/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၀ိတ်ချနေစဉ်-မဖြစ်မနေ-လိုက်နာရမယ့်-အစားကျင့်စဉ်-၆-သွယ်

၀ိတ်ချနေစဉ် မဖြစ်မနေ လိုက်နာရမယ့် အစားကျင့်စဉ် (၆) သွယ်

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

          ကိုယ်အလေးချိန် တကယ်ချနေပြီဆိုရင် မလိုက်နာလို့မဖြစ်တဲ့ အစားကျင့်စဉ်ဆိုတာ ရှိပါသတဲ့။ ဘယ်လောက်ပဲ ချချင်ချင် ဒါလေးတွေ လိုက်မလုပ်ဘူးဆိုရင် ကြိုးစားသမျှ သဲထဲရေသွန် ဖြစ်နိုင်ပါတယ်နော်။ အဆီတစ်ပေါင်မှာ ၃၅၀၀ ကယ်လိုရီ ပါပါသတဲ့။ ဒီတော့ တစ်ပတ်ကို တစ်ပေါင်လောက် ချမယ်ဆိုရင် ၃၅၀၀ ကယ်လိုရီ လျှော့ကို လျှော့ရမယ်လေ။ ဒီတော့ တစ်ရက်ကို စားနေကျထက် ၅၀၀ ကယ်လိုရီလောက် လျှော့ချဖို့ လိုအပ်လာတာကို ပြသနေတာ ဖြစ်ပါတယ်။ ဒါလေးတွေက ရိုးရှင်းသလောက် အလုပ်ဖြစ်တာမို့ ဖတ်ကြည့်ပါဦး။

♦        တကယ် ဆာမှစားပါ။ တစ်ရက်ကို သုံးကြိမ် သို့မပာုတ် ၆ ကြိမ်ခန့်ကိုမှ အစား ပေါ့ပေါ့ပါးပါးလေးတွေ မကြာခဏ စားတာမျိုးလည်း အဆင်ပြေပါတယ်။

♦        ညစာ ရှောင်တာ၊ နေ့လယ်စာ မစားတော့တာ မလုပ်ပါနဲ့။ စားရမယ့်အချိန်မှာ စားသင့်တာကို စားကို စားလို်က်ပါ။ အဆာခံခြင်းဖြင့် နဂိုထက် ပိုဆာလာပြီး တကယ်လည်းစားရော အများကြီး စားမိစေပါတယ်။

♦        မဝလို့ ထပ်မယူခင် ၅ မိနစ်လောက် စောင့်ပါဦး။ တကယ်ထပ်စားဖို့ လို၊ မလို စဉ်းစဉ်းစားစားလေးတော့ လုပ်စေချင်။ ခန္ဓာကို်ယ်အနေနဲ့ ဝ၊ မဝ ဆုံးဖြတ်ဖို့ အချိန်လေးတစ်ခုတော့ လိုပါတယ်နော်။

♦        ပြုပြင်မထားတဲ့ အစားအစာတွေ ပိုစားပါ။ ဥပမာ - လတ်ဆတ်တဲ့ အသီးအရွက်တွေကို အစိမ်း စားတာ၊ ပေါင်းစား၊ ရေနွေးဖျော စားသုံးပါ။ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်အစား ငါး လတ်လတ်ဆတ်ဆတ် ချက်စားတာမျိုးပေါ့။ ကြက်အူချောင်းတွေ၊ ဝက်ပေါင်ခြောက်တွေအစား ကြက်သား၊ ဝက်သား ကောင်းကောင်းလေး ချက်စားတာ ပိုမိုက်တယ်နော်။

♦        အဆီများတဲ့၊ အချိုကဲတဲ့၊ အသင့်စား ရယ်ဒီမိတ် အစားအစာတွေ၊ သံဘူး၊ ပုလင်းအချိုရည်တွေ လုံးဝရှောင်ကြဉ်လိုက်ပါ။

♦        ရေသန့်ကိုသာ တစ်လီတာပြီး တစ်လီတာ မက်မက်မောမော သောက်သုံးပါ။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)