/
news/သက်ကြီးပိုင်းနှင့်ကျန်းမာရေး/သွေးကြောမာကြောခြင်းကြောင့်-အသက်ကြီးချိန်တွင်

သွေးကြောမာကြောခြင်းကြောင့် အသက်ကြီးချိန်တွင် မှတ်ဉာဏ်ချို့ယွင်းမှုပိုဖြစ်နိုင်

Category
သက်ကြီးပိုင်းနှင့်ကျန်းမာရေး

          ခန္ဓာကိုယ်ထဲတွင် မလိုအပ်ဘဲ ကယ်လ်ဆီယမ်များစုပုံနေခြင်းက အသက် 80 နှင့် အထက် လူကြီးများတွင် နှလုံးရောဂါဖြစ်ပွားနှုန်းနှင့် မှတ်ဉာဏ်ကျဆင်းမှုကို ပိုမိုဖြစ်စေနိုင်တယ်လို့ လေ့လာမှု အသစ်တစ်ခုအရသိရပါတယ်။

          University of pittsburgh မှ လေ့လာသူများက အသက် 80 နှင့် အထက်လူကြီးအယောက် 500 ကို 1998 မှ 2013 အထိ အပြုအမူနှင့် အသိဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်နဲ့ နှလုံးရောဂါရှိ/ မရှိ လေ့လာခဲ့ရာ နှလုံးသွေးကြောထဲတွင် ကယ်လ်ဆီယမ်များစုပုံသောသူများတွင် မှတ်ဉာဏ်ချို့ယွင်းမှုပိုမိုဖြစ်ပွားတာကို တွေ့ရပါတယ်။

          သွေးကြောထဲတွင် ကယ်လ်ဆီယမ်ပမာဏ များပြားလာခြင်းကြောင့် သွေးကြောအတွင်းဘက်နံရံတွင် ကယ်လ် ဆီယမ်များ စုပုံကာသွေးစီးဆင်းမှု ပိတ်ဆို့နိုင်တာကြောင့် နှလုံးကြွက်သားပုတ်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ လေဖြတ် ခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတို့ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးများ သုံးစွဲခြင်းကို ရှောင်ရှားဖို့ အထူးလိုအပ်ပါတယ်။

          ထိုလေ့လာမှုက သွေးကြောများမာကြောလာခြင်းနှင့် မှတ်ဉာဏ်ပိုင်းဆိုင်ရာချို့ယွင်းခြင်းတို့ ဆက်စပ်မှုကိုသာ ဖော်ပြတာဖြစ်ပြီး နောက်ထပ်လေ့လာမှုတွေပြုလုပ်ဖို့ လိုအပ်သေးတယ်လို့ သုတေသီတွေကဆိုပါတယ်။

          အသက် 80 ကျော်တာနဲ့အမျှ မှတ်ဉာဏ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ နှလုံးရောဂါဖြစ်ပွားနှုန်းတွေ ဟာ မြင့်တက်လာနိုင်ပါတယ်။

 

Dr. Htet Htet Aung

www.drmyanmar.com