အောင်အောင်မြင်မြင် ဗိုက်အဆီချဖို့ အရေးအကြီးဆုံးလေးချက်
(Zawgyi)
ႏွစ္သစ္မွာ ဗိုက္ေလး ခ်ပ္ခ်ပ္ရပ္ရပ္ျဖစ္လာဖို႔ ႀကိဳးစားေနသူေတြအတြက္ ေရႊေရာင္စည္းမ်ဥ္း ၄ ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
♦ မမွန္ကန္တဲ့ အစားအစာ စားသံုးမႈပံုစံေတြက သင့္ကို ဗိုက္ပူေစပါတယ္တဲ့။ ထမင္းမ်ားမ်ား၊ ပာင္းမ်ားမ်ား၊ အရြက္နည္းနည္း၊ အခ်ိဳရည္လည္းႀကိဳက္၊ ဘီယာဆိုလည္းမလြတ္ဆိုရင္ေတာ့ ဗိုက္ပူဖို႔ အခြင့္အလမ္း သိပ္မ်ားေနပါၿပီ။ ဒါေၾကာင့္ စားေသာက္မႈပံုစံကို ေျပာင္းဖို႔လိုပါတယ္။ ပန္းကန္ထဲမွာ အသီးအရြက္မ်ားမ်ား၊ ထမင္းနည္းနည္း၊ အသားအသင့္အတင့္ ထည့္ထားၿပီး ေရသန္႔ တစ္ဖန္ခြက္နဲ႔ဆို က်န္းမာေရးနဲ႔ ညီညြတ္ၿပီး ဗိုက္ပူတာကို ကာကြယ္ေပးသြားမွာပါ။
♦ လမ္း ခပ္သြက္သြက္ ေလွ်ာက္တာ၊ ေျပးတာ၊ စက္ဘီးစီးတာ၊ ေရကူးတာေတြက တစ္ကုိယ္လံုးႂကြက္သားေတြကို လႈပ္ရွားေစၿပီး အဆီက်က်စ္လ်စ္ေစပါတယ္။ ဗိုက္က်ဖို႔ကြက္ေဆာ့တာက ပင္ပန္းသေလာက္ ဒီလို႐ိုးရွင္းတဲ့ ေလ့က်င့္ခန္းေတြက ေပါင္နဲ႔ ၀မ္းဗိုက္က ကယ္လိုရီေတြကို မ်ားမ်ားေလာင္ကၽြမ္းေစပါတယ္။ ဒါေတြကို တစ္ပတ္ကို သံုးရက္ေလာက္ လုပ္ေပးသင့္ပါတယ္။
Enervon-C Adult 1

♦ ေနာက္တစ္မ်ိဳးက ျပင္းထန္အဆင့္ ေလ့က်င့္ခန္းေတြကို မိနစ္သံုးဆယ္ခန္႔ ေဆာ့လိုက္၊ အားသိပ္မထည့္ရတဲ့ ေလ့က်င့္ခန္းေတြကို ကစားလိုက္၊ နားလိုက္ ပံုစံမ်ိဳး တစ္လွည့္စီသြားတာက ေတာက္ေလွ်ာက္ စက္ဘီးစီးတာ လမ္းေလွ်ာက္တာေတြထက္ ပိုျမန္ျမန္ ဗိုက္က်ေစပါတယ္တဲ့။
♦ အေလးမ၊ ထိုင္ထ၊ အိပ္ထမတင္ ေလ့က်င့္ခန္းေတြက ႂကြက္သားေတြကို ေလ့က်င့္ေပးတာ ျဖစ္တဲ့အတြက္ အေတာ္ထိေရာက္တဲ့ ဗိုက္ခ်လမ္းစဥ္ပါ။ ႂကြက္သားမ်ားေလ အဆီနည္းလာေလ နဂိုထက္ ပိုမိုက်စ္လ်စ္လာေလ ျဖစ္ပါတယ္။
တကယ္ေတာ့ ဘယ္နည္းနဲ႔ပဲ ဗိုက္ခ်ခ် ၀မ္းဗိုက္အဆီခ်ျခင္းျဖင့္ ေသြးတိုး၊ ဆီးခ်ိဳ၊ နွလံုးေရာဂါေတြကို ထိေရာက္စြာ ကာကြယ္လိုက္နိုင္မွာမို႔ ေကာင္းမြန္သင့္ေတာ္တဲ့ က်န္းမာေရးတိုးတက္မႈ အေရြ႕တစ္ခုဆီကို တက္လွမ္းနိုင္တာ ျဖစ္ပါတယ္။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)
Enervon-C Adult 2

(Unicode)
နှစ်သစ်မှာ ဗိုက်လေး ချပ်ချပ်ရပ်ရပ်ဖြစ်လာဖို့ ကြိုးစားနေသူတွေအတွက် ရွှေရောင်စည်းမျဉ်း ၄ ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။
♦ မမှန်ကန်တဲ့ အစားအစာ စားသုံးမှုပုံစံတွေက သင့်ကို ဗိုက်ပူစေပါတယ်တဲ့။ ထမင်းများများ၊ ပာင်းများများ၊ အရွက်နည်းနည်း၊ အချိုရည်လည်းကြိုက်၊ ဘီယာဆိုလည်းမလွတ်ဆိုရင်တော့ ဗိုက်ပူဖို့ အခွင့်အလမ်း သိပ်များနေပါပြီ။ ဒါကြောင့် စားသောက်မှုပုံစံကို ပြောင်းဖို့လိုပါတယ်။ ပန်းကန်ထဲမှာ အသီးအရွက်များများ၊ ထမင်းနည်းနည်း၊ အသားအသင့်အတင့် ထည့်ထားပြီး ရေသန့် တစ်ဖန်ခွက်နဲ့ဆို ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဗိုက်ပူတာကို ကာကွယ်ပေးသွားမှာပါ။
♦ လမ်း ခပ်သွက်သွက် လျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ၊ ရေကူးတာတွေက တစ်ကိုယ်လုံးကြွက်သားတွေကို လှုပ်ရှားစေပြီး အဆီကျကျစ်လျစ်စေပါတယ်။ ဗိုက်ကျဖို့ကွက်ဆော့တာက ပင်ပန်းသလောက် ဒီလိုရိုးရှင်းတဲ့ လေ့ကျင့်ခန်းတွေက ပေါင်နဲ့ ဝမ်းဗိုက်က ကယ်လိုရီတွေကို များများလောင်ကျွမ်းစေပါတယ်။ ဒါတွေကို တစ်ပတ်ကို သုံးရက်လောက် လုပ်ပေးသင့်ပါတယ်။
♦ နောက်တစ်မျိုးက ပြင်းထန်အဆင့် လေ့ကျင့်ခန်းတွေကို မိနစ်သုံးဆယ်ခန့် ဆော့လိုက်၊ အားသိပ်မထည့်ရတဲ့ လေ့ကျင့်ခန်းတွေကို ကစားလိုက်၊ နားလိုက် ပုံစံမျိုး တစ်လှည့်စီသွားတာက တောက်လျှောက် စက်ဘီးစီးတာ လမ်းလျှောက်တာတွေထက် ပိုမြန်မြန် ဗိုက်ကျစေပါတယ်တဲ့။
♦ အလေးမ၊ ထိုင်ထ၊ အိပ်ထမတင် လေ့ကျင့်ခန်းတွေက ကြွက်သားတွေကို လေ့ကျင့်ပေးတာ ဖြစ်တဲ့အတွက် အတော်ထိရောက်တဲ့ ဗိုက်ချလမ်းစဉ်ပါ။ ကြွက်သားများလေ အဆီနည်းလာလေ နဂိုထက် ပိုမိုကျစ်လျစ်လာလေ ဖြစ်ပါတယ်။
တကယ်တော့ ဘယ်နည်းနဲ့ပဲ ဗိုက်ချချ ဝမ်းဗိုက်အဆီချခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတွေကို ထိရောက်စွာ ကာကွယ်လိုက်နိုင်မှာမို့ ကောင်းမွန်သင့်တော်တဲ့ ကျန်းမာရေးတိုးတက်မှု အရွေ့တစ်ခုဆီကို တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)















