8 လအရွယ်ကလေးငယ်များအတွက် ဖြည့်စွက်စာ
Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ
"ကလေးငယ်များနှင့် ဖြည့်စွက်စာ" အစီအစဉ်ကို အပတ်စဉ်တင်ဆက်ပေးလာတာ အခုဆိုရင် 7 ပတ်မြောက်ကို ရောက်ရှိလာခဲ့ပါပြီ...
ဒီတစ်ပတ်မှာတော့ 8 လအရွယ် သားသား၊ မီးမီးလေးတွေကို ဒိန်ချဉ်၊ Cheese တို့ကို စကျေွးသင့်ပြီဆိုတဲ့အကြောင်းနဲ့ ဘယ်ရက်တွေ၊ ဘယ်အချိန်တွေမှာ ကျေွးသင့်တယ်ဆိုတာတွေကို အာဟာရဆိုင်ရာ အထူးကုဆရာ၀န်ကြီး Dr. ဒေါ်၀င်း၀င်းမြင့်က ပြောကြားပေးသွားမှာ ဖြစ်ပါတယ်။
8 လအရွယ်ကလေးတွေအတွက် အစာပြေစားစရာ လုပ်ပုံလုပ်နညး်တွေကိုတော့ အစားအသောက်ချက်ပြုတ်နည်းသင်တန်း ဆရာမ မသီတာလေးလေး (Thida Lay Lay) က ပြင်ဆင်ချက်ပြုတ်ပြသပေးသွားတာ ဖြစ်ပါတယ်။
















