အသက်ကြီးလာတဲ့အခါ မောတာပုံမှန်လား ?
"ကျွန်မကအသက် ၆၅နှစ်ရှိပြီ။ ဈေးသွားရင်အရင်လိုမဟုတ်တော့ဘူး။ မောမောနေလို့။ ပုံမှန်ပဲလား?"
အသက်ကြီးလာတဲ့အခါ မောတာကြပ်တာကို အသက်ကြောင့်ပဲလို့ အလွယ်တကူအပြစ်ပုံချလိုက်တတ်ကြပါတယ်။ လမ်းအမြန်လျောက်တာ၊ စက်ဘီးစီးတာစတဲ့ အသင့်အတင့်လှုပ်ရှားမှုတွေလုပ်တဲ့အခါ မောဟိုက်တတ်တာကပုံမှန်ဖြစ်ပေမယ့် စကားမပြောနိုင်လောက်အောင်တော့ မဖြစ်သင့်ပါဘူး။
Cardioace IA 1

နေ့စဉ်လှုပ်ရှားမှုတွေလုပ်တဲ့အခါ အရင်ကလိုမဟုတ်ဘဲနဲ့ မောဟိုက်လာတယ်ဆိုတာဟာ နှလုံးရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပါတယ်။
ဖြစ်နိုင်တဲ့နှလုံးရောဂါတွေကတော့ နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးညှစ်နှုန်းအားနည်းခြင်း၊ နှလုံးခုန်နှုန်းပုံမမှန်ခြင်း စတဲ့ရောဂါအမျိုးမျိုးကြောင့် မောဟိုက်ခြင်းတွေ ဖြစ်စေနိုင်ပါတယ်။
Cardioace IA 2

ဒါကြောင့်မို့ အရင်ကလိုမဟုတ်ဘဲ မောမောနေတယ်ဆိုရင်တော့ မပေါ့မဆဘဲ ဆရာဝန်နဲ့အမြန်ပြသင့်ပါတယ်။ နှလုံးရောဂါအများစုဟာ ကုသနိုင်တဲ့ရောဂါတွေ ဖြစ်တာကြောင့် မနောက်ကျခင် အမြန်ကုသဖို့ လိုအပ်ပါတယ်နော်။















