ဒါတွေကြောင့် ရာသီထိန်တာ..ရာသီမမှန်တာတွေ ဖြစ်တတ်ပါတယ်
1. စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုဟာ တဆင့်ခံဆေးလိပ်ငွေ့ကဲ့သို့ လူကိုအန္တရာယ်ပေးနိုင်ပြီး စိတ်ဖိစီးမှုများချိန်မှာထွက်လာတဲ့ ကော်တီဇောဟော်မုန်း ရာသီမမှန်တာ၊ ရာသီသွေးဆင်းမှုနည်းတာတွေဖြစ်စေနိုင်ပါတယ်။
2. အိပ်ရေးပျက်ခြင်း
တစ်ညတာမှာ ပြည့်ပြည့်၀၀အိပ်စက်အနားမယူခြင်းကြောင့် ရာသီမမှန်ခြင်း၊ ရာသီလာရက်များခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
3. ကော်ဖီအသောက်များခြင်း
ရာသီလာချိန်အတွင်း ကော်ဖီသာမကလက်ဖက်ရည်နဲ့ အခြားသောကဖင်းဓာတ်ပါတဲ့ အချိုရည်တွေအသောက်များခြင်းကြောင့် ရာသီလာရက်နည်းသွားစေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့့ ကဖင်းဓာတ်ကလူကို နိုးကြားစေတယ်၊ ဆီးရွှင်စေတယ်ဆိုပေမယ့် တချို့လူတွေအနေနဲ့ ကော်ဖီသောက်ခြင်းကြောင့် ခေါင်းကိုက်ခြင်းကိုခံစားရစေနိုင်ပါတယ်။ ကဖင်းဓာတ်ပါတဲ့အရည်တွေကိုသောက်တာများသွားတဲ့အခါ နိုးကြားမှုကနေ စိုးရိမ်ပူပန်မှုဆိုတဲ့စိတ်ခံစားချက်အဖြစ်သို့ ပြောင်းလဲသွားစေပါတယ်။ ဒါကြောင့် ပင်ကိုကတည်းကရာသီမလာမီနဲ့ ရာသီလာနေစဉ်အတွင်း ခေါင်းကိုက်ခြင်း၊ စိုးရိမ်ပူပန်ခြင်းကိုခံစားရတတ်သူတွေအနေနဲ့ ကော်ဖီအသောက်များသွားပါက ေ၀ဒနာကိုပိုတိုးပြီး ခံစားရနိုင်ပါတယ်။
4. ခရီးအမြဲထွက်နေသူဖြစ်ခြင်း
ခရီးထွက်တဲ့သူတစ်ယောက်အနေနဲ့ အိပ်စက်ချိန်မမှန်တာ၊ အိပ်ရာထချိန်မမှန်တာတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အိပ်စက်ချိန်မှာထွက်တဲ့ မယ်လတိုနင်ဟော်မုန်းကို ကမောက်ကမဖြစ်စေခြင်းဟာ ရာသီလာခြင်းအပေါ်သက်ရောက်မှုရှိစေတဲ့အပြင်၊ သင့်ခန္ဓာကိုယ်ဟာ သင်သွားတဲ့နေရာဒေသအပေါ်လိုက်ပြီး လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနေထိုင်ရတာကြောင့် ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းညီမျှခြင်းမရှိနိုင်တော့ပါဘူး။ ဒါကြောင့် အမြဲလိုလု်ိခရီးထွက်နေသူအမျိုးသမီးများအနေနဲ့ ရာသီလာချိန်နောက်ကျတာမျိုးနဲ့ကြုံတွေ့ရလေ့ရှိတတ်ပါတယ်။
5. အရက်သောက်ခြင်း
အရက်သောက်ခြင်းကြောင့် ရာသီလာချိန်မှာခံစားရလေ့ရှိတတ်တဲ့ နာကျင်ကိုက်ခဲမှုေ၀ဒနာကို ကြာရှည်စွာခံစားရစေနိုင်ပါတယ်။
6. ၀န်ပိခြင်း
ခန္ဓာကိုယ်ကိုအနားမပေးဘဲ နေ့စဉ်အလုပ်ကိုအဆက်မပြတ်လုပ်ခြင်းကြောင့် လူပန်း၊ စိတ်နွမ်းကာစိတ်ဖိစီးမှုကို ဖြစ်စေပါတယ်။ စိတ်ဖိစီးမှုဟာ ခန္ဓာကိုယ်တွင်းရှိဟော်မုန်းညီမျှချက်ကို ပျက်စီးစေတာကြောင့် အလုပ်တာ၀န်များစွာနဲ့ ၀န်ပိနေသူအမျိုးသမီးများအနေနဲ့ ရာသီမမှန်တာမျိုးကြုံတွေ့ရတတ်ပါတယ်။
7. ဆေးသောက်ရန် ရက်ကျော်သွားခြင်း
တားဆေးသောက်နေသူအမျိုးသမီးများအနေနဲ့ တစ်ကြိမ်ထက်ပိုပြီးဆေးသောက်ဖို့မေ့လျော့သွားတဲ့အခါ ရာသီထိန်သွားတတ်ပါတယ်။ ဒါကြောင့် တားဆေးသောက်နေသူအမျိုးသမီးတွေတိုင်း ဆေးကိုအချိန်မှန်သောက်ဖို့၊ ရက်ကျော်မသွားစေဖို့ အထူးဂရုပြုပေးသင့်ပါတယ်။
CMS (www.drmyanmar.com)
















