အရိုးပွရောဂါကိုဖြတ်ကျော်ခြင်း
တစ်သက်လုံးလှုပ်လှုပ်ရှားရှားသွားသွားလာလာနေလာပြီးမှ အရိုးပွရောဂါဖြစ်လာရုံနဲ့ ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလဲပစ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အပြောင်းအလဲအနည်းငယ်မျှ ပြုလုပ်ရုံနဲ့တင် ကိုယ့်ဘဝကိုနေပျော်အောင် နေနိုင်ပါတယ်။
1. အိမ်လျောက်လမ်းနဲ့ရေချိုးခန်းထဲမှာ လက်ကိုင်တွေတပ်ဆင်ပါ။
အရိုးပွနေသူတွေမှာ အကြောက်ရဆုံးက ချော်လဲမှာပါပဲ။ သာမန်လဲကျရုံမျှနဲ့ အရိုးကျိုးနိုင်ပါတယ်။ ဒါကြောင့် အိမ်အဝင်ဝ ဖိနပ်ချွတ်နေရာတွေ၊ လှေကားတွေမှာ လက်တန်းတွေတပ်ဆင်ပေးထားသင့်ပါတယ်။ ဒါမှသာ မိသားစုတွေလည်း စိတ်အေးလက်အေး ကိုယ့်အလုပ်ကိုယ်လုပ်နိုင်မှာပါ။
ရေချိုးခန်း၊ အိမ်သာဟာလည်း လက်တန်းတပ်သင့်တဲ့ နေရာတွေပဲဖြစ်ပါတယ်။ ကြမ်းပြင်စိုစိစိနဲ့ စိုထိုင်းနေတဲ့ ခြေသုတ်ခုံတွေကြောင့် ချော်လဲနိုင်ခြေများပါတယ်။
2. အိမ်ရှင်းဖု့ိအကူခေါ်ပါ။
အိမ်ရှင်းတာများ၊ တစ်သက်လုံးလုပ်နေတာပဲ လို့ဆိုချင်ကြမလား? ဒါပေမယ့် တကုန်းကုန်းနဲ့လုပ်ရတာဟာ အရိုးပွရာဂါသည်တွေအတွက်တော့ စိုးရိမ်စရာပါ။ အထူးသဖြင့် ကြမ်းတိုက်တာ၊ ဖုန်သုတ်တာ စသည်ဖြင့် လေးဘက်ထောက်လုပ်ရမယ့်အလုပ်တွေကို လုံးဝမလုပ်ပါနဲ့။ ဒါ့အပြင် ခုံပေါ်တက်တာ၊ လှေကားပေါ်တက်ပြီး အလုပ်လုပ်တာတွေကိုလည်း ရှောင်ကြဉ်ပါ။ ဒါကြောင့် အိမ်ရှင်းပေးမယ့် အိမ်အကူတစ်ယောက်ကို ရှာသင့်ပါတယ်။
3. ချက်ပြတ်တဲ့အခါထိုင်ဖု့ိခုံထားပါ။
ချက်ရပြုတ်ရတာကို ကြိုက်နှစ်သက်သူတွေအတွက် မီးဖိုချောင်ထဲစိတ်ချရဖို့ ချက်ပြုတ်ရာမှာသုံးတဲ့ခုံမျိုး ဝယ်ထားသင့်ပါတယ်။ သစ်သားကြမ်းပြင် သို့မဟုတ် ကြွေပြားကြမ်းပြင်ဆိုရင် ခြေထောက်အောက်မှာ မချော်စေမယ့်ခြေခုလေးတွေ ထားလို့ရပါတယ်။ သက်သောင့်သက်သာချက်ပြုတ်နိုင်မယ့် ခုံမျိုးဖြစ်ဖို့လိုပါတယ်။ ခုံမှာအခုအခံတွေမထည့်ပါနဲ့။ ပိုချော်ကျစေပါလိမ့်မယ်။ ဒီလိုခုံထားခြင်းဖြင့် မြေးလေးတွေနဲ့လည်း အတူချက်ပြုတ်ပျော်ရွှင်နိုင်ပါသေးတယ်။
4. ကိုယ့်အိမ်မှာကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပါ။
တစ်မနက်ခင်းလုံး ထိုင်ရာကမထ သတင်းစာဖတ်နေပါသလား? မလှုပ်ရှားခြင်းက လုံခြုံစိတ်ချရတယ်လု့ိ ထင်စရာရှိပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ လှုပ်လှုပ်ရှားရှား အကြောအချင်ဆန့်ဖို့လည်း လိုပါတယ်။
ေလ့ကျင့်ခန်းလုပ်ဖို့ အိမ်ကနေထွက်စရာ မလိုပါဘူး။ အိမ်မှာ အလေးတုံးလေးတွေ ဝယ်ထားပြီး ကိုယ့်gymကိုယ်ဖန်တီးနိုင်ပါတယ်။
(Unicode)
















