လူကြီးပိုင်းတွေမှာ သွေးပေါင်ချိန်မြင့်တက်စေတဲ့ အကြောင်းရင်းများ
အမေရိကန်နိုင်ငံမှ ပညာရှင်များ၏အဆိုအရ အသက်အရွယ်ကြီးရင့်လာခြင်းကြောင့် ဖြစ်တဲ့ သွေးကြော ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် အသက် ၅၅ နှစ်နှင့်အထက် လူကြီးတွေမှာ သွေးပေါင်ချိန်မြင့်မားနိုင်တယ်လို့ သိရပါတယ်။ အသက်အရွယ်ကြီးရင့်ခြင်း အပါအ၀င် အခြားသော ဘယ်လိုအကြောင်းအရာတွေက သွေးပေါင်ချိန် ကို မြင့်တက်စေသလဲဆိုတာကို လေ့လာကြည့်ရအောင် -
1. အသက်အရွယ်ကြီးလာခြင်း
အသက်ကြီးလာချိန်တွင် သွေးကြောတွေလည်း ပိုပြီး မာကျောလာပါတယ်။ သွေးကြော မာကြောလာတာနဲ့ အမျှ သွေးစီးဆင်းဖို့ တွန်းအားပိုမိုလိုအပ်တာကြောင့် သွေးဖိအားမြင့်တက်လာပါတယ်။
2. အငန်ဓာတ်ကြွယ်၀တဲ့ အစားအစာများ အစားများခြင်း
ဆားဟာ သွေးတိုးရောဂါဖြစ်စေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အသက်အရွယ်ကြီးသူတွေဟာ တစ်နေ့ လျှင် ဆိုဒီယမ် ၁၅၀၀ မီလီဂရမ် ထက်ပိုပြီး မစားသင့်ဘူးလို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ အငန် ဓာတ်လျော့စားခြင်းဟာ သွေးပေါင်ချိန် ထိန်းညှိရာမှာ အလွန်ထိရောက်တဲ့နည်းလမ်းဖြစ်ပါတယ်။
3. နှလုံးအဆို့ရှင်မလုံခြင်း
နှလုံးတိုက်ခိုက်ခံရခြင်းကြောင့်ဖြစ်စေ၊ နှလုံးရောဂါသွေးကြောဆိုင်ရာ ရောဂါများရှိခြင်းကြောင့်ဖြစ်စေ နှလုံးအဆို့ရှင်များ အားနည်းလာသောအခါ နှလုံးကြွက်သားညှစ်ထုတ်စဉ် သွေးကြောအတွင်းဖြစ်ပေါ်လာသော ဖိအား ပမာဏမြင့်တက်လာပါတယ်။
4. သိုင်းရွိုက်ဟော်မုန်းများခြင်း
သိုင်းရွိုက်ဟော်မုန်းပမာဏများပြားခြင်းဟာ အပေါ်သွေးပမာဏမြင့်တက်ရခြင်းရဲ့ အခြေခံတရပ်ဖြစ်တယ် လို့ Mayo Clinic မှာ ဖော်ပြထားပါတယ်။ ဒါကြောင့် သွေးတိုးရောဂါရှိသူများအနေဖြင့် သိုင်းရွိုက်ဟော်မုန်း ပမာဏ ကိုစစ်ဆေးသင့်ပါတယ်။
Dr. Htet Htet Aung (www.drmyanmar.com)
















