Antipsychotics (စိတ်ရောဂါကုဆေးများ)
ဥပမာ 1. Aripiprazole
2. Clozapine
3. Olanzapine
4. Quetiapine
5. Risperidone
6. Ziprasidone
ဒီဆေးတွေကို စိတ်ကစဥ့်ကလျားရောဂါ၊ စိတ်ကျစိတ်ကြွရောဂါနဲ့ ရုတ်တရက်ဖြစ်ပေါ်လာသော စိတ်ကြွရောဂါတို့မှာ အသုံးပြုပါတယ်။
စိတ်ရောဂါ ကုဆေးတွေကို ဆရာ၀န်ညွှန်ကြားတဲ့အတိုင်း အတိအကျသောက်သုံး ဖို့လိုပြီး ရေရှည်စွဲ သောက်ဖို့လည်း လိုအပ်ပါတယ်။ ဖြတ်တော့မယ်ဆိုရင်လည်း ဆေးပမာဏကို ဖြည်းဖြည်း ချင်းလျှော့ပြီး မျှင်းဖြတ်သွားရပါမယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေက စဉ်းစား ဆုံးဖြတ်နိုင်စွမ်း လျှော့ကျခြင်း၊ အိပ်ငိုက်ခြင်း၊ အာရုံမစူးစိုက်နိုင်ခြင်း၊ အလုပ်ခွင် အတွင်း လုပ်ဆောင်နိုင် စွမ်းကျဆင်းလာခြင်း စတာတွေပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကုသမှုခံယူနေ စဉ်အတွင်း အန္တရာယ်ရှိတဲ့ စက်ယန္တရားတွေကို သတိထားပြီး ကိုင်တွယ် အသုံးပြုရပါမယ်။
ဓာတ်ပြု ခြင်း
(1) အစားအသောက်
ဥပမာပြထားတဲ့ဆေးတွေထဲက Ziprasidone ဆေးတောင့်တစ်မျိုးကတော့ အစာနဲ့တွဲ သောက်ဖို့လိုပါတယ်။ ကျန်တဲ့ဆေးတွေကတော့ အစာရှိရှိ၊ မရှိရှိ သောက်သုံးနိုင်ပါတယ်။
(2) ကဖင်းဓာတ်
Clozapine ဆေးမှီ၀ဲနေတဲ့အချိန်မှာ ကဖင်းဓာတ်ပါတဲ့ အစားအသောက် (ဥပမာ-ကော်ဖီ၊လက်ဖက်ရည်၊ အချို့အားဖြည့် အချိုရည်၊ ချော့ကလက်) တွေကို ရှောင်ကြဉ်ရပါမယ်။ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေ စားရင် သွေးထဲမှာ Clozapine ပမာဏမြင့်တက်လာပြီး ဘေးထွက်ဆိုးကျိုးတွေနဲ့ ကြုံတွေ့နိုင်ပါတယ်။
(3) အရက်
အရက်ကို ရှောင်ကြဉ်ထားရပါမယ်။ မရှောင်ရင် ဆေးကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ပိုပြင်းထန်လာနိုင်ပါတယ်။