ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-8)
** သားဥပြွန်ပိတ်ရင် ကလေးရနိုင်ပါသေးလား။ **
ဒီအကြောင်းနဲ့ ပတ်သက်လို့ မေးမြန်းလာတဲ့မေးခွန်းကို သားဖွားနှင့်မီးယပ် အထူးကုဆရာ၀န်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်က Dr Myanmar ကျန်းမာရေး Websiteရဲ့ "ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်မှတဆင့် ဖြေကြားပေးထားပါတယ်။
မေးမြန်းထားတဲ့မေးခွန်းလေးကတော့…
မေးခွန်း (1) ။ ။
ဆရာ မင်္ဂလာပါ သမီး အသက် ၃၂ နှစ်။ နာမည်က မိုးမိုး။ အိမ်ထောင်ရှိပါတယ်။ ကလေးမရသေးလို့ပါ။ အိမ်ထောင်သက်က ၉နှစ်ပါ ဆရာ။ သမီးက သားအိမ်ပြွန်ညာတစ်ဖက်ကပိတ်နေပြီး ဘယ်ဘက်ကရေရှိပြီး ရောင်နေတယ်လို့ပြောပါတယ် ဆရာ။ သမီး ဘာဆက်လုပ်သင့်လဲဆိုတာ လမ်းညွန်ပေးပါဦးဆရာ။ ကလေးရော ရနိုင်ပါသလား ဆရာ။
မေးခွန်း (2) ။ ။
သမီးက ဖြူဖြူသင်းပါ။ အသက် ၃၁နှစ် ရှိပါပြီ။ အိမ်ထောင်သက် ၆ နှစ်ကျော်ပါပြီရှင့်။ ကလေးလိုချင်ပါတယ်။ ဒါပေမယ့် သားဥပြွန်ပိတ်နေပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အကြံဉာဏ်ပေးပါဦး ဆရာရှင့်။ ကျေးဇူးတင်ပါတယ်။
















