/
news/ဂျာနယ်များ၊-မဂ္ဂဇင်းများနှင့်-သတင်းများ/“ဘမ်ရွန်ဂရက်-ကျန်းမာရေးပွဲတော်”ကို်

“ဘမ်ရွန်ဂရက် ကျန်းမာရေးပွဲတော်”ကို် ရန်ကုန်ပန်းချီပြခန်းတွင် စိတ်၀င်စားဖွယ်ရာ အစီအစဉ်ကောင်းများစွာဖြင့် ကျင်းပမည်

Category
ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် သတင်းများ

          "ဘမ်ရွန်ဂရက်ကျန်းမာရေးပွဲတော် - ရန်ကုန်၊ သင့်လက်တစ်ကမ်းတွင်ရှိသော ကမ္ဘာ့အဆင့်မီ ကျန်းမာရေးစောင့်ရှောက်မှု" ဟူသည့် ဆေးပညာပြပွဲကြီးအား ၂၀၁၆ ခုနှစ်၊ နို၀င်ဘာလ ၆ ရက်တွင် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ရန်ကုန်မြို့ အလုံလမ်းရှိ ပြည်သူ့ဥယျာဉ် နက္ခတ်တာရာပြခန်းအနီးမှ ရန်ကုန်ပန်ချီပြခန်း (The Yangon Gallery) ခန်းမအတွင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

          ဘရွန်ဂရက် အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးသည် Yangon International Medical Services နှင့် အတူ တစ်ခုတည်းနှင့် အလုံးစုံပါ၀င်သော ဆေးပညာဟောပြောပွဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆွေးနွေးပွဲ၊ ခရီးသွားလာမှု စီစဉ်ခြင်းပြပွဲ စသည်ဖြင့် တစ်နေရာတည်းနှင့် အားလုံးရနိုင်သော ပြပွဲတစ်ခုအား ရည်မှန်းကာ ရန်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်သည်။

          အဆိုပါပွဲတွင် ကျန်းမာရေးဗဟုသုတများ မျှေ၀ပေးသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရှိ ဘမ်ရွန်ဂရက် အပြည်ပြည်ဆိုင်ရာ ဆေးရုံကြီးတွင်ရှိသော ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာများနှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကာ အခမ်းအနားသို့ လာရောက်သူများအတွက် ကံစမ်းမဲများ ကံစမ်းနိုင်သော အခွင့်အလမ်းများလည်း စီစဉ်ထားကြောင်း သိရသည်။

          ဘရွန်ဂရက် ကျန်းမာရေးပွဲတော်၏ အစီအစဉ်များတွင် နှလုံးသွေးလွှတ်ကြောရောဂါ၊ အဆုတ်ကင်ဆာ၊ အသည်းရောင်အသားဝါ - စီရောဂါများအကြောင်းကို ဘရွန်ဂရက်ဆေးရုံကြီးမှ အထူးကုဆရာ၀န်ကြီးများက ဟောပြောပေးသွားမည်ဟုလည်း သတင်းရရှိသည်။

 

May Su Hlaing

www.drmyanmar.com