၀ိတိုရိယဆေးရုံမှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်များအား အခမဲ့ခွဲစိတ်ပေးမည့် အစီအစဉ်ပြုလုပ်မည်
၀ိတိုရိယကျန်းမာရေးထောက်ပံ့ကူညီစောင့်ရှောက်မှုဖောင်ဒေးရှင်းနှင့် အမေရိကန်နိုင်ငံ Alliance for Smile Organization တို့ ပူးပေါင်းပြီး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးများကို လှပသော အပြုံးပိုင်ရှင်လေးများဖြစ်စေရန်ရည်ရွယ်၍ သေသပ်လှပကောင်းမွန်စွာခွဲစိတ်ပေးမည့်အစီအစဉ်ကို ပဉ္စမအကြိမ်မြောက်အဖြစ် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါအခမဲ့ခွဲစိတ်မှုအစီအစဉ်ကို အောက်တိုဘာလ (2)ရက်မှ (13)ရက်အတွင်း ၀ိတိုရိယဆေးရုံ၌ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး ခွဲစိတ်ကုသလိုသူများအနေဖြင့် ဇူလိုင်လ 30 ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်သည်။ ခွဲစိတ်ကုသရန် ကလေးအထူးကုဆရာ၀န်ကြီးနှင့် ပြသလိုသူများအနေဖြင့် သြဂုတ်လ 1 ရက်နေ့မှစတင်ပြီး ပြသနိုင်မည်ဖြစ်သည်။
ထို့အပြင် နယ်ေ၀းမှ လာရောက်ခွဲစိတ်မှုခံယူမည့်သူများအား နေထိုင်စရာအပြင် ကလေးနှင့်အုပ်ထိန်းသူအတွက်ပါ စားသောက်ရေးအတွက် ပံ့ပိုးပေးသွားမည်ဟုလည်း သိရသည်။
စာရင်းပေးသွင်းလိုပါက ၀ိတိုရိယဆေးရုံ၏ Hunt Line: 019666141,Hot Lines: 09783666141, 09783666142, 09783666143, 09783666144 သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်မည် ဖြစ်သည်။
May Su Hlaing (www.drmyanmar.com)















