Proton Pump Inhibitors (အစာအိမ်ရောဂါကုဆေး)
ဥပမာ 1. Dexlansoprazole
2. Esomeprazole
3. Lansoprazole
4. Omeprazole
5. Pantoprazole
6. Rabeprazole
PPIs ဆေးတွေက အစာအိမ်မှ အက်ဆစ်ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။
ဒီဆေးတွေကို စားချဥ့်ပြန်ရောဂါ(Gastroesophageal Reflux Disease) နဲ့ အစာအိမ်အနာ (Gastric Ulcer) တို့ကို ကုသတဲ့နေရာမှာ သုံးပါတယ်။
စတီးရွိက်မဟုတ်သော အကိုက်အခဲပျောက်၊ အရောင်ကျဆေး ( NSAID ) တွေအသုံးပြုရတဲ့လူနာတွေမှာ အစာအိမ်အနာ ဖြစ်နိုင်တဲ့ အလားအလာကို လျှော့ချနိုင်ဖို့အတွက် PPIs ဆေးတွေကို တွဲသုံးလေ့ရှိပါတယ်။
အစာအိမ်အတွင်းပိုး၀င်တဲ့ရောဂါတွေမှာလည်း ပဋိဇီ၀ပိုးသတ်ဆေးတွေနဲ့တွဲသုံးလေ့ရှိပါတယ်။ ဒီဆေးတွေကို ပမာဏတိုးသောက်ချင်ရင်ပဲဖြစ်ဖြစ်၊ ရပ်ချင်ရင်ပဲဖြစ်ဖြစ် ဆရာ၀န်နဲ့အရင်ဆုံး တိုင် ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။
ဓာတ်ပြု ခြင်း
အစားအသောက်
PPIs ဆေးတွေအားလုံးကို အမှုန့်ဖြစ်အောင်ကြိတ်ခြေခြင်း၊ အပိုင်းလေးများဖြစ်အောင် စိတ်ခြင်း၊ ဝါးစားခြင်း မပြုလုပ်ရပါ။
- Dexlansoprazole နဲ့ Pantoprazole ဆေးတွေကို အစားစားပြီးချိန်ပဲဖြစ်ဖြစ်၊ မစားခင်ပဲဖြစ်ဖြစ် သောက်သုံးနိုင်ပါတယ်။
- Esomeprazole ဆေးကတော့ အစာမစားမီ အနည်းဆုံး တစ်နာရီကြိုသောက် ထားသင့်ပါတယ်။
- Lansoprazole နဲ့ Omeprazole ကတော့ အစာမစားခင်လေး ကပ်သောက်ပေးလို့ ရပါတယ်။
PPIs အုပ်စုထဲက တချို့ဆေးတွေက အစားအသောက်နဲ့ ရောစားလို့ရတာမျိုးလည်း ရှိပါသေးတယ်။ ဒါကြောင့် ဆရာ၀န်ညွှန်ကြားချက်အတိုင်း လိုက်နာသောက်သုံးဖို့လိုပါတယ်။





























