/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/အူမကြီးနှင့်-အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်ချေများသောအချက်များ

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာဖြစ်နိုင်ချေများသောအချက်များ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

        အူမကြီးကင်ဆာ 50% ကျော်က အသက် 50 နှစ်နဲ့အထက်မှာ အဖြစ်များပါတယ်။

1. မိမိကိုယ်တိုင် (သို့)  မိသားစုတွင်ယခင်က အူမကြီးကင်ဆာ၊ အူမကြီးတွင် အဖုအကြိတ်များဖြစ်ဖူးခြင်း၊ အူရောင်ရောဂါရှိခြင်း

2. ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း

3. ဆေးလိပ်သောက်ခြင်း

4. အရက်အလွန်အကျွံသောက်ခြင်း

5. ပြုပြင်ထားသောအသားများစွာပါ၀င်ပြီး အသီးအရွက်နှင့် သစ်သီးအနည်းငယ်သာပါဝင်သည့် အမျှင်ဓာတ်နည်းပြီး အဆီများသော အစားအစာများ အစားများခြင်း

       ဒီအူမကြီးကင်ဆာတွေကစောစောသိရင် အသက်ရှင်နိုင်ဖို့အခွင့်အရေးပိုများပါတယ်။ အူမကြီးထဲမှာ ပုံမှန်မဟုတ််တဲ့ဆဲလ်တွေ ကြီးထွားဖို့ 10 နှစ်မှ 15 နှစ် ကြာတဲ့အတွက် အူမကြီးထဲကိုမှန်ပြောင်းကြည့်ပြီး ပုံမှန်စစ်ဆေးမှုပြုလုပ်နေမယ်ဆိုရင် အဖုအကြိတ်တွေပေါ်လာရင် သူတို့ကနေပုံမှန်မဟုတ်တဲ့ဆဲလ်အဖြစ် မပြောင်းခင်မှာ စောစောဖယ်ရှားနိုင်လို့ အသက်ရှင်သန်နိုင်မှာဖြစ်ပါတယ်။

       လေ့လာမှုတစ်ခုအရ ကယ်လ်ဆီယမ်နဲ့ နို့ထွက်ပစ္စည်းများစားသုံးခြင်းက အူမကြီးကင်ဆာဖြစ်နိုင်ချေကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

Dr. Mya Myo Myo Swe

www.drmyanmar.com