/
news/ဆရာ၀န်ကြီးများ-၏-ဆောင်းပါးများ/သွားနှင့်ခံတွင်းဆိုင်ရာ-ဗဟုသုတ-1

သွားနှင့်ခံတွင်းဆိုင်ရာ ဗဟုသုတ (1)

Category
ဆရာ၀န်ကြီးများ ၏ ဆောင်းပါးများ
Author
Dr. ဦးမိုးေ၀မြင့်

        ပါးစပ်ထဲမှာ သွား 32 ချောင်းရှိတဲ့ကိစ္စ၊ သွားတွေကအစာစားဖို့အတွက် မရှိမဖြစ်လိုအပ်ခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံးရောဂါနဲ့ ခံတွင်းကင်ဆာ စတဲ့ခံတွင်းနဲ့ပတ်သက်တဲ့ ပြဿနာအတော်မျာများကို လူတိုင်းနီးပါးဖတ်ဖူး ကြမှာပါ။ ဖြစ်ရတဲ့အကြောင်းရင်းတွေကိုလည်း သေသေချာချာမဟုတ်ရင်တောင်မှ အကြမ်းဖျင်းတော့ သိကြပါတယ်။ ကွမ်းနဲ့ဆေးလိပ်က ခံတွင်းနဲ့သွားတွေကို ကောင်းကျိုးမပေးတာ၊ အချိုစားရင် သွားပိုးစားတာ၊ သွားကျဉ်ခြင်း စတဲ့အကြောင်းတွေကို သိနေပြီဖြစ်တဲ့အတွက် ဒီတစ်ပတ်မှာ ထူးထူးခြားခြား အကြောင်းအရာလေးတွေကိုပြောပြ လိုပါတယ်။ ဒါကတော့ “သွားနဲ့ခံတွင်းဆိုင်ရာ ဗဟုသုတ” လို့ခေါ်ရမယ့် ထူးခြားတဲ့အချက်အလက်လေးတွေအကြောင်း ပါ။ စာရေးသူလက်လှမ်းမီသလောက် ထင်ပြထားခြင်းဖြစ်တဲ့ အတွက် လိုအပ်ချက်တွေရှိရင် နားလည်ပေးစေလိုပါတယ်။

-   သွားနဲ့လျှာက လက်ဗွေရာလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပုံစံချင်းမတူညီကြပါဘူး။

-   အားကစားကြောင့် ကမ်ဘာတစ်၀န်းမှာ နှစ်စဉ်သွားအချောင်းရေ ငါးသန်းခန့် ကျိုးပဲ့ထွက်ကြတယ်လို့ဆိုပါတယ်။

-   အမေရိကန်နိုင်ငံမှာ အသက် 35 နှစ်ကျော်တဲ့ လူ 4 ယောက်မှာ 3 ယောက်က သွားဖုံးရောဂါခံစားနေရပါတယ်။

-   ပထမဆုံးသွားတိုက်တံကို တရုတ်ပြည်မှာ 1498 ခုနှစ်က တော၀က်မွေး၊ မြင်းမွေးတွေကို အသုံးပြုကာ တီထွင်ခဲ့ပါတယ်။

-   သွားတိုက်ရင် 2 မိနစ်မှ 3 မိနစ်အထိ ကြာသင့်တယ်ဆိုပေမဲ့ ပျမ်းမျှအားဖြင့်တော့ 48 စက္ကန့်ခန့်မျှသာ သွားတိုက်ကြပါတယ်။

-   အရင်တုန်းက အနောက်နိုင်ငံတွေမှာ သွားနဲ့ပတ်သက်တဲ့ကိစ္စတွေကို ပန်းပဲဖိုကလူတွေက ပြုလုပ်ပေးကြပါတယ်။

-   AD 200 ခုနှစ်လောက်က ရောမမှာ သွားကိုပျားရည်နဲ့ကြက်ဥအခွံရောထားတဲ့အနှစ်နဲ့တိုက်ကြပြီး သွားကိုအပေါ်ကနေ ရွှေနဲ့အစွပ်ပြုလုပ်တာတွေလည်း ရှိခဲ့ပါတယ်။

-   အီဂျစ်က မံမီတွေရဲ့သွားတွေမှာ သွားဖာထားတာ၊ သွားကိုရွှေကြိုးနဲ့ချည်ထားတာတွေ တွေ့ရပါတယ်။

-   1994 ခုနှစ်မှာ West Virginnia က အကျဉ်းသားတစ်ယောက်ဟာ သွားကြားပွတ်ကြိုး (Dental Floss) ကို ကြိုးတစ်ချောင်းလို အသုံးပြုကာ ထောင်ဖောက်ပြေးဖူးပါတယ်။

-   ဂျာမနီမှာ ရှေးအခါက မြည်းသတ္တဝါကိုနမ်းရင် သွားကိုက်ပျောက်တယ်လို့ ယုံကြည့်ခဲ့ကြပါတယ်။

-   အမျိုးသမီးတွေက ပျမ်းမျှတစ်နေ့ကို 62 ကြိမ်ပြုံးပြီး အမျိုးသားတွေက 8 ကြိမ်မျှသာ ပြုံးပါတယ်။

-   အမေရိကန်တွေက သူတို့ဘ၀သက်တမ်းရဲ့ 38.5 ရက်ကို သွားတိုက်ခြင်းဖြင့် ကုန်လွန်စေပါတယ်။

-   ဆိုဒါပါတဲ့အချိုရည်ကို တစ်နေ့ 3 ခွက်ထက် ပိုသောက်တဲ့သူက အခြားသူတွေထက် သွားပိုးစားခြင်း၊ သွားပျက်စီးခြင်းဖြစ်ဖို့ 62 ရာခိုင်နှုန်းပိုများပါတယ်။

-   သွားရဲ့အပေါ်ယံကြွေလွှာက အရိုးထက် 9 ဆ ပိုမာပါတယ်။

-   သွားကြားပွတ်ကြိုး (Dental Floss) အသုံးမပြုဘဲ သွားတိုက်တာကိုပဲပြုလုပ်မယ်ဆိုရင် သွားမျက်နှာပြင် စုစုပေါင်းရဲ့ 3 ပုံ 2 ပုံသာ ပြောင်စင်ပါလိမ့်မယ်။

-   သင်က ညာသန်ဆိုရင် ညာဘက်နဲ့အစာဝါးတာများပြီး ဘယ်ဆိုရင် ဘက်ဘက်နဲ့သာဝါးစားတာများပါတယ်။

-   သွားတို်ကတံတွေထဲမှာ အနီရောင်ကို လူကြိုက်နည်းပြီး အပြာရောင်ကိုလူကြိုက်များပါတယ်။

-   ကလေးငယ်တွေက တစ်နေ့ကို အကြိမ် 400 ခန့်ရယ်မောပြီး လူကြီးတွေကတော့ 15 ကြိမ်ခန့်သာ ရယ်မောပါတယ်။

-   ပထမဆုံးသွားကြားပွတ်ကြိုးကို 1882 ခုနှစ်မှာ စီးပွားဖြစ်စတင်ထုတ်လုပ်ခဲ့ပါတယ်။

-   နယူတန်သေဆုံးပြီးနောက် သူ့ရဲ့သွားတွေကို ရောင်းစားရာမှာ 1816 ခုနှစ်တုန်းက ဒေါ်လာ 3633 ရခဲ့ပါတယ်။ ယနေ့ခေတ်နှုန်းထားအရဆိုရင် 35700 ဒေါ်လာရှိပြီး တန်ဖိုးအကြီးဆုံးသွားများအဖြစ် ဂရင်းနစ်စံချိန်တင်ခဲ့ပါတယ်။

-   ခံတွင်းထဲက သွားချေးလွှာ (Dental Plaque) တွေကို ဗက်တီးရီးယား အမျိုးအစားပေါင်း 300 ကျော်က ပြုလုပ်ကြပါတယ်။

-   ခရုတစ်ကောင်က အကောင်သာငယ်တာပါ။ သွားကအချောင်းပေါင်း 25000 ကျော် ပါတယ်။

-   ဆင်က အစာဝါးတဲ့အခါ အံသွားတွေနဲ့ဝါးလေ့ရှိပါတယ်။ အံသွားတွေက ဆင်ရဲ့သက်တမ်းတစ်လျှောက် 6 ကြိမ်အသစ်ပြန်ပေါက်ပါတယ်။ ဆင်ရဲ့အံသွားက အချင်း 7 လက်မခန့်ရှိပြီး အလေးချိန် 6 ပေါင်ကျော်လေးပါတယ်။

-   အပြာရောင် ေ၀လငါးက ကမ်ဘာပေါ်မှာအကြီးဆုံးနို့တိုက်သတ္တဝါဖြစ်ပေမဲ့ သေးငယ်တဲ့ပုစွန်ငယ်လေးတွေကိုပဲ စားသုံးနိုင်ပါတယ်။ သူ့မှာ သွားမရှိလို့ပါ။

-   ဆိုဒါပါတဲ့ အချိုရည်တစ်ဘူးမှာ သကြားလက်ဖက်ရည်ဇွန်း 10 ဇွန်းမှ 12 ဇွန်းအထိ ပါ၀င်ပါတယ်။

 

 

 

Credit: ဒေါက်တာမိုးေ၀မြင့်

Health Digest Journal

Vol: 13, No: 50, 21 - 9 - 2016