Diuretics (ဆီးဆေး)
ဥပမာ 1. Bumetanide
2. Furosemide
3. Hydrochlorothiazide
4. Metolazone
5. Triamterene
6. Triamterene + hydrochlorothiazide
ဆီးဆေးတွေက ဆိုဒီယမ်ဓာတ်၊ ကလိုရိုက်ဓာတ်နဲ့ ရေတွေကို ခန္ဓာကိုယ်ထဲက စွန့်ထုတ်တဲ့နေရာမှာ ကူညီပေးပါတယ်။ ဒီဆေးတွေကို နှလုံးရောဂါ၊ အသည်းရောဂါ၊ သွေးတိုး ရောဂါရှိသူတွေမှာ အသုံးပြုပါတယ်။
ဓာတ်ပြု ခြင်း
အစားအသောက်
ဆီးဆေးတွေသောက်လို့ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်ရင် အစာနဲ့အတူ တွဲသောက်နိုင် ပါတယ်။ တချို့ဆီးဆေးတွေက ခန္ဓာကိုယ်ထဲက ပိုတက်ဆီယမ်ဓာတ်၊ ကယ်လစီယမ်ဓာတ်နဲ့ မဂ္ဂနီ စီယမ်ဓာတ်တို့ကို လျော့နည်းစေပါတယ်။
Triamterene တစ်မျိုးတည်းပါတဲ့ ဆီးဆေးကကျောက်ကပ်မှ ပိုတက်စီယမ်ဓာတ် စွန့်ထုတ်မှုကို လျှော့ချလိုက် တဲ့အတွက် ဆီးထဲမှာ ပိုတက်စီယမ်ပါ၀င်မှုလျော့နည်းသွားပါတယ်။ အကျိုးဆက်အနေနဲ့ သွေးတွင်း ပိုတက်စီယမ် ပမာဏ မြင့်မားလာစေပါတယ်။ ပိုတက်စီယမ်ဓာတ်က လိုတာထက်အဆမတန်များလာရင် အန္တရာယ်ပေးနိုင်ပါ တယ်။ နှလုံးခုန် မမှန်တာမျိုး၊ နှလုံးတလှပ်လှပ်ခုန်တာ မျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးဆေးတွေကို သုံးစွဲနေစဉ်ကာလအတွင်း ပိုတက်စီယမ် ပမာဏများနိုင်တဲ့ အစားအသောက် (ဥပမာ-ငှက်ပျောသီး၊ လိမေ္မာ်သီး၊ အစိမ်းရောင်ရှိသော အသီးအရွက် များ) တွေ အလွန်အကျွံ စားသုံးတာကို ရှောင်ကြဉ်ရပါမယ်။ ဒါ့အပြင် ဆီဆေး၊ ပိုတက်စီယမ်ပါ၀င်တဲ့ ဆားအစားထိုးမှုန့်နဲ့ ပိုတက်စီယမ်ပါ၀င်တဲ့ ဖြည့်စွက်စာတွေကလည်း ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ပမာဏကို မြင့်မားစေပါတယ်။
















