ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-1)
Category
အမျိုးသမီးများနှင့်ကျန်းမာရေး
"ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်ကနေ မေးမြန်းလာတဲ့ မေးခွန်းလေးကတော့...
"အထူးကုဆရာဝန်ကြီးရှင့်…
ကျွန်မက မအိပါ။ အသက် 24 နှစ်၊ အိမ်ထောင်သည်ပါ။ ကလေးကမွေးပြီးလို့၂လရှိပါပြီရှင့်။ ၄၅ရက်ပြည့်တော့ ၃လခံတားဆေးထိုးထားပါတယ်။ ခုဆိုထိုးပြီးတာ ၁လ လောက်ရှိသေးတာ ရာသီတွေက အဆက်မပြတ် ဆက်တိုက်လာနေပါတယ်ရှင့်။ ကလေးမယူခင် အရင်ကလဲ ၃လခံတားဆေးထိုးဘူးပါတယ်ရှင့်။ အဲ့တုန်းကလဲ ဒီတိုင်းပဲရာသီသွေးတွေ အဆက်မပြတ်ဆင်းပါတယ်။ ခုလဲအဲ့လိုပဲဖြစ်နေတော့ ဘယ်လိုလုပ်ရမလဲမသိဘူးရှင့်။ အမျိုးသားနဲ့တော့ မွေးပြီးထဲကခုချိန်ထိ အတူမနေသေးပါဘူးရှင့်။ "
















