/
news/တွဲဖက်မသောက်သုံး-သင့်သောအစား-အသောက်နှင့်ဆေးဝါးများ/bronchodilators-ပန်းနာရင်ကျပ်ပျောက်ဆေး

Bronchodilators (ပန်းနာရင်ကျပ်ပျောက်ဆေး)

Category
တွဲဖက်မသောက်သုံး သင့်သောအစား အသောက်နှင့်ဆေးဝါးများ

        ဥပမာ    1.       Albuterol

                   2.       Theophylline

        Bronchodilators ဆေးတွေကို ပန်းနာရင်ကျပ်ရောဂါ (Astham)၊ နာတာရှည်အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါ (COPD)၊ နာတာရှည်အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်း(Chronic Bronchitis)နှင့် အဆုတ်အတွင်းလေ၀င်ခြင်း (Emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေမှာ အသုံးပြုပါတယ်။ အသက်ရှုရခက်ခဲခြင်း၊ အသက်ရှုစဉ်တရွှီရွှီ မြည်ခြင်း၊ ရင်ဘတ်အတွင်း တင်းကျပ်နေခြင်းစတဲ့ ရောဂါလက္ခဏာတွေကို သက်သာစေပါတယ်။

ဓာတ်ပြု ခြင်း

(1) အစားအသောက်

        အစားအစာများ (အထူးသဖြင့် အဆီပါ၀င်မှုများသော အစားအသောက်များ) က Theophylline အမျိုးအစားတွေထဲမှ အချို့ကို ကိုယ်ခန္ဓာက စုပ်ယူမှုအပေါ် လွှမ်းမိုးမှုရှိပါတယ်။ ဒါကြောင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း လိုက်နာပြီးသောက်သုံးသွားရပါမယ်။

         Theophylline Sprinkle Form (အစိလေးများထည့်ထားသော ဆေးတောင့်) ဆိုရင် တစ်ခါတည်းပဲဖြစ်ဖြစ်၊ အစောပျော့ပျော့ (ဥပမာ ပူတင်း) ပေါ်မှာ ဖြူးပြီးပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။ ဒါပေမယ့် ဝါးမစားရပါဘူး။ ပြီးရင်တော့ ရေအေး (သို့) အအေး တစ်မျိုးမျိုးကို သောက်ရပါမယ်။

(2) ကဖင်းဓါတ်

        ကဖင်းဓာတ်ပါတဲ့ အစားအသောက် ( ဥပမာ- ကော်ဖီ၊ လက်ဖက်ရည်၊ အချို့အားဖြည့်အချိုရည်၊ ချော့က လက်) တွေနဲ့ တွဲသောက်ရင် ရင်တုန်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံရနိုင်ခြေပိုများပါတယ်။

(3) အရက်

        Theophylline ဆေးတွေကို အသုံးပြုနေစဉ်အတွင်း အရက်ကိုရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်အခန့်မသင့်ဖြစ်ခြင်း စတဲ့ ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နိုင်ခြေပိုများစေပါတယ်။

တွဲဖက်မသုံးစွဲသင့်သည်များ