ကိုယ်ဝန်ဆောင်ကာလအတွင်း မေမေတို့ဂရုစိုက်ရမယ့် နည်းလမ်းများ
1. သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းသိမ်းဖို့အတွက် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာတွေကို နည်းနည်း နည်းနည်းနဲ့ မကြာခဏစားပေးသင့်ပါတယ်။
2. ရေဓာတ်ပြည့်ဝနေစေဖို့အတွက် ရေများများသောက်ပေးပါ။
3. များများအနားယူပေးပါ။ နေ့လည်နေ့ခင်း ခေတ္တခဏအိပ်ပါ။ စောစောအိပ်ရာဝင်၍ အားအင်ပြည့်၀ပြီဆိုမှ အိပ်ရာမှထပါ။ များများအနားယူတတ်တဲ့အလေ့အကျင့်ကိုမွေးမြူခြင်းဖြင့် ကလေးငယ်ကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။
151

4. မိမိခန္ဓာကိုယ်နဲ့ပတ်သက်ပြီး အမြဲယုံကြည်မှုရှိနေပါစေ။ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားခြင်းနဲ့ပတ်သက်ပြီး ကောင်းတဲ့အကြောင်းအရာတွေကိုသာ လေ့လာမှတ်သား၍ စိတ်ညစ်ညူးဖွယ်၊ ထိတ်လန့်ဖွယ်ကိစ္စတွေကို နားမထောင်ပါနှင့်။
5. ကိုယ်၀န်စောစောအပ်ပြီး သားဖွားမီးယပ်ဆရာမလမ်းညွှန်ပြောကြားတဲ့အတိုင်း အာဟာရနဲ့ပတ်သက်တဲ့ သတင်း အချက်အလက်တွေ၊ ကိုယ်ဝန်ဆောင်စဉ်မိမိကိုယ်ကို ဂရုစိုက်သင့်တာတွေကို မှတ်သားပါ။
6. သွေးမတိုးအောင် အဆီတွေ၊ အငန်တွေလျှော့စားပါ။ ငပိရည်ရွှဲရွှဲနဲ့ ထမင်းနယ်စားတာမျိုး၊ ဟင်းအနှစ်အဆီတွေအများကြီးနဲ့ နယ်ဖတ်စားသောက်တာမျိုးတွေ လျှော့ပါ။
152

7. ခြေထောက်လေးတွေ ဖောရောင်တာမျိုး၊ မျက်နှာလေးတွေ ဖောရောင်တာမျိုး ရှိ/မရှိ အမြဲ ဂရုတစိုက်ကြည့်ရှုပါ။
8. စစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး အမြဲမေးမြန်းပါ - သွေးစစ်ဆေးခြင်း၊ တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ခြင်း စတဲ့စမ်းသပ်မှုတွေပြုလုပ်တဲ့အခါတိုင်း သိလိုသမျှကို မေးမြန်းဖို့ဝန်မလေးပါနှင့်။
Dr. Thinzar Wynn (www.drmyanmar.com)
















