Anti-anxiety & Panic Disorder Medicines (စိတ်ငြိမ်ဆေး)
ဥပမာ 1. Alprazolam
2. Clonazepam
3. Diazepam
4. Lorazepam
စိတ်ငြိ်မ်ဆေးတွေကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အတိအကျသောက်သုံးဖို့လိုပြီး ရေရှည်စွဲ သောက်ဖို့လည်း လိုအပ်ပါတယ်။ ဖြတ်တော့မယ်ဆိုရင်လည်း ဆေးပမာဏကို ဖြည်းဖြည်း ချင်းလျှော့ပြီး မျှင်းဖြတ်သွားရပါမယ်။
ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက စဉ်းစားဆုံးဖြတ်နိုင်စွမ်း လျှော့ကျခြင်း၊ အိပ်ငိုက်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အလုပ်ခွင် အတွင်း လုပ်ဆောင်နိုင် စွမ်းကျဆင်းလာခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသမှုခံယူနေ စဉ်အတွင်း အန္တရာယ်ရှိတဲ့ စက်ယန္တရားတွေကို သတိထားပြီး ကိုင်တွယ် အသုံးပြုရပါမယ်။
ဓာတ်ပြု ခြင်း
အရက်
အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြင်းထန်လာနိုင် ပါတယ်။