဲ့ အက်စပရင် သောက်သုံးစေပြီး တချို့တွေကိုတော့ အာနိသင် လုံးဝမရှိတဲ့ဆေးဝါး တိုက်ကျွေးစောင့်ကြည့်ခဲ့ပါတယ်။
● အက်စပရင်ဆေးဝါး သောက်သုံးတဲ့ လူတွေပာာ အာနိသင်မဲ့ဆေးဝါး သောက်သုံးတဲ့လူတွေထက် ၂၂ ရာခိုင်နှုန်းခန့် ပိုပြီး အူမကြီးအဖုအကျိတ် ဖြစ်ပွားမှု ပိုနည်းပါတယ်။
● အိုမီဂါသရီးဆေးဝါး သောက်သုံးတဲ့ လူတွေပာာ အာနိသင်မဲ့ဆေးဝါး သောက်သုံးသူတွေထက် ကိုးရာခိုင်နှုန်းခန့် ပိုပြီး အူမကြီးအဖုအကျိတ်ဖြစ်ပွားမှု ပိုမိုနည်းပါးလာတာ တွေ့ရပါတယ်။
ဒါဆို ဒီဈေးသက်သာတဲ့အပြင် ကာကွယ်နိုင်စွမ်း အာနိသင်ကောင်းနေတဲ့ ဆေးနှစ်မျိုး ပေါင်းစပ်မှုဆိုရင်ရော ပိုမိုအာနိသင် မကောင်းနိုင်ဘူးလား။ နှစ်မျိုးပေါင်းပာာ အူမကြီးကင်ဆာဖြစ်နိုင်တဲ့ အဖုအကျိတ် အသားပိုဖြစ်ပွားမှုကို သိသိသာသာ လျှော့ချနိုင်ခြေရှိနေတယ်လို့ ပညာရှင်တွေက သုံးသပ်ကြပါတယ်။
ဒီတော့ ဒီဆေးဝါးတွေရဲ့ အူမကြီး အသားပို ဖြစ်ပွားနှုန်း လျှော့ချနိုင်တာနဲ့ ပတ်သက်ပြီး ဆက်လက်ခိုင်မာတဲ့ သုတေသနတွေ ပြုလုပ်ဖို့ ရှိနေတာကြောင့် အားတက်စရာအခြေအနေကို ထပ်မံမျှော်လင့်ဖွယ်ရှိကြောင်း တင်ပြလိုက်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















