/
news/ကျန်းမာရေး-ဆိုင်ရာဗဟုသုတများ/vitamin-d-ဗီတာမင်ဒီ-ကို-မနက်ပိုင်းမှာ-သောက်ရမလား-ညပိုင်းမှာ

Vitamin D (ဗီတာမင်ဒီ) ကို မနက်ပိုင်းမှာ သောက်ရမလား? ညပိုင်းမှာ သောက်ရမလား?

Category
ကျန်းမာရေး ဆိုင်ရာဗဟုသုတများ

​     လူအများစုက ဗီတာမင်ဒီကို မနက်စာ (သို့) နေ့လည်စာ စားပြီးချိန်တွေမှာ သောက်ရတာကို ပိုကြိုက်ကြပါတယ်။ နေ့စဉ် အလေ့အကျင့်တစ်ခုလို ပုံမှန်သောက်ဖြစ်ဖို့ လွယ်ကူတာကြောင့်ပါ။

Ultra D3 IA 1

     အချို့ကတော့ ညပိုင်းမှာ ဗီတာမင်ဒီ သောက်တာကို ရှောင်ကြပါတယ်။ အကြောင်းကတော့ ဗီတာမင်ဒီဟာ စီရိုတိုနင် (serotonin) ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်ပြီး အိပ်စက်ခြင်းကို ထိန်းချုပ်ပေးတဲ့ မယ်လာတိုနင် (melatonin) ဟော်မုန်းအပေါ် သက်ရောက်မှု ရှိနိုင်တယ်လို့ ယူဆကြလို့ပါ။ ဒါပေမဲ့လည်း ခိုင်မာတဲ့ သက်သေအထောက်အထားတော့ မရှိသေးပါဘူး။

     ​အရေးကြီးတဲ့အချက်က မနက်၊ နေ့လည်၊ ည ဘယ်အချိန်မှာပဲသောက်သောက် ပုံမှန် သောက်သုံးပေးဖို့ပါပဲ။ ဒါမှလည်း သွေးတွင်း ဗီတာမင်ဒီပမာဏကို ပုံမှန် ထိန်းသိမ်းနိုင်မှာပါ။

Ultra D3 IA 2

     ဗီတာမင်ဒီဟာ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင် (fat-soluble vitamin) အမျိုးအစား ဖြစ်တာကြောင့် အဆီဓာတ်အနည်းငယ် ပါဝင်တဲ့ အစားအစာတွေနဲ့ တွဲဖက်သောက်သုံးမှ ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

     ဒါကြောင့် မိမိတို့ရဲ့ နေ့စဉ် လူနေမှုဘဝ လှုပ်ရှားမှုနဲ့ အဆင်ပြေဆုံးအချိန်ကို ရွေးချယ်ပြီးတော့ မနက်စာ၊ နေ့လည်စာ (သို့) ညစာ စားပြီးချိန်တွေမှာ ဗီတာမင်ဒီကို သောက်သုံးကြဖို့ အကြံပြုလိုပါတယ်။

www.drmyanmar.com