ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အသည်းရောင် C ပိုး စားဆေးနဲ့ ကုနိုင်တော့မယ်
အသည်းရောင် C ပိုး ကုရန်အတွက် အမေရိကန် Gilead ကုမ္ပဏီကြီးက အလွန်နာမည်ကျော် တဲ့ ဆေးတစ်ပြားကို ဒေါ်လာ 1000/- တန် Sofosbuvir (Sovaldi) ဆေးကို ဖွ့ံဖြိုးဆဲနိုင်ငံ 91 နိုင်ငံမှာ တစ်လစာကျပ် 300,000/- ခန့် နဲ့ 3 လ၊ 6 လ ကုရုံမျှနဲ့ ပျောက်ကင်းနိုင်အောင် စီစဉ်ပေးလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှ Generic ဈေးချိုတဲ့ဆေးများ 2015 ခုနှစ်မှာ ထွက်ရှိလာပြီး စတင်အသုံးပြုတဲ့အခါ Gilead ကုမ္ပဏီကြီးကို ေ၀ဖန်မှုအမျိုးမျိုးနဲ့ ကြုံနေရပါတယ်။ ပရဟိတ အသင်းအဖွဲ့ဖြစ်တဲ့ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့က ဖွ့ံဖြိုးဆဲနိုင်ငံတွေမှာ ဈေးမချဘဲ ဈေးချိုတဲ့ ဆေးတွေ ဖွ့ံဖြိုးဆဲနိုင်ငံတွေကို မရောက်ရှိရအောင် အလွန်အကျွံစည်း ကြပ်စစ်ဆေးနေမှုအတွက် အထူးေ၀ဖန်နေကြပါတယ်။
ဒါဟာ ဆေးကုမ္ပဏီကြီးတစ်ခုရဲ့ ပထမဦးဆုံးအကြိမ် ကမ်ဘာ့အနှံ့အပြားမှာ အလွန်ကွာခြားတဲ့ ဈေးနှုန်းနဲ့ဖြန့် ေ၀ရောင်းချမှု စနစ်သစ်တစ်ခုကို စမ်းသပ်ချက်ဖြစ်နေပါတယ်။ ကုမ္ပဏီရဲ့ မူဝါဒကတော့ ချမ်းသာတဲ့နိုင်ငံတွေက လုံလောက်အောင် အမြတ်အစွန်းပြန်ရနေတဲ့အတွက် ဆင်းရဲတဲ့နိုင်ငံတွေက အသည်းရောင် C ပိုး လူနာတွေ လက်လှမ်းမီအောင် လုပ်ပေးတာလို့ဆိုတယ်။ နယ်စည်းမခြား ဆရာ၀န်များအဖွဲ့က ချမ်းသာတဲ့ အာရှနိုင်ငံတွေမှာ ဒီကွာခြားမှုကို သိသိသာသာတွေ့ရမယ်။ အသည်းခြောက်မှ ကုရတယ်၊ အသည်းခြောက်တဲ့သူက ဦးစားပေးပြီး ကုခံရတယ်ဆိုတဲ့အတွက် အသည်းမခြောက်မီ မြန်မာပြည်၊ အိန္ဒိယလိုနိုင်ငံမျိုး လေယာဉ်နဲ့သွားကုရင်ကောင်းမယ်လို့ တွေးလာကြတယ်။ ဆင်းရဲတဲ့နိုင်ငံတွေနှာ အသည်းရောင် C ပိုးအဖြစ်များပြီး မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ၊ လိင်လုပ်ငန်းနဲ့ စီးပွားရေးရှာသူ၊ လိင်ကိစ္စနဲ့ ပျော်ပိုက်သူတွေမှာ အဖြစ်များတယ်။ အခြားအဖိုးတန်ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီတွေဟာ သူတို့ရဲ့ အဖိုးတန်ဆေးတွေကို တဖြည်းဖြည်း ဈေးလျှော့သွားသလို၊ ဈေးလျှော့ချပေးနိုင်ရင်ကောင်းမယ်လို့ ထင်တယ်။ ဒါပေမယ့် အမေရိကန်လို နိုင်ငံမျိုးမှာ အာမခံစနစ်တွေနဲ့ ပြည်သူ့ကျန်းမာရေးစီမံချက်တွေက အလုံအလောက်ထောက်ပံ့နေတဲ့အတွက် ကုမ္ပဏီက ဈေးချဟန်မရှိဘူး။
သက္ကရာဇ် 2000 ပြည့်နှစ်က တောင်အာဖရိကမှာ HIV/AIDS လှုပ်ရှားမှုတစ်ခု လုပ်တယ်။ ဒီနိုင်ငံက လူတွေ ဟာ ထိုင်းနိုင်ငံကိုလာပြီး HIV မှာသုံးတဲ့ Fluconazole ဆေးပြားတွေကို အ၀တ်သေတ္တာအိတ်ပြည့် ၀ယ်ယူပြီးပြန်ကြတယ်။ တောင်အာဖရိကမှာ ဒီဆေးဟာရှိတယ်၊ မှတ်ပုံတင်ထားတယ်၊ ဈေးကြီးတယ်၊ လက်လှမ်းမမီဘူး။ ဒီလိုဈေးကွာဟလာတဲ့အခါမှာ ဖြစ်လာနိုင်တာတွေကို သတိထားဖို့လိုတယ်။
Gilead ကုမ္ပဏီကတော့ ဒီလိုသွားကု၊ ဆေးပြန်ယူလာတာကို ဟန့်တားဖို့ အကြောင်းမရှိပါဘူးလို့ပြောတယ်။ ဒီလိုသာပြောတာ၊ ဒီနယ်မှာရှိတဲ့သူတွေ တကယ်သုံး၊ မသုံး သိရအောင်ဘူးဟောင်းပေး၊ ဘူးသစ်ယူ စနစ်တောင်လုပ်ဖို့ ပြောနေတယ်။ လူနာစာရင်း တိတိကျကျပေးပါလို့ ပြောပြန်တော့လည်း HIV နဲ့တွဲနေတဲ့ လူနာတွေရှိနေပြန်တော့ လည်း မပေးချင်ပြန်ဘူး။ ပါကစ္စတန်မှာ လူနာကိုတိုက်ရိုက်ဖြန့်ေ၀တဲ့ နည်းသုံးတယ်။ ဆေးဆိုင်တွေကို မပို့တော့ဘူး။ အိန္ဒိယမှာဒီလိုလုပ်လို့ မရပြန်ဘူး။ အိန္ဒိယလို လူနေမှုရှုပ်ထွေးတဲ့နေရာမှာ ဒီလိုဆောင်ရွက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ Gilead သိသွားပြီ။ သူတို့က တဖြည်းဖြည်း ရင့်ကျလာမှာပါလို့ဆိုတယ်။ အိန္ဒိယနိုင်ငံမှာ Gilead ကပေးတဲ့နည်းတွေက အဆင်မပြေဘူး။ ဆေးရောင်းချပုံ၊ ရောင်းချနည်းတွေကလည်း အစိတ်စိတ်အမွှာမွှာ၊ ကုမ္ပဏီတွေကို လူနာတွေနဲ့ တိုက်ရိုက်မထိတွေ့အောင် ဟန့်တားထားတဲ့ ဥပဒေတွေလည်းရှိသေးတယ်။ အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ဆေးတွေကို ဆင်းရဲတဲ့ နိုင်ငံများအပြင် အလယ်အလတ်၀င်ငွေရှိတဲ့ 5 နိုင်ငံကိုလည်း ပေးရောင်းဖို့ အစီအစဉ်ရှိတယ်။ ဥပမာ - ဘရာဇီး၊ တရုတ်၊ ထိုင်းနိုင်ငံတို့ဖြစ်တယ်။ ဒါပေမယ့် သူတို့နိုင်ငံမှာ အစိုးရလက်ထဲတိုက်ရိုက်ရောက်ရှိအောင် အမျိုးသားအသည်းရောဂါ အစီအစဉ်တွေရေးဆွဲဖို့လိုလိမ့်မယ်။
ကျွန်တော်တို့နိုင်ငံမှာတော့ အိန္ဒိယနိုင်ငံ Hetero ကုမ္ပဏီက ထုတ်လုပ်တဲ့ Sofosbuvir (Sofgen) ဆေးဟာ တရား၀င်ရောက်ရှိနေပါပြီ။ Harvoni ကိုသာ တရား၀င်ရောက်ရှိဖို့ မျှော်ရပါတော့ မယ်။ ဆေးခန်းကြီး၊ ဆေးရုံကြီးတွေမှာ Ribavirin ဆေးရမည်ဆိုရင် အသည်းရောင် C ပိုးကို ကောင်းကောင်းကြီး ကုနိုင်တော့မှာပါ။
Credit; ပါမောက္ခဒေါက်တာသံစစ်
Health Digest Journal
Vol; 13, No; 3, 14-10-2015
















