Sedatives & Hypnotics (အိပ်ဆေးများ)
ဥပမာ 1. Eszopiclone
2. Zolpidem
စိတ်ဖိစီးမှုများခြင်းကြောင့်ဖြစ်စေ၊ စိတ်ေ၀ဒနာတစ်မျိုးမျိုးကြောင့်ဖြစ်စေ အိပ်ပျော်ရန် ခက်ခဲနေသူများအတွက် အိပ်ဆေးတွေကို အသုံးပြုပါတယ်။
အိပ်ဆေးတွေက ဦးနှောက်ရဲ့ လှုပ်ရှားနိုင်စွမ်းကို နှေးသွားစေပြီး အိပ်ချင်စိတ်ပေါ်လာအောင် ပြုလုပ်ပေးပါတယ်။ အရက်၊ မူးယစ်ဆေးဝါးနဲ့ အခြားဆေးဝါးများ အသုံးပြုသူတွေအနေနဲ့ ဆရာ၀န်ညွှန်ကြားမှသာ အိပ်ဆေးတွေ ကို သောက်သုံးရပါမယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
အိပ်ဆေးရဲ့ အာနိသင်မြန်မြန်ရဖို့အတွက် အစာနဲ့ေ၀ေးေ၀း သောက်ပေးရပါမယ်။
(2) အရက်
အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြင်းထန်လာနိုင်ပါတယ်။