/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/၂၀၁၉-အတွင်း-အဖြစ်အများဆုံး-စိတ်ကျန်းမာရေး-ပြဿနာများ

၂၀၁၉ အတွင်း အဖြစ်အများဆုံး စိတ်ကျန်းမာရေး ပြဿနာများ

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

         ယနေ့ခေတ်မှာ ပြိုင်ဆိုင်မှုများ ပြင်းထန်လာတာနဲ့အမျှ အလုပ်နဲ့မိသားစုရေးရာမှာ ဖိအားတွေ များပြားလာပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ စိတ်ဖိစီးမှုများ စုပုံလာရာကနေ စိတ်ဓာတ်ကျခြင်းနဲ့ အခြားစိတ်ရောဂါများဖြင့် ရင်ဆိုင်ကြရပါတယ်။

(၁)     စိတ်ကျန်းမာရေးအခြေအနေ ဆိုးရွားမှုတွေဟာ အရှိန်အဟုန် မြင့်မားလာပါတယ်။
         လေ့လာချက်တွေအရ အိန္ဒိယနိုင်ငံရဲ့ ၁၄.၃ ရာနှုန်းလောက်ဟာ စိတ်ကျန်းမာရေးပြဿနာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။ အများဆုံးကတော့ စိတ်ဓာတ်ကျရောဂါ ဖြစ်ပါတယ်။

(၂)     ဆေးစွဲခြင်း
         ၂၀၁၉ ခုနှစ်အတွင်း ဆေးစွဲတဲ့ဖြစ်စဉ် အတော်များပြားခဲ့ပါတယ်။ အသက် ၁၆-၃၄ နှစ်အရွယ် အုပ်စုများတွင် ဆေးစွဲနေကြတာ ဖြစ်ပါတယ်။ ဆေးခြောက်သုံးခြင်းဟာ အပြင်ပန်းကြည့်ရင် အန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် ဦးနှောက်တွင်းရှိ ဓာတုပစ္စည်းတွေကို အထိမ်းအချုပ်မရှိ ထွက်စေတာမို့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကို ဦးတည်ဖြစ်ပေါ်စေပါတယ်။

(၃)     စိတ်အပြောင်းအလဲ မြန်ရောဂါ
         လူငယ်များတွင် အဖြစ်များတတ်ပါတယ်။ အလွန်စိတ်ထိခိုက်လွယ်တတ်ပြီး ရန်လိုနေတတ်ကာ စိတ်အတက်အကျမြန်သော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီလိုလူတွေအနေနဲ့ စိတ်တိုစရာ အကြောင်းတစ်ခုရှိတာနဲ့ လက်ကောက်ဝတ်ကို ဓားဖြင့်လှီးခြင်းဖြင့် သတ်သေဖို့ ကြိုးစားတတ်ကြပါတယ်။ ချစ်မှုရေးရာနဲ့ စာသင်ကြားရေးကိစ္စတွေမှာလည်း ပြဿနာများစွာ တွေ့ရတတ်ပါတယ်။ အသက် ၂၅-၃၈ နှစ်အတွင်း ပိုအဖြစ်များတတ်ပါတယ်။

(၄)     လိင်ကိစ္စဆိုင်ရာ စိတ်ရောဂါများ
         လိင်တူစိတ်ဝင်စားမှု ကိစ္စရပ်တွေဟာ ၂၀၁၉ အတွင်း အဖြစ်များလာတာ လူတိုင်းသိရှိကြမှာပါ။

(၅)     Spectrum disorders ခေါ် စိတ်ရောဂါအမျိုးမျိုး
         အမျိုးသမီးတွေ ရာသီမလာခင်ဖြစ်တတ်သော စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ၊ မြေကြီးများကို စားချင်သောစိတ်ရောဂါ၊ အရေပြားများကို ဆိတ်ဖဲ့သောစိတ်ရောဂါ၊ ဂိမ်းစွဲလွန်ရောဂါစသော စိတ်ရောဂါအမျိုးမျိုးအပြင် Schizophrenia၊ စိတ်စွဲလမ်းလွန်ရောဂါ၊ Autism Spectrum Disorder စသည့် စိတ်ရောဂါအမျိုးမျိုးကို ဆိုလိုပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)