Covid-19 နဲ့ တခြားကိုရိုနာဗိုင်းရပ်စ်တွေရဲ့ ကွာခြားချက်
ကိုရိုနာဗိုင်းရပ်စ်တွေဟာ လူတွေမှာ အသက်ရှူလမ်းကြောင်းကို ပြဿနာပေးပါတယ်။ ကိုရိုနာဆိုတာ လက်တင်ဘာသာစကားနဲ့ဆိုရင် သရဖူလို့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိုင်ခရိုစကုတ်အောက်မှာကြည့်လိုက်ရင် ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အချွန်အတက်တွေထွက်နေတဲ့ သရဖူနဲ့ တူနေလို့ပါတဲ့။
ကိုရိုနာဗိုင်းရပ်စ်ဟာ တိရစ္ဆာန်တွေကို အဓိကဒုက္ခပေးပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးက ပုံစံပြောင်းလဲသွားတဲ့အခါ လူကို ကူးစက်ပါတယ်။ ပုံစံအများကြီးပြောင်းတဲ့အခါ လူတွေကြားထဲ အရမ်းကူးစက်နှုန်း မြန်လာပါတယ်။
လတ်တလောကပ်ရောဂါ ဖြစ်နေတာ ဒီပြဿနာကြောင့်ပါ။
ဆားစ် (SARS) ရောဂါဆိုတာ ၂၀၀၃ ခုနှစ်မှာ အာရှတစ်ဝိုက် ကပ်ရောဂါအသွင်ဆောင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပါပဲ။
ဆားစ်ရောဂါဟာ လူတစ်ယောက်မှာ ရောဂါလက္ခဏာရှိရင် ပိုပြီးကူးစက်လွယ်ပါတယ်။ အခုကျတော့ လက္ခဏာအနည်းအကျဉ်း၊ မရှိသလောက်လက္ခဏာရှိသူတွေမှာတောင် ကူးစက်နေတာကို တွေ့ရပါတယ်။
ဆားစ်ကပ်ရောဂါမှာ လူပေါင်း ၈၀၀၀ လောက် ကူးစက်ခံရပြီး လူပေါင်း ၈၀၀ လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။ ဆားစ်ဟာ Covid-19 ထက်စာရင် သေနှုန်းပိုများပေမယ့် ရောဂါလက္ခဏာရှိမှသာ ကူးစက်ပါတယ်။
Immunace 1
နောက် မားစ် (MERS) ဆိုတာဟာလည်း ၂၀၁၂ မှာ အရှေ့အလယ်ပိုင်းဒေသမှာ ကပ်ရောဂါဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးပါပဲ။
မားစ်ရောဂါဟာလည်း ကူးစက်နှုန်းမများပေမယ့် သေဆုံးနှုန်းများပါတယ်။ ဆားစ်ရောဂါထက်တောင် ပိုများသေးတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်အတွင်းမှာ လူပေါင်း ၂၅၀၀ လောက်ကိုသာ ကူးစက်ခဲ့ပါတယ်။ ဒီအချက်က Covid-19 ထက်ကို ပိုပြီးကူးစက်နှုန်း နည်းတယ်ဆိုတာကို ပြနေတာပါ။
မားစ်တို့၊ ဆားစ်တို့ထက် သေနှုန်းမများဘဲနဲ့ ဘာလို့ Covid-19 ကို အာရုံစိုက်နေကြသလဲ မေးစရာဖြစ်လာမှာပေါ့။
ရှင်းရှင်းပြောရမယ်ဆိုရင် အရမ်းကူးစက်လွယ်ပြီးတော့ ရိုးရိုးရာသီပေါ်တုပ်ကွေးထက်ကို သေဆုံးနှုန်း ၁၀ ဆ ပိုများလို့ပါပဲ။
၂၀၂၀၊ ဧပြီ ၁ရက်နေ့မှာ Covid-19 ကူးစက်ခံရသူပေါင်း ၉၀၀,၀၀၀ ရှိနေပါပြီ။
ဒီပိုးဟာ လူအချင်းချင်း နီးနီးကပ်ကပ် ဆက်ဆံရုံနဲ့တင် ကူးစက်နိုင်ပါတယ်။ ဒါကြောင့်လည်း လူတစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ် မဆက်ဆံဘဲ ခပ်ဝေးဝေးနေဖို့က ရောဂါကာကွယ်ရေးမှာ အရေးကြီးနေတာ ဖြစ်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)
Immunace 2
(Zawgyi)
ကို႐ိုနာဗိုင္းရပ္စ္ေတြဟာ လူေတြမွာ အသက္႐ွဴလမ္းေၾကာင္းကို ျပႆနာေပးပါတယ္။ ကို႐ိုနာဆိုတာ လက္တင္ဘာသာစကားနဲ႔ဆိုရင္ သရဖူလို႔ အဓိပၸာယ္သက္ေရာက္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ မိုင္ခ႐ိုစကုတ္ေအာက္မွာၾကည့္လိုက္ရင္ ကို႐ိုနာဗိုင္းရပ္စ္ပိုးဟာ အခြၽန္အတက္ေတြထြက္ေနတဲ့ သရဖူနဲ႔ တူေနလို႔ပါတဲ့။
ကို႐ိုနာဗိုင္းရပ္စ္ဟာ တိရစာၦန္ေတြကို အဓိကဒုကၡေပးပါတယ္။ ဒါေပမဲ့ ဗိုင္းရပ္စ္ပိုးက ပုံစံေျပာင္းလဲသြားတဲ့အခါ လူကို ကူးစက္ပါတယ္။ ပုံစံအမ်ားႀကီးေျပာင္းတဲ့အခါ လူေတြၾကားထဲ အရမ္းကူးစက္ႏႈန္း ျမန္လာပါတယ္။
လတ္တေလာကပ္ေရာဂါ ျဖစ္ေနတာ ဒီျပႆနာေၾကာင့္ပါ။
ဆားစ္ (SARS) ေရာဂါဆိုတာ ၂၀၀၃ ခုႏွစ္မွာ အာရွတစ္ဝိုက္ ကပ္ေရာဂါအသြင္ေဆာင္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးပါပဲ။
ဆားစ္ေရာဂါဟာ လူတစ္ေယာက္မွာ ေရာဂါလကၡဏာရွိရင္ ပိုၿပီးကူးစက္လြယ္ပါတယ္။ အခုက်ေတာ့ လကၡဏာအနည္းအက်ဥ္း၊ မရွိသေလာက္လကၡဏာရွိသူေတြမွာေတာင္ ကူးစက္ေနတာကို ေတြ႕ရပါတယ္။
ဆားစ္ကပ္ေရာဂါမွာ လူေပါင္း ၈၀၀၀ ေလာက္ ကူးစက္ခံရၿပီး လူေပါင္း ၈၀၀ ေလာက္ အသက္ဆုံး႐ႈံးခဲ့ပါတယ္။ ဆားစ္ဟာ Covid-19 ထက္စာရင္ ေသႏႈန္းပိုမ်ားေပမယ့္ ေရာဂါလကၡဏာရွိမွသာ ကူးစက္ပါတယ္။
ေနာက္ မားစ္ (MERS) ဆိုတာဟာလည္း ၂၀၁၂ မွာ အေရွ႕အလယ္ပိုင္းေဒသမွာ ကပ္ေရာဂါျဖစ္ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးပါပဲ။
မားစ္ေရာဂါဟာလည္း ကူးစက္ႏႈန္းမမ်ားေပမယ့္ ေသဆုံးႏႈန္းမ်ားပါတယ္။ ဆားစ္ေရာဂါထက္ေတာင္ ပိုမ်ားေသးတယ္လို႔ ဆိုပါတယ္။ လြန္ခဲ့တဲ့ ၈ ႏွစ္အတြင္းမွာ လူေပါင္း ၂၅၀၀ ေလာက္ကိုသာ ကူးစက္ခဲ့ပါတယ္။ ဒီအခ်က္က Covid-19 ထက္ကို ပိုၿပီးကူးစက္ႏႈန္း နည္းတယ္ဆိုတာကို ျပေနတာပါ။
မားစ္တို႔၊ ဆားစ္တို႔ထက္ ေသႏႈန္းမမ်ားဘဲနဲ႔ ဘာလို႔ Covid-19 ကို အာ႐ုံစိုက္ေနၾကသလဲ ေမးစရာျဖစ္လာမွာေပါ့။
ရွင္းရွင္းေျပာရမယ္ဆိုရင္ အရမ္းကူးစက္လြယ္ၿပီးေတာ့ ႐ိုး႐ိုးရာသီေပၚတုပ္ေကြးထက္ကို ေသဆုံးႏႈန္း ၁၀ ဆ ပိုမ်ားလို႔ပါပဲ။
၂၀၂၀၊ ဧၿပီ ၁ရက္ေန႔မွာ Covid-19 ကူးစက္ခံရသူေပါင္း ၉၀၀,၀၀၀ ရွိေနပါၿပီ။
ဒီပိုးဟာ လူအခ်င္းခ်င္း နီးနီးကပ္ကပ္ ဆက္ဆံ႐ုံနဲ႔တင္ ကူးစက္ႏိုင္ပါတယ္။ ဒါေၾကာင့္လည္း လူတစ္ဦးနဲ႔တစ္ဦး နီးနီးကပ္ကပ္ မဆက္ဆံဘဲ ခပ္ေဝးေဝးေနဖို႔က ေရာဂါကာကြယ္ေရးမွာ အေရးႀကီးေနတာ ျဖစ္ပါတယ္။
Dr. Mya Phoo Ngon (www.drmyanmar.com)
















